Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လောင်းလုံးမြို့နယ် စစ်ပြဲရွာမှာ စစ်အာဏာရှင်တပ်မီးရှို့မှုကြောင့် အိမ်ရှစ်ဆောင်နဲ့ စပါးကျီနှစ်ခုဆုံးရှုံးတဲ့ အခြေအနေ
- ရေဖြူ ဧကနိရွာဝန်းကျင်ကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတဲ့ သတင်း
- ရေးချောင်းဖျားဒေသကို စစ်အာဏာရှင်တပ် ဗုံးကြဲလို့ ခြံလုပ်သား တစ်ဦး သေဆုံးတဲ့ အကြောင်း
- မြန်မာနိုင်ငံက သတ္တုတူးဖော်မှုတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မြစ်ရေညစ်ညမ်းစေတာကို ဖြေရှင်းပေးဖို့ တောင်းဆိုတဲ့ သတင်း
- ထိုင်းတောင်ပိုင်းမှာ မြန်မာအမျိုးသမီးတစ်ဦး အသတ်ခံရတဲ့ အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






