ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

ပန်းရောင်ဘတ်နှင့် သတိပြုရမည့် အချက်များ

Dawei Watch

January 8, 2025

ထိုင်းနိုင်ငံတွင်ရှိသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာ ၁၆ ရက်နေ့မှ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ်ပြုလုပ်ရန်အတွက် အမည်စာရင်းတင်သွင်းခွင့် ပြုခဲ့သည်။ ဆေးရုံတွင် သွေးစစ်ခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် (work permit) အတွက် ငွေသွင်းခြင်းများကို ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့မတိုင်ခင် အပြီးလုပ်ရမည်ဖြစ်ပြီး ထိုင်းလဝကတွင် လက်ဗွေနှိပ်ခြင်း အချက်အလက်သွင်းခြင်းများကို ၂၀၂၅ ခုနှစ် ဇွန်လ ၂၈ ရက်နေ့မတိုင်ခင် နောက်ဆုံးထား ပြုလုပ်ကြရမည်ဖြစ်သည်။ အလုပ်လုပ်ခွင့်လက်မှတ် (work permit) ရရှိလာပြီးသူများက ထိုင်းနိုင်ငံအတွင်း ၂၀၂၆ ခုနှစ် မတ်လ ၃၁ နေ့အထိ တရားဝင် နေထိုင်အလုပ်လုပ်ခွင့် ရရှိမည်ဖြစ်သည်။ လက်ရှိတွင် ပန်းရောင်ဘတ်တင်ထားသူများမှာ နာမည်စာရင်း ကျနေကြပြီဖြစ်သော်လည်း […]

လူငယ်တွေ အီးစီးကရက် ဘာလို့သောက်နေကြတာလဲ…

Dawei Watch

January 2, 2025

ဆေးလိပ်ဖြတ်ရန်အတွက် အစားထိုးသောက်သည်ဟုဆိုသော အီးစီးကရက်က လက်ရှိအချိန်တွင် ကျောင်းသားလူငယ်များကြား ရေပန်းစားလာပြီး စတိုင်တစ်ခုအနေဖြင့် သောက်သုံးလာကြသည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ထားဝယ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းသားထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်အထိ ပျံ့နှံ့လာခဲ့သည်။ အပေါင်းအသင်းများအကြား စတိုင်ထုတ်သောက်ကြရာက စွဲစွဲလန်းလန်းဖြစ်သည်အထိ သုံးစွဲလာကြသည်။ ဆေးလိပ်ဖြတ်ရန်ဆိုသည့် Vape (အီးစီးကရက်) တွင် စွဲလန်းစေတတ်သည့် နီကိုတင်းဓာတ်ပါဝင်နေမှုကြောင့် ဆေးလိပ်ပြတ်သွားသော်လည်း Vape ကို မသောက်ရမနေနိုင် စွဲလန်းနေခြင်းဖြစ်ကြောင်း၊ ဆေးလိပ်ကဲ့သို့ပင် အဆုတ်ကို ဒုက္ခပေးနိုင်ကြောင်း ဆရာဝန်များက ဆိုသည်။ နီကိုတင်းဓာတ်က လူငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးခြင်းကို ထိခိုက်စေနိုင်ကြောင်း အီးစီးကရက်က သန္ဓေသားကို ထိခိုက်စေနိုင်သလို ဆယ်ကျော်သက်များ၏ ဦးနှောက်ကို ပျက်စီးစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။ ဆေးလိပ်ဖြတ်ရန်ဆိုသည့် Vape (အီးစီးကရက်) ၏ မူလရည်ရွယ်ချက်ကောင်းသော်လည်း ဆေးလိပ်ကုမ္ပဏီကြီးများက ဆေးရည်တွင် လူကိုစွဲလမ်းစေသည့် နီကိုတင်းများထည့်သွင်းကာ […]

အာဏာရှင်စစ်တပ်ကြောင့် ဗုံးခိုကျင်းက အန္တရာယ်ပိုများနေသလား

Dawei Watch

December 28, 2024

တနင်္သာရီတိုင်းကို နယ်မြေစိုးမိုးရေး ပြန်လည်ရရှိလိုနေသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများ ဆက်တိုက်လုပ်ဆောင်လာသလို ထိုးစစ်ဆင်ချိန်နှင့် ပစ်ကူပေးချိန်များတွင် လက်နက်ကြီး၊ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုအားစိုက်လုပ်ဆောင်လာသည်။ ထိုသို့ ပစ်ကူပေးရာတွင် တိုက်ပွဲဖြစ်ပွားသည့် နယ်မြေအပြင်ဘက်ရှိ လူနေရွာများကိုပါ ရမ်းသမ်းပစ်ခတ်သဖြင့် အရပ်သားထိခိုက် သေဆုံးမှုများလည်း မြင့်တက်နေသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အခြေအနေတွင်ပင် လူထူကို အကြောက်တရားဝင်စေရန် လူနေရွာများအတွင်းသို့ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးချခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်နေသည်။ ယင်းကြောင့်စစ်ကောင်စီ၏ လေကြောင်းရန်နှင့် လက်နက်ကြီးရန်မှ ကာကွယ်နိုင်ရန် ဗုံးခိုကျင်းတူးသင့်ကြောင်း တိုက်တွန်းပြောဆိုမှုများလည်း ကျယ်လောင်လာသည်။ ပြီးခဲ့သည့်ရက်ပိုင်းကပင် တိုက်ပွဲဖြစ်ပွားနေသည့် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက် လာနိုင်သဖြင့် ပြည်သူများဘေးကင်းစေရေး ဗုံးခိုကျင်းအတွင်းနေထိုင်ကြရန် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားသည်။ သို့ရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာချိန်တွင် ဗုံးခိုကျင်းတူးထားသည့် နေအိမ်များကို […]

မာနယ်ပလောဌာနချုပ်ကို ပြန်သိမ်းနိုင်ခြင်းက ဘာကြောင့်အရေးကြီးသလဲ

Dawei Watch

December 20, 2024

(၁) မာနယ်ပလောဌာနချုပ် စခန်းဟောင်းနေရာကို ပြန်သိမ်းပြီ… တစ်ချိန်က KNU- ကရင့်အမျိုးသားအစည်းအရုံး ဌာနချုပ်စခန်း၊ DAB, NUUB တပ်ပေါင်းစုတွေရဲ့ ဌာနချုပ်စခန်း၊ NCG အမျိုးသားညွန့်ပေါင်းအစိုးရ၊ ABSDF- ကျောင်းသားတပ်မတော်ရဲ့ ဌာနချုပ်စခန်းတွေဖြစ်ခဲ့ဖူးတဲ့ မာနယ်ပလောစခန်းဟောင်းနေရာကို ဒီဇင်ဘာလ ၁၆ ရက်မှာ KNU တပ်ပေါင်းစုက ပြန်သိမ်းလိုက်ပြီဆိုတဲ့သတင်းဟာ စာရေးသူကို အတော်ခွန်အားဖြစ်စေပါတယ်။ တကယ်ဆို ဒီလိုသတင်းကြီးမထွက်ခင် လွန်ခဲ့တဲ့သီတင်းပတ်တွေကတည်းက အခုနောက်ဆုံးသိမ်းလိုက်တဲ့ အမှတ် ၃၁၁ အမြောက်တပ်ရင်း၊ ပွိုင့် ၉၁၃ စခန်းကုန်းမတိုင်ခင် စခန်းငယ်တွေဖြစ်တဲ့ ဂယ်‌ဂေါ်ကျိုး ၊ ထီးသေဃိ၊ ထီးထောထ… စတဲ့ စခန်းတွေကို KNU က ဆက်တိုက်သိမ်းနေတာကို သတိထားမိပါတယ်။ ဒါပေမဲ့ KNLA တပ်မဟာ ၇ နဲ့ KNDO တို့ က […]

NUG တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားနှင့် မေးမြန်းချက်

Dawei Watch

December 18, 2024

ဒေါင်းနက်အဖွဲ့ဝင်များကို ကျွန်းစုပကဖ ဖမ်းဆီးသွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံနှင့် တွေ့ဆုံမေးမြန်းထားချက်ကို ဖော်ပြလိုက်ပါသည်။ ကျွန်းစုမြို့နယ်အတွင်းလှုပ်ရှားနေသည့် ဒေါင်းနက် (Black Peacock) အဖွဲ့ဝင် ၄ ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောဆိုထားသည်။ အဆိုပါ ဒေါင်းနက်အဖွဲ့သည် ‌ကျွန်းစုမြို့နယ်အတွင်း‌ရှိ လုပ်ငန်းရှင်အချို့နှင့် ကုန်သည်အချို့ကို သတ်ဖြတ်မည်ဆိုသည့် ခြိမ်းခြောက်စာများ ပေးပို့နေ‌သည့်အဖွဲ့ဖြစ်၍ ယင်းသို့ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းများထွက်နေသည်။ တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားကမူ ဒေါင်းနက်အဖွဲ့ဝင်အချို့ကို ကျွန်းစုမြို့နယ် ပကဖ အဖွဲ့၏ အောက်ခြေရဲဘော်များက နားလည်မှုလွဲမှားကာ ဖမ်းဆီးခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။ ယင်းကြောင့်ဒေါင်းနက်အဖွဲ့ကိစ္စနှင့် ပတ်သက်၍ တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားအား မေးမြန်းထားချက်များကို ပြန်လည်ဖော်ပြလိုက်သည်။ နားလည်မှုလွဲပြီးဖမ်းတာ ကျွန်းစုပကဖဆီကနေ လွှဲပြောင်းယူခဲ့တာမဟုတ်ဘူး။အဲဒီဒေါင်းနက်အဖွဲ့ကို ကျွန်တော်ခေါ်လိုက်တာ။ဘာကြောင့်လဲဆိုရင် ကျွန်းစုပကဖ […]

ဘတ်ဖွင့်ပြီ သို့သော်…

Dawei Watch

December 16, 2024

ထိုင်းနိုင်ငံအတွင်းရောက်နေသည့် တရားမဝင်မြန်မာလုပ်သားများကို တရားဝင်အလုပ်လုပ်ခွင့် အထောက်အထား (ပန်းရောင်ကတ်-ဘတ်) လုပ်ပေးမည်ဟု ထိုင်းအစိုးရက ကြေညာလိုက်သည်။ အထောက်အထားမဲ့ မြန်မာလုပ်သားများအနေဖြင့် ဒီဇင်ဘာလ ၁၆ ရက်မှစကာ ၃၀ ရက်နေ့အထိ အမည်စာရင်း(Name List)တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။ ထိုသို့ အမည်စာရင်းတင်သွင်းပြီးပါက အချိန်ဇယားအလိုက် လုပ်ဆောင်ရမည့်အဆင့်ဆင့်ကိုလည်းဖော်ပြထားသည်။ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ ရွှေ့ပြောင်းလုပ်သားများကို တရားဝင်အထောက်အထားလုပ်ခွင့်ပေး မည်ဟု သတင်းထွက်ကတည်းက ဝန်ဆောင်မှုပေးသည့် ပွဲစားများက ကျသင့်မည့်ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ကာ အပြိုင်အဆိုင် ကြော်ငြာထားကြသည်။ ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် လုပ်ငန်းစဉ်အားလုံးအတွက် ဘတ်တစ်သောင်းခွဲဝန်းကျင်မှ ဘတ်ခုနစ်ထောင်အထိ အမျိုးမျိုးကြော်ငြာထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲနှင့် အဓမ္မစစ်မှုထမ်းစနစ်ကြောင့် နိုင်ငံသားအများအပြား အိမ်နီးချင်းထိုင်းနိုင်ငံကို အလုံးအရင်းထွက်ပြေးတိမ်းရှောင်လာကြသည်။ ကုလသမဂ္ဂ ရွှေ့ပြောင်းလုပ်သားဆိုင်ရာနိုင်ငံတကာအဖွဲ့ (IOM) ၏ ခန့်မှန်းချက်အရ ထိုင်းတွင် မြန်မာလုပ်သား […]

စပါးရိတ်ချိန် တောင်သူတွေ ဘာကြုံနေရလဲ

Dawei Watch

December 4, 2024

သွင်းအားစုစျေးကြီးနေသလို ပဋိပက္ခတွေကြောင့် ဘေးအန္တရာယ်မျိုးစုံကြားတွင် ခက်ခက်ခဲခဲ စိုက်ပျိုးခဲ့ကြရသည့် စပါးများရင့်မှည့်လာသဖြင့် ရိတ်သိမ်းချိန်ရောက်လာပြီဖြစ်သည်။ သို့သော် တနင်္သာရီတိုင်းမှ တောင်သူများမှာ စပါရိတ်သိမ်းချိန် ကြုံတွေ့နေရသည့် အခက်အခဲများကြောင့် သောကရောက်နေကြရသည်။ အချို့ဒေသများတွင် ရာသီဥတုနှင့် ပိုးဖျက်သဖြင့် စပါးအထွက်နည်းနေသလို ဒေသအချို့တွင်တော့ နယ်မြေမအေးချမ်းမှုကြောင့် လယ်ထဲဆင်းစပါးရိတ်ရန် ခက်ခဲနေကြသည်။ အချို့ဒေသများတွင်တော့ လတ်တလော နယ်မြေအေးချမ်းသဖြင့် စပါးရိတ်သိမ်းနိုင်ကြသော်လည်း သိုလှောင်ရေး အခက်အခဲ ကြုံကြရပြန်သည်။ သိုလှောင်ထားပါက စစ်ကြောင်းဝင်ချိန်နှင့်တိုးလျှင် မီးရှို့ဖျက်ဆီးခံရသည်မျိုး ကြုံနိုင်သလို ယူဆောင်သွားမည့် ဘေးကလည်း ရှိနေသည်။ ယင်းကြောင့် တောင်သူများမှာ စပါးမလှောင်ရဲကြသဖြင့် ထုတ်ရောင်းမည်ဆိုပါကလည်း စပါးစျေးကောင်း မရနိုင်မည့် အခြေအနေရှိနေသည်။ ယင်းကြောင့် တနင်္သာရီတိုင်းအတွင်းမှ လယ်စိုက်တောင်သူများ စပါးရိတ်သိမ်းချိန် ကြုံတွေ့နေရသည့် အခြေအနေများကို သိရှိစေရန် မေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ်တွင် ဖော်ပြပေးလိုက်ပါသည်။ “ဦးတို့ရွာမှာက […]

ဟဲလို …. ဒီဇင်ဘာ

Dawei Watch

November 30, 2024

လာမဲ့ ၂၀၂၅ နှစ်သစ်အတွက် ကြိုတင်နှုတ်ဆက်ရင်း တနင်္သာရီရဲ့ စစ်ရေးအ‌ရွေ့ကို ခန့်မှန်း သုံးသပ်ကြရအောင်ပါ။ လက်ရှိ တရုတ်ရဲ့ ဖိအားဟာ အခုကနေ လာမဲ့ နှစ်အတွင်း ရှမ်းမြောက်စစ်မျက်နှာရဲ့ စစ်ရှိန်ကို လျော့ချသလို တောင်ပိုင်းရဲ့ စစ်ရှိန်ကိုလဲ လျော့ကျစေမှာပါ။ ၂၀၂၅ မှာ မြောက်ပိုင်းက ဝ၊ ကိုးကန့်၊ တအောင်း အဖွဲ့တွေအပေါ် တရုတ်ဖိအားနဲ့ စွက်ဖက်မှုက စစ်ဆင်ရေးအပြင် လက်နက်ကန့်သတ် ထိန်းချုပ်မှုတွေအထိ ပိုလုပ်လာမဲ့နှစ် ဆိုတော့ ကျည်တစ်တောင့်ချင်း ဝယ်ပြီး တိုက်နေရတဲ့ တောင်ပိုင်းစစ်မျက်နှာမှာ (၁၀၂၇) စစ်ဆင်ရေးလို မဟာဗျူဟာမြောက် ထိုးစစ်တွေ ပေါ်လာဖို့ဆိုတာ ဝေးပါ သေး တယ်။ ဒီလောက်ဆိုရင်ပဲ လာမဲ့နှစ် တနင်္သာရီရဲ့ စစ်ရေးအရွေ့ကို အေမီစျာန်လို ကြိုသိနိုင်ပါပြီ။ ဒါတင်ပဲသေးလား ဆိုတော့ မကသေးပါဘူး။ […]