ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမြင်

ထိုင်းက ဖမ်းဆီးခံ မြန်မာတွေ စစ်ကောင်စီလက်ထဲ ပြန်ပို့မခံရဖို့

Dawei Watch

March 10, 2025

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ဖြစ်နေတဲ့ ပဋိပက္ခ၊ တိုက်ပွဲနဲ့ အဓမ္မစစ်မှုထမ်းစနစ်ကြောင့် မြန်မာနိုင်ငံသားတွေက အိမ်နီးချင်းထိုင်းနိုင်ငံထဲ အလုံးအရင်းနဲ့ ပြောင်းရွှေ့ဝင်ရောက်လာကြပါတယ်။ ဒီလို တရားမဝင် ဝင်ရောက်လာချိန်အဖမ်းခံရသူ အများအပြားရှိသလို လုပ်ငန်းခွင်အတွင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးတာအပြင် အခြားပြစ်မှုအမျိုးမျိုးနဲ့ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေလည်း ဆက်တိုက်ရှိနေပါတယ်။ ဒီလို ဖမ်းဆီးပြီး ဥပဒေအရ အရေးယူအပြစ်ပေးခံရပြီးသူတွေကို ထိုင်းအစိုးရက မြန်မာစစ်ကောင်စီဘက်ကို တောက်လျှောက် ပြန်လွှဲနေပါတယ်။ တစ်ဘက်မှာလည်း ထိုင်းနိုင်ငံက ပြန်ပို့သူတွေကို မြန်မာစစ်ကောင်စီက တပ်သားသစ်အဖြစ် အဓမ္မစုဆောင်းပြီး စစ်သင်တန်းကျောင်းတွေကို ဆက်တိုက်ပို့ဆောင်နေပါတယ်။ ဒါကြောင့်မို့ ထိုင်းနိုင်ငံထဲအဖမ်းခံရပြီး မြန်မာဘက်ခြမ်းကို ပြန်မပို့အောင် ဥပဒေအရ ဘယ်လိုခုခံချေပလို့ရလဲ။ ဘယ်လိုအခွင့်အရေးတွေ တောင်းဆိုပိုင်ခွင့်ရှိလဲ။ ဒါတွေကို သိရှိနိုင်ဖို့အတွက် ထိုင်းနိုင်ငံအခြေစိုက် PEACE RIGHT FOUNDATION က ထိုင်းနိုင်ငံသား အကြီးတန်းရှေ့နေ Chatchai Amornlerdwattana […]

လေးနှစ်သားတော်လှန်ရေးခရီး လမ်းမှန်လျှောက်နေဆဲလား (အပိုင်း ၃)

Dawei Watch

March 5, 2025

အာဏာသိမ်းကာလ လေးနှစ်ကျော်လာချိန်တွင် စစ်အာဏာရှင် တော်လှန်ရေးအားကောင်းလာပြီး နိုင်ငံတစ်ဝန်းရှိ မြို့ ၉၀ကျော်အပါအဝင် နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုများ သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသော်လည်း စုစည်းညီညွတ်မှုအားနည်းခြင်း၊ ဘုံသဘောတူညီချက်များ ချမှတ်နိုင်မှုအားနည်းခြင်း စသဖြင့် တော်လှန်ရေးခရီးမှာ မျှော်မှန်းထားသလောက် မရွေ့ဟု အားမလိုအားမရအသံများ ညံလာသည်။ အချို့နေရာများတွင် တစ်နယ်တစ်ဗိုလ် ပုံစံဖြစ်နေပြီး အာဏာရှင်အသေးစားများသဖွယ်ပင် ဖြစ်လာသည်ဟု ဝေဖန်သံများ ထွက်လာပြီး တော်လှန်ရေးလမ်းကြောင်း သွေဖည်လာကြောင်းလည်း လူထုအောင့်လုံးများ ပေါက်ထွက်နေကြသည်။ ထို့ကြောင့် တော်လှန်ရေးအရွေ့ မည်သို့ရှိနေသည်၊ တော်လှန်ရေး ခရီးပေါက်ရန် မည်သည့်အရေးအရာတို့ကို အရေးတကြီး ပြုပြင်ရမည် စသည်တို့နှင့်ပတ်သက်၍ အာဏာရှင်တော်လှန်ရေးခရီးအတွင်း လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံရေး၊ ထောက်ပို့၊ စစ်ဘေးရှောင်ကူညီရေး၊ လူထုလှုပ်ရှားမှုစသည့် ကျရာကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များကို မေးမြန်းထားသည်။ ယခုသီတင်းပတ်တွင် လူထုလှုပ်ရှားမှု၊ တော်လှန်ရေးတပ်နှင့် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တို့ကို […]

ဥယျာဥ်မှူးဋီကာ

Dawei Watch

March 1, 2025

စစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ သူကဘာပြောသလဲ ဆိုတော့ “နိုင်ငံကို ပျက်စီးအောင် အဖျက်သမားစိတ်ဓာတ်ရှိတဲ့ နိုင်ငံသားတွေက အရိပ်နေနေ အခက်ချိုးချိုး လုပ်နေကြလို့ နိုင်ငံအခုလိုဖြစ်နေတာဖြစ်တယ်”လို့ ပြောပါတယ်။ သေချာပြန်စဥ်းစားကြည့်မယ်ဆိုရင် အရိပ်နေနေ အခက်ချိုးချိုးလို့ဆိုရအောင် စစ်ကောင်စီတပ်ဟာ ပြည်သူတွေအပေါ်မှာ ဘာအရိပ်များ ပေးနေနိုင်လို့ပါလိမ့်။ လွတ်လပ်ရေးအတွက် နယ်ချဲ့ဖက်ဆစ်တွေကိုတွန်းလှန်တိုက်ခိုက်ဖို့ ကျနော်တို့ဘိုးဘေးတွေ စိုက်ပျိုးခဲ့တဲ့ မြန်မာ့တပ်မတော်ဆိုတဲ့အပင်ဟာ အခုချိန်မှာ အရိပ်မပေးနိုင်တော့တဲ့အပြင် ပြည်သူတွေကို ပြန်ပြီးတော့တောင် ဒုက္ခပေးနေပြီမဟုတ်ပါလား။ ဒီတော့ ပြည်သူတွေဟာ ဘာမှအသုံးမကျတော့တဲ့အပြင် ပြန်ပြီးဒုက္ခပေးနေပြီဖြစ်တဲ့ ဒီသစ်ပင်အို၊ သစ်ပင်ဆွေးကြီးကို အမြစ်ပါလှန်ကြပြီပေါ့။ စစ်အာဏာသိမ်း ကတည်းကစလို့ နိုင်ငံဟာ အဘက်ဘက်မှာ ကပ်ဆိုက်နေပြီး အများစုက ပြည်ပနိုင်ငံဆိုတဲ့ အခြားသစ်ပင်တွေမှာ သွားမှီခိုနေကြရတယ်။ ပြီးတော့ အရိပ်ပဲနေနေ၊ အခက်ပဲချိုးချိုး၊ အသီးပဲခူးခူး၊ ပန်းပဲခူးခူး ဒါဟာ သစ်ပင်ကိုစိုက်ပျိုးခဲ့တဲ့ ဥယျာဥ်မှူးရဲ့အလိုဆန္ဒပါလေ။ […]

ကရင်နဲ့ မွန်နယ်မြေခွဲဝေမှုကြားက တနင်္သာရီပြတ်ရွေ့

Dawei Watch

February 23, 2025

ကစယ်ဒို ‘ကျား’ အထူးတပ်ဖွဲ့ ဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေပြီး မနေ့ည ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အသိပေးကြေညာချက် တစ်စောင်ကိုထုတ်ပြန်လာခဲ့ပါတယ်။ ဒီအသိပေးကြေညာချက်နဲ့ပတ်သက်ပြီး လူထုကြားမှာ ဝေဖန်စရာဖြစ်လာတာက ကြေညာချက်ပါ နံပတ် ၃ အချက်ကြောင့်ဖြစ်ပါတယ်။ ကစယ်ဒိုမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း NUG ရဲ့အုပ်ချုပ်ရေးယန္တရားတွေကို မဆောင်ရွက်ဖို့ တားမြစ်ထားတဲ့ အချက်ဖြစ်ပါတယ်။ ကစယ်ဒိုမြို့နယ်ဆိုတာ ဘယ်ဒေသတွေကိုဆိုလိုတာပါလဲ။ ဒါကိုနားလည်နိုင်ဖို့ဆိုရင် ကျွန်တော်တို့အနေနဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ အုပ်ချုပ်မှုနယ်မြေခွဲဝေမှုကို အရင်သိဖို့လိုအပ်ပါတယ်။ အာဏာရှင် ဦးနေဝင်းလက်ထက်ကစလို့ ထားဝယ်ခရိုင်ရဲ့ အုပ်ချုပ်မှုနယ်မြေမှာ ထားဝယ်ခရိုင်ကို ရေဖြူ၊ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းဆိုပြီး မြို့နယ်လေးခုနဲ့ ခွဲခြားသတ်မှတ် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီလိုပဲ KNU မှာလည်း မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေနဲ့ပတ်သက်ပြီး အုပ်ချုပ်မှုနယ်မြေ သတ်မှတ်ထားတာရှိပါတယ်။ KNU ရဲ့နယ်မြေခွဲဝေမှုအရ ထားဝယ်ခရိုင်မှာ […]

လေးနှစ်သားတော်လှန်ရေးခရီး လမ်းမှန်လျှောက်နေဆဲလား (အပိုင်း ၂)

Dawei Watch

February 23, 2025

အာဏာသိမ်းကာလ လေးနှစ်ကျော်လာချိန်တွင် စစ်အာဏာရှင် တော်လှန်ရေးအားကောင်းလာပြီး နိုင်ငံတစ်ဝန်းရှိ မြို့ ၉၀ကျော်အပါအဝင် နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုတွေ သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသော်လည်း စုစည်းညီညွတ်မှုအားနည်းခြင်း၊ ဘုံသဘောတူညီချက်များ ချမှတ်နိုင်မှုအားနည်းခြင်း စသဖြင့် တော်လှန်ရေးခရီးမှာ မျှော်မှန်းထားသလောက် မရွေ့ဟု အားမလိုအားမရအသံများ ညံလာသည်။ အချို့နေရာများတွက် တစ်နယ်တစ်ဗိုလ် ပုံစံဖြစ်နေပြီး အာဏာရှင်အသေးစားများသဖွယ်ပင် ဖြစ်လာသည်ဟု ဝေဖန်သံများ ထွက်လာပြီး တော်လှန်ရေး လမ်းကြောင်း သွေဖည်လာကြောင်းလည်း လူထုအောင့်လုံးများ ပေါက်ထွက်နေကြသည်။ ထို့ကြောင့် တော်လှန်ရေးအရွေ့ မည်သို့ရှိနေသည်၊ တော်လှန်ရေး ခရီးပေါက်ရန် မည်သည့်အရေးအရာတို့ကို အရေးတကြီး ပြုပြင်ရမည် စသည်တို့နှင့်ပတ်သက်၍ အာဏာရှင်တော်လှန်ရေးခရီးအတွင်း လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံရေး၊ ထောက်ပို့၊ စစ်ဘေးရှောင်ကူညီရေး၊ လူထုလှုပ်ရှားမှုစသည့် ကျရာကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များကို မေးမြန်းထားသည်။ ယခုသီတင်းပတ်တွင် စစ်ဒေသ၊ ကွန်ပျူတာတက္ကသိုလ် […]

စစ်ခေါင်းဆောင် ရွေးကောက်ပွဲ လုပ်မှာလား၊ လုပ်ရဲလား

Dawei Watch

February 15, 2025

၂၀၂၅ ခုနှစ် ဝင်လာချိန် စစ်ဘောင်ကျယ်နေတဲ့ တိုင်းပြည်မှာ တချို့တွေမျှော်တဲ့ လေပြေညှင်းလေး ရောက်လာပါတယ်။ စစ်ကောင်စီရဲ့ အာဏာသိမ်း အကြောင်းပြချက်၊ ပြည်တွင်းအင်အားစုတချို့ ဝိုးတဝါးမျှော်တဲ့ ရွေးကောက်ပွဲ ဆိုတာပါ။ ‘လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ကျင်းပမယ်’ ဆိုတဲ့ စစ်ကောင်စီရဲ့ ငါးစာလို ကတိဟာ ခြောက်လတစ်ကြိမ် သက်တမ်းတိုး ရစ်သမ်အတိုင်း ပေါ်ချည်မြုပ်ချည်နဲ့ ဆယ်စုနှစ် တစ်ဝက်ကျိုးပါတော့မယ်။ လက်နက်ကိုင်တော်လှန်ရေးကို မရွေးဘဲ နိုင်ငံရေးလမ်းကို ရွေးထားသူတွေ အတွက် ဘယ်လို အကြောင်းပြချက်၊ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရပါစေ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတာက မျှော်ချင်စရာပါ။ စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲ ကတိစကားက သေချာပေါက်ဆိုပြီး ကံသေကံမ မပြောနိုင်ပါဘူး။ အဲဒါထက်တော့ နိမ့်ပါတယ်။ မဲမသမာမှုအကြောင်းပြ အာဏာသိမ်းခဲ့တာဖြစ်လို့ ဒါကိုချေဖျက်ဖို့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတာက […]

လေးနှစ်သားတော်လှန်ရေးခရီး လမ်းမှန်လျှောက်နေဆဲလား (အပိုင်း ၁)

Dawei Watch

February 15, 2025

အာဏာသိမ်းကာလ လေးနှစ်ကျော်လာချိန်တွင် စစ်အာဏာရှင် တော်လှန်ရေးအားကောင်းလာပြီး နိုင်ငံတစ်ဝန်းရှိ မြို့ ၉၀ကျော် အပါအဝင် နယ်မြေအများအပြားကို တော်လှန်ရေးအင်အားစုတွေ သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေး အားကောင်းလာသော်လည်း စုစည်းညီညွတ်မှုအားနည်းခြင်း၊ ဘုံသဘောတူညီချက်များ ချမှတ်နိုင်မှုအားနည်းခြင်း စသဖြင့် တော်လှန်ရေးခရီးမှာ မျှော်မှန်းထားသလောက် မရွေ့ဟု အားမလိုအားမရအသံများ ညံလာသည်။ အချို့နေရာများတွက် တစ်နယ်တစ်ဗိုလ် ပုံစံဖြစ်နေပြီး အာဏာရှင်အသေးစားများသဖွယ်ပင် ဖြစ်လာသည်ဟု ဝေဖန်သံများ ထွက်လာပြီး တော်လှန်ရေး လမ်းကြောင်း သွေဖည်လာကြောင်းလည်း လူထုအောင့်လုံးများ ပေါက်ထွက်နေကြသည်။ ထို့ကြောင့် တော်လှန်ရေးအရွေ့ မည်သို့ရှိနေသည်၊ တော်လှန်ရေး ခရီးပေါက်ရန် မည်သည့်အရေးအရာတို့ကို အရေးတကြီး ပြုပြင်ရမည် စသည်တို့နှင့်ပတ်သက်၍ အာဏာရှင်တော်လှန်ရေးခရီးအတွင်း လက်နက်ကိုင်တော်လှန်ရေး၊ နိုင်ငံရေး၊ ထောက်ပို့၊ စစ်ဘေးရှောင်ကူညီရေး၊ လူထုလှုပ်ရှားမှုစသည့် ကျရာကဏ္ဍတွင် ပါဝင်ထမ်းဆောင်နေကြသည့် ပုဂ္ဂိုလ်များကို မေးမြန်းထားသည်။ ယခုသီတင်းပတ်တွင် စစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ […]

အကြင်နာနိုင်ငံရေး

Dawei Watch

February 10, 2025

၂၀၂၅ နှစ်သစ်သည် နိုင်ငံရေးအရှုပ်အထွေးများနှင့် ယင်း၏ ဂယက်ရိုက်ခတ်များမှုများဖြင့် စတင်လိုက်သည်။ ကမ္ဘာကြီးကိုကြည့်လိုက်သောအခါ ကန်သမ္မတ၏ အမိန့်အသစ်များ၊ လုပ်ဆောင်မှုအသစ်များကြောင့် နိုင်ငံ ကြီးများအပါအဝင် ကမ္ဘာ့နေရာအနှံ့ အနည်းနှင့်အများဆိုသလို စိုးရိမ်သောကများဖြင့် ညံစီနေသည်။ စစ်ပွဲများနှင့် ပဋိပက္ခများပြည့်နှင့်နေပြီးဖြစ်သော မြန်မာပြည်သူများအတွက်ကား ဆိုဖွယ်ရာမရှိတော့ပြီ။ ဤသို့သော အခြေအနေကြီးတွင် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း ငါ့နိုင်ငံ၊ ငါ့ဒေသ၊ ငါ့အကျိုးစီးပွား ဆိုသော ခေါင်းစဉ် အမျိုးမျိုးဖြင့် လူနှင်လှိုင်းများ၊ အဖမ်းအဆီး နှိပ်ကွပ်မှုများများ၊ ဖိအားပေးခြိမ်းခြောက်မှုများ၊ ရန်လိုမှုများဖြင့် ပြည့်လာနေကြောင်း သတင်းများတွင် စိတ်မချမ်းမြေ့ဖွယ်မြင်တွေ့ကြရသည်။ ကမ္ဘာကြီးတွင် အကြင်နာမေတ္တာ တရားပါးလျ လာကြပြီလားဟူ၍ တွေးမိသည်။ တဆက်တည်းတွင်ပင် အကြင်နာနိုင်ငံရေး ခေါင်းဆောင်ဟု အမည်တပ်ခံခဲ့ရသူ တဦးကို သတိရမိသည်။ သူသည်ကား အလုပ်သမားပါတီ၏ခေါင်းဆောင်ဖြစ်ကာ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်ဆက်တိုက် တာဝန်ယူခဲ့ရသူ၊ သူ့နိုင်ငံတွင် […]