ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီဈေးကျပြီး ငရုတ်သီးခြောက် ဈေးပြန်ကျလာသည်။
ပြီးခဲ့သည့် သီတင်းပတ် မေလ ၁၀ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၃၂၀၀ကျပ်စျေးရှိရာမှ မေလ ၁၆ ရက်တွင် ၃၅၀၀ကျပ် ဖြစ်လာပြီး တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၃၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
ငရုတ်သီးခြောက်မှာမူ ယခုသီတင်းပတ်အတွင်း တစ်ပိဿာလျှင် ၂၀၀၀ကျပ် ဈေးပြန်ကျလာသည်။
မေလ ၁၀ ရက်က ငရုတ်သီးခြောက်တစ်ပိဿာ ၂၁၀၀၀ ကျပ်စျေးရှိရာမှ မေလ ၁၆ ရက်တွင် ၁၉၀၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။
ဆီနှင့် ကြက်သွန်ဖြူဈေးနှုန်းများမှာ ယခုသီတင်းပတ်အတွင်း ဈေးငြိမ်နေသည်။
သို့သော် အားလူးမှာ ယခုသီတင်းပတ်အတွင်း တစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးပြန်တက်သွားသည်။
ပြီးခဲ့သည့်သီတင်းပတ် မေလ ၁၀ ရက်က ထားဝယ်ဈေးကွက်တွင် အာလူးတစ်ပိဿာ ၅၀၀၀ကျပ်မှ မေလ ၁၆ ရက်တွင်မူ ၅၅၀၀ကျပ်သို့ ဖြစ်လာသည်။
ထားဝယ်ဒေသထွက် ဆန်အမျိုးအစားများမှာ ယခုသီတင်းပတ်အတွင်း ဇယားပါဈေးနှုန်းများအတိုင်း ဈေးမြင့်တက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။









