ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကစားသမားသစ် ရိုဒရီကို ဘာစီလိုနာ တရားဝင်မိတ်ဆက်

August 19, 2026

ဘာစီလိုနာအသင်းဟာ မန်စီးတီးကနေ ခေါ်ယူလိုက်တဲ့ ရိုဒရီကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်လိုက်ပြီပဲဖြစ်ပါတယ်။

အပြောင်းအရွှေ့အတွက် ဆေးစစ်မှုတွေ အောင်မြင်အပြီးမှာ ရိုဒရီက ဘာစီလိုနာနဲ့ လေးနှစ်သက်တမ်း စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

ရိုဒရီဟာ မန်စီးတီးဆီမှာ ဘောလုံးရာသီ ခုနစ်ရာသီကြာ ကစားသမားဘဝဖြတ်သန်းပြီးတဲ့နောက် ဘာစီလိုနာဆီကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၄ ဒသမ ၅ သန်းနဲ့ ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဆီမှာ ကစားသမားဘဝဖြတ်သန်းခဲ့စဉ်ကာလအတွင်း ရိုဒရီက အသင်းနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဖလား ချန်ပီယံဆု လေးကြိမ်၊ အက်ဖ်အေဖလား ချန်ပီယံဆု နှစ်ကြိမ်၊ ခရာဘောင်းဖလား သုံးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် စပိန်မြေကို ပြန်လာခဲ့တာပါ။ ဘာစီလိုနာနဲ့ လက်တွဲခွင့်ရလို့ အရမ်းပဲ ကျေနပ်မိပါတယ်။ မန်စီးတီးနဲ့အတူ စိတ်လှုပ်ရှားစရာကာလတွေကို ကျွန်တော် ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။ ဒါကတော့ စာမျက်နှာသစ်၊ ကဏ္ဍသစ်ပါပဲ။ ဘာစီလိုနာအတွက် ကျွန်တော် လုပ်ပေးနိုင်စွမ်းသမျှအရာရာကို အကောင်းဆုံးပေးဆပ်သွားမှာပါ”လို့ ရိုဒရီက ပြောသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ ရိုဒရီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီ နှစ်ရာသီတုန်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန် နေခဲ့ရပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံးကစားသမားဆု ရယူနိုင်ခြင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်တဲ့အထိ ပြန်လည်ခြေစွမ်းပြနိုင်ခဲ့ပါတယ်။