BREAKING
May 11, 2025

သတင်း

မှေးမှိန်နေသည့် ကိုဗစ်ကန့်သတ် ချက်များ

diz_admin

November 17, 2020

ကိုဗစ်ရောဂါ ကူးစက်မှုမြင့်တက်ချိန်က အစိုးရက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များမှာ လက်ရှိတွင် လိုက်နာမှုအားနည်းပြီး မှေးမှိန်နေသည်။ ကိုဗစ်ကပ်ဘေး တားဆီးနိုင်ရေးအတွက် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခြင်းကို စက်တင်ဘာလ ၁၇ ရက်နေ့က တားမြစ်ထားသည်။ လက်ရှိတွင် လက်ဖက်ရည်ဆိုင် အချို့တွင် ဆိုင်ထိုင်စားသောက်သည့်ပုံစံဖြင့် ပေါ်ပေါ်တင်တင်ရောင်းချနေ ကြသည်။ အဆိုပါ စည်းကမ်းချက် စတင်သတ်မှတ်ချိန်က ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကြပ်မတ်မှုများရှိခဲ့သော်လည်း လက်ရှိတွင် အရေးယူဆောင်ရွက်မှု မရှိတော့ပေ။ ယင်းကဲ့သို့ ကိုဗစ်စည်းကမ်း သတ်မှတ်ချက် ဖောက်ဖျက်မှုများကို အရေးယူတားဆီးရန် သက်ဆိုင်ရာ မြို့နယ်စည်ပင်၊ အုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် မြို့နယ်ကိုဗစ်ကော်မတီ များတွင် တာဝန်ရှိကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ “မျက်နှာလိုက်ခြင်း၊ […]

ရန်ကုန်ပြန်များ ပြည်နယ်အတွင်း ဝင်ခွင့်ကို ပြန်ကန့်သတ်

diz_admin

November 17, 2020

မွန်ပြည်နယ်အတွင်းသို့ ရန်ကုန်မှ ပြန်ဝင်လာသူများ ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ကွာရန်တင်းစင်တာများတွင် ထားရှိစောင့်ကြည့်ပြီးမှသာ ပြည်နယ်အတွင်း သွားလာခွင့်ပြုသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ နိုဝင်ဘာ ၈ ရက်နေ့တွင် မဲပြန်ပေး နိုင်ရေးရည်ရွယ်ပြီး ရွေးကောက်ပွဲ မတိုင်ခင်က ရန်ကုန်မှ ပြန်လာသူများကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိကိုသာ စစ်ဆေးပြီး ကွာရန်တင်း မဝင်စေဘဲ နေရပ်ပြန်ရန် ခွင့်ပြုပေးခဲ့သည်။ သို့သော် ရွေးကောက်ပွဲပြီး နိုဝင်ဘာ ၁၀ ရက်နေ့မှစကာ ရန်ကုန်မှ ပြန်ဝင်လာ သူများကို ကွာရန်တင်း ၁၄ ရက် ဝင်ရန် ပြန်ကန့်သတ်လိုက်ခြင်းဖြစ်သည်။ “ရန်ကုန်ပြန်တိုင်းကို ဝင်ခွင့်မပြုဘူး။ တကယ့်အရေးကြီးကိစ္စနဲ့ လာတာကိုပဲ ခွင့်ပြုထားတယ်ဆိုတော့ ပုံမှန် လူတွေဝင်ဖို့တော့ ခက်ခဲနေဦးမယ်” ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ […]

ကိုဗစ်ကြောင့် တစ်နိုင်တစ်ပိုင် ဝါးထရံလုပ်ငန်းများ အထိနာ

diz_admin

November 17, 2020

ရှည်ကြာစွာဖြစ်နေသည့် ကိုဗစ် ကပ်ဘေးကြောင့် တစ်နိုင်တစ်ပိုင် ဝါးထရံ လုပ်ငန်းငယ်များ ထိခိုက်လာနေကြောင်း ယင်းလုပ်ငန်းလုပ်သူများ ထံမှသိရသည်။ မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုအတွင်းရှိ ခုံမော်အရှေ့ရွာ၊ ခုံမော်အနောက်ရွာနှင့် တဂံငယ်ကျေးရွာတွင် ယင်းလုပ်ငန်းအား မိရိုးဖလာ လုပ်ကိုင်နေကြသူ လက်ရှိ အိမ်ခြေ တစ်ရာကျော် ရှိနေသည်။ သို့သော် ကိုဗစ်ကာလအတွင်း ထရံရောင်းအား ထက်ဝက်ကျလာသလို ရရှိသည့်ဈေးနှုန်းသည်လည်း အလားတူ ကျဆင်းလာနေကြောင်း ၎င်းတို့ထံမှသိရသည်။ ကိုဗစ်မဖြစ်မီ ပြီးခဲ့သည့်နှစ်က ထရံတစ်ချပ်ပေါက်ဈေးမှာ ကျပ်နှစ်ထောင် ကျော်ရရှိခဲ့ပြီး ယခုအချိန်တွင် တစ်ထောင့် ငါးရာသာ ကျန်တော့သည်ဟု ထရံရက် လုပ်သူများက ဆိုသည်။ ယင်းအပြင် ကိုဗစ်မဖြစ်မီက မြိတ်မြို့ရှိ ဒိုင်ကြီးများမှ တစ်လလျှင် အနည်းဆုံး သုံးကြိမ်ခန့် မှာယူလေ့ရှိသော်လည်း ယခုအခါ မှာယူမှု ထက်ဝက်နီးပါး ကျဆင်းလာနေသည်ဟု ၎င်းတို့က ပြောပြသည်။ […]

တစ်ယူနစ်ဘယ်လောက်မှန်း မသိဘဲ လျှပ်စစ်သုံးနေရ

diz_admin

November 17, 2020

ထားဝယ်ခရိုင်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလနှင့် ယခုလအတွင်း သုံးစွဲနေသည့် လျှပ်စစ်တစ်ယူနစ်ဈေးနှုန်း မည်မျှကျသင့်သည်ကို မီးသုံးသူများ သိခွင့် မရသေးပေ။ Petro & Trans ကုမ္ပဏီ လုပ်ကိုင်ခွင့်ရချိန်မှ သြဂုတ်လအထိ လျှပ်စစ်တစ် ယူနစ်လျှင် ၂၃၈ ကျပ် ဈေးနှုန်းဖြင့် ကောက်ခံနေရာမှ စက်တင်ဘာလတွင် ၂၁၉ ကျပ်သို့ လျှော့ချကောက်ခံခဲ့သည်။ ထိုဈေးနှုန်းမှာ ကုမ္ပဏီအတွက် နစ်နာနေသည်ဟုဆိုကာ တိုင်းအစိုးရထံ တင်ပြခဲ့သည်။ သို့သော် ယင်းနောက်တွင် ဈေးနှုန်းကို မည်မျှသတ်မှတ်မည်ဆိုသည်ကို ယခုအချိန်အထိ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်မည့် သဘာဝဓာတ်ငွေ့ကို MOGE (မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း)ထံမှ ဝယ်ယူနေရပြီး အဆိုပါ သဘာဝဓာတ် ငွေ့ဖိုးကို အမေရိကန်ဒေါ်လာနှင့်ဝယ် ယူရန်သတ်မှတ်ထားသော်လည်း မြန်မာ ကျပ်ငွေဖြင့်သာ ပေးသွင်းရသည်။ သဘာဝဓာတ်ငွေ့ဖိုး ပေးသွင်းရသည့် ဒေါ်လာငွေလဲလှယ်နှုန်းကို […]

ကျွန်းစုတွင် ရပ်ကျေးကော်မရှင်နှင့် USDP ပါတီတို့ အပြန်အလှန်တိုင်ကြား

diz_admin

November 17, 2020

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကျွဲခရန် ကျေးရွာအုပ်စု၊ ပဲ့တိုင်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်ခိုင်ဖြိုး ပါတီဝင်တို့မှာ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်အမှုဖွင့် တိုင်ကြားထားကြောင်း ကာယကံရှင်တို့ထံမှ သိရသည်။ ပဲ့တိုင်ရွာတွင် အသက် ၆၀ နှစ်နှင့် အထက်ရှိသူတို့အား နိုဝင်ဘာလ ၃၀ ရက်နေ့မှစပြီး ကြိုတင်မဲကောက်ယူခဲ့ရာ နိုဝင်ဘာလ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ဝင် အမျိုးသမီးတစ်ဦးက မဲပုံးရှိ လုံခြုံရေးချိပ်ကြိုးများ ဖြတ်တောက် ဖွင့်ဖောက်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုး ပါတီ၏ မဲရုံကိုယ်စားလှယ် ဦးအုန်းကြိုင် က သဇင်နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုင်ကြားချက်အပေါ် ကော်မရှင်ဝင်အမျိုးသမီးအား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉(င)ဖြင့် နိုဝင်ဘာလ ၃ ရက်နေ့က အမှုဖွင့် ဆောင်ရွက်ထားကြောင်း သဇင်နယ်မြေရဲစခန်း စခန်းမှူး […]

ကော့သောင်း လျှပ်စစ်တင်ဒါဖွင့်ပွဲ

diz_admin

November 17, 2020

ကော့သောင်းမြို့နယ်၊ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းအတွက် တင်ဒါဖွင့်ပွဲကို ထားဝယ်မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။ အဆိုပါလုပ်ငန်းအတွက် လက်ရှိ ထားဝယ်နှင့် မြိတ်တွင် လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့်ရထားသည့် Petro&Trans ကုမ္ပဏီအပါအဝင် ကုမ္ပဏီ ခြောက်ခုဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ Southern Coastline Group၊ ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီ၊ KDDPC၊ Petro &Trans၊ Astro Worldနှင့် Siam Energy Seven ကုမ္ပဏီတို့ဖြစ်သည်။ လက်ရှိတင်ဒါဖွင့်ပွဲမှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်တင်ဒါဖွင့်စဥ်က ဝင်ပြိုင်သည့်ကုမ္ပဏီများမှာ သတ်မှတ်ချက်အချို့ မပြည့်မီသည့်အတွက် ဖျက်သိမ်းခဲ့သည်။ မည်သည့်ကုမ္ပဏီက တင်ဒါအောင်မည်ဆိုသည်ကိုမူ လတ်တလောတွင် သိရဦးမည်မဟုတ်သေးပေ။

ရန်ကုန်မှပြန်ရန် စာရင်းပေးထားသူအချို့ ထားဝယ်သို့ ခိုးဝင်နေ

diz_admin

November 17, 2020

ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တွင် သောင်တင်နေသည့်အတွက် ထားဝယ်ပြန်ရန် စာရင်းပေးသွင်းထားသူအချို့ ထားဝယ်မြို့သို့ ခိုးဝင်ပြီ းပြန်ရောက်နေသည်ကို တွေ့ရကြောင်း ကိုဗစ်ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။ အဆိုပါ အထောက်အကူပြုအဖွဲ့က ပြီးခဲ့သည့်လမှစတင်ကာ ရန်ကုန်တွင်သောင်တင်နေသူများ ပြန်ခေါ်နိုင်ရေး စာရင်းကောက်ခံနေသည်။ထိုသို့ကောက်ခံရာတွင် သောင်တင်နေသူ ၂၇၀ ဦး စာရင်းပေးထားပြီး ၎င်းတို့၏ ဖုန်းနံပါတ်များပေးထားကြသည်။ လက်ရှိတွင် ပြန်ခေါ်နိုင်ရေးအတွက် အဆိုဖုန်းများကို ပြန်လည်ဆက်သွယ်ရာ ထားဝယ်မြို့သို့ ပြန်ရောက်နေသူများရှိသကဲ့သို့ ရန်ကုန်-ထားဝယ်လမ်းပေါ်တွင် ရောက်ရှိနေသူများလည်းရှိနေသည်ကို တွေ့ရကြောင်း ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။ “ထားဝယ်ကိုရောက်နေတဲ့ သူတွေကို သွားတွေ့ရတယ်။ နောက်ပြီး ဒီနေ့ကားနဲ့ ဆင်းလာနေသူတွေရှိတာ တွေ့ရတယ်” ဟု ၎င်းက ပြောသည်။ယင်းကဲ့သို့ လာရောက်ပြီး သတ်မှတ်ရက်အတိုင်း ကွာရန်တင်းမဝင်ကြသည်ကို တွေ့ရကြောင်း […]

ပါကေးငါး ဆင်းတူးရာ အောက်ဆီဂျင် ပြတ်သဖြင့် နှစ်ဦးသေဆုံး

diz_admin

November 16, 2020

မြိတ်မြို့၊ ကျောက်ဖျာကျေးရွာအုပ်စုအတွင်းရှိ ငါးသေတ္တာ(ငါးစည်)စက်ရုံရှိ ငါးအမှုန့်ကြိတ်စက်တံတားတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က ပါကေးငါးဆင်းတူးသည့် ငါးဦးမှာ အောက်ဆီဂျင်ပြတ်လပ်ခဲ့ပြီး ယင်းတို့အနက် နှစ်ဦးသေဆုံးခဲ့ရကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။ စက်ရုံတံတားရှိ လှေဝမ်းအတွင်းတွင် လှေသားတစ်ဦးက ပါကေးငါးများ ဆင်းတူးရာမှ မေ့မျောသဖြင့် ကျန်လှေသား လေးဦးမှ ဆင်းကယ်ရာ ငါဦးစလုံး အောက်ဆီဂျင်ပြတ်ပြီး မေ့လဲခဲ့ရကြောင်း သိရသည်။ အဆိုပါ လှေသားတို့အား ကျန်မာရေးအထောက်အကူပြုယာဉ်တို့ဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာတွင် နှစ်ဦးမှာ သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ ဆေးဝါးကုသမှုခံယူနေရကြောင်း ရဲစခန်းမှ သိရသည်။ “ကျန်သုံးယောက်က ကျန်းမာရေး ပြန်ကောင်းသွားပါပြီ” ဟု မြိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ချိုလွင်က ပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြိတ်မြို့မရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။