Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
· မောတောင်မြို့ အမှတ် ၆ ရွာရှိ စစ်ရှောင်တွေနဲ့ ရဟန်းတွေကို စစ်အာဏာရှင်တပ်ဖမ်းဆီးတဲ့ အခြေအနေ
· ထားဝယ်မြို့နားက ပေါက်တိုင်းရွာမှာ လိုင်စင်မဲ့ဆိုင်ကယ်ဘေးတွဲယာဉ်တွေ စီးခွင့်ပိတ်တဲ့အကြောင်း
· ထားဝယ်ကမ်းနီးငါးဖမ်းလှေတချို့ ပြန်ထွက်လို့ ရေထွက်ကုန်ပစ္စည်းတွေ ဈေးပြန်ကျတဲ့သတင်း
· ရေးမြို့နယ် နှစ်ကရင်ရွာက ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးတဲ့အကြောင်း
· ရေးမှာ ပြည်သူ့စစ်အဖွဲ့က ရေလုပ်သားတွေကိုဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတဲ့ အခြေအနေ
· ဆယ်ကျော်သက် ထိုင်းလူငယ်တွေကို ရိုက်နှက်ခဲ့တဲ့ မြန်မာလူငယ်အုပ်စုကို ဖမ်းမိတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






