ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ငါးဈေးပြန်ကျပြီး ပုစွန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေသည်။
ပြီးခဲ့သည့်သီတင်းပတ် ဧပြီလ ၁၂ ရက်က ငါးဒွန်းခြင်းတစ်ပိဿာ ၂၃,၀၀၀ကျပ်မှ ဧပြီလ ၁၈ ရက်တွင် ၁၈,၀၀၀ကျပ်၊ ပါတူး (ခေါ်) ငါးလုံးတစ်ပိဿာ ၂၂,၀၀၀ကျပ်မှ ၁၈,၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာ ၄၀,၀၀၀ ကျပ်မှ ၃၈,၀၀၀ကျပ်သို့ ဈေးကျသွားသည်ကို တွေ့ရသည်။
ထို့ကြောင့်တစ်ပတ်အတွင်း ငါးဒွန်းခြင်းတစ်ပိဿာလျှင် ၅,၀၀၀ကျပ်၊ ပါတူး(ခေါ်)ငါးလုံးတစ်ပိဿာလျှင် ၄,၀၀၀ကျပ်နှင့် ငါးကွန်းရှပ်တစ်ပိဿာလျှင် ၂,၀၀၀ကျပ်စီ ဈေးပြန်ကျသွားခြင်းဖြစ်သည်။
သို့သော်ပုစွန်ဈေးနှုန်းမှာ ဆက်တက်မြင့်တက်လျှက်ရှိပြီး ယခုသီတင်းပတ်တွင် ပုစွန်ချောကြီးတစ်ပိဿာ ၅,၀၀၀ ကျပ် ဈေးထပ်တက်သွားသည်။
ဧပြီလ ၁၂ ရက်က ပုစွန်ချောကြီး တစ်ပိဿာ ၆၀,၀၀၀ ကျပ်မှ ဧပြီလ ၁၈ ရက်တွင် တစ်ပိဿာ ၆၅,၀၀၀ကျပ်သို့ ဈေးထပ်တက်သွားခြင်းဖြစ်သည်။
ဧပြီလ ပထမပတ်က ပုစွန်ချောကြီးတစ်ပိဿာလျှင် ၅၅,၀၀၀ကျပ်သာ စျေးရှိခဲ့သည်။
ထားဝယ်မြို့၏ အခြေခံစားသုံးကုန်ဈေးကွက်တွင် ယခုသီတင်းပတ်၌ ဆန်နှင့် စားဖိုဆောင်သီးနှံများမှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။










