ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သားနှင့် အာလူး ဈေးကျနေသည်။
ပြီးခဲ့သည့်သီတင်းပတ် ဧပြီလ ၂၆ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သားတစ်ပိဿာ ၂၅,၀၀၀ကျပ်နှင့် အာလူး တစ်ပိဿာ ၆,၀၀၀ ကျပ် စျေးရှိသည်။ မေလ ၂ရက်တွင်မူ ကြက်သားတစ်ပိဿာ ၂၃,၀၀၀ကျပ်နှင့် အာလူးတစ်ပိဿာ ၅,၅၀၀ကျပ် ဖြစ်လာသည်။
ထို့ကြောင့် တစ်ပတ်အတွင်း ကြက်သားတစ်ပိဿာလျှင် ၂,၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၅၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။
ဆန်နှင့် ကြက်သွန်ဈေးနှုန်းများမှာ ဇယားပါဈေးနှုန်းများအတိုင်း ယခုသီတင်းပတ်အတွင်း ဈေးငြိမ်နေသည်။
ရေထွက်ကုန်ပစ္စည်းအချို့မှာ ယခုသီတင်းပတ်အတွင်း ဇယားပါဈေးနှုန်းများအတိုင်း အသီးသီးဈေးကျဆင်းလျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။
သို့သော် ငါးမဲလုံးငါးနှင့် ဖိုးထွန်းမဲငါးတို့မှာမူ ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်နေသည်။
ဧပြီ ၂၆ ရက်က ငါးမဲလုံးတစ်ပိဿာ ၁၇,၀၀၀ ကျပ်နှင့် ဖိုးထောမဲငါးတစ်ပိဿာ ၂၃,၀၀၀ ကျပ်တို့မှ မေလ ၂ ရက်နေ့တွင် ငါးမဲလုံးငါးတစ်ပိဿာ ၂၀,၀၀၀ကျပ် နှင့် ဖိုးထောမဲငါးတစ်ပိဿာ ၃၀,၀၀၀ ကျပ်သို့ အသီးသီးဈေးတက်သွားကြသည်။
တစ်ပတ်အတွင်း ငါးမဲလုံးတစ်ပိဿာလျှင် ၃,၀၀၀ ကျပ်နှင့် ဖိုးထွန်းမဲငါး တစ်ပိဿာလျှင် ၇,၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
ထားဝယ်ရေထွက်ကုန်ဈေးကွက်သို့ ယခုသီတင်းပတ်အတွင်း ဖိုးထွန်းမဲနှင့် ငါးမဲလုံးငါးများ အဝင်နည်း၍ ဈေးတက်ခြင်းဖြစ်ကြောင်း ထားဝယ်ရေထွက်ကုန်စျေးကွက်ထံမှ သိရသည်။









