Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကော့သောင်းမှာ စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်က တိုက်ခိုက်တဲ့သတင်း
- စစ်အာဏာရှင်တပ်က မောတောင်မြို့ကိုထိန်းချုပ်ပြီးနောက် မြို့ခံတွေကို မြို့ပြင် ထွက်ခွင့်ပိတ်ထားအခြေအနေ
- ကလေးငယ်တွေပါဝင်တဲ့ မောတောင်စစ်ရှောင် ၂၅၀ လောက် အဝတ်အထည် အကူအညီလို နေတဲ့သတင်း
- ဖူးခက်မှာ မြန်မာလုပ်သားအဆောင် မီးလောင်တာကြောင့် သုံးဦးဒဏ်ရာရပြီး ရာနဲ့ချီ အခက်အခဲကြုံနေရတဲ့အကြောင်း
- မြိတ်မှာ ထော်လာဂျီတိမ်းမှောက်လို့ နှစ်ဦးသေပြီး ခုနစ်ဦးဒဏ်ရာရတဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






