ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကြက်သားဈေးတက်ပြီး ဝက်သားဈေးကျသည့် ထားဝယ်ဈေးကွက်

May 9, 2026

ထားဝယ်ဈေးကွက်အတွင်း ယခုသီတင်းပတ်အတွင်း ကြက်သားဈေးနှုန်း မြင့်တက်လာပြီး ဝက်သားဈေး ပြန်လည်ကျဆင်းလာသည်။

ပြီးခဲ့သည့် သီတင်းပတ်ဖြစ်သည့် မေလ ၃ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သားတစ်ပိဿာလျှင် ၂၃,၀၀၀ ကျပ် ရှိခဲ့ရာမှ မေလ ၉ ရက်နေ့တွင် ၂၄,၀၀၀ ကျပ် ဖြစ်လာသဖြင့် တစ်ပတ်အတွင်း ကြက်သားတစ်ပိဿာလျှင် ၁,၀၀၀ ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ဝက်သားမှာမူ ယခုသီတင်းပတ်အတွင်း တစ်ပိဿာလျှင် ၃,၀၀၀ ကျပ်ခန့် ဈေးကျသွားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ် မေလ ၃ ရက်နေ့က ထားဝယ်ဈေးကွက်အတွင်း ဝက်သားတစ်ပိဿာလျှင် ၃၅,၀၀၀ ကျပ် ရှိခဲ့သော်လည်း မေလ ၉ ရက်နေ့တွင် ၃၂,၀၀၀ ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။

စားဖိုဆောင်သုံး ပစ္စည်းများဖြစ်သည့် ကြက်သွန်နီမှာလည်း ယခုသီတင်းပတ်၌ တစ်ပိဿာလျှင် ၃၀၀ ကျပ်ခန့် ဈေးပြန်ကျလာသည်။ ပြီးခဲ့သည့် သီတင်းပတ်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၃,၅၀၀ ကျပ် ရှိခဲ့ရာမှ မေလ ၉ ရက်နေ့တွင် ၃,၂၀၀ ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။

ရွှေအပ်ငရုတ်ခြောက်မှာမူ ယခုသီတင်းပတ်အတွင်း တစ်ပိဿာလျှင် ၁,၀၀၀ ကျပ် ဈေးတက်သွားသည်။ မေလ ၃ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ် ရှိရာမှ မေလ ၉ ရက်နေ့တွင် ၂၁,၀၀၀ ကျပ်သို့ ဈေးမြင့်တက်သွားခြင်း ဖြစ်သည်။