အငတ်ဘေးဆိုက်မှာ စိုးရိမ်နေရသည့် တနင်္သာရီစစ်ရှောင်များ
Dawei Watch
March 31, 2026အာဏာသိမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည့် အထွေထွေအကျပ်အတည်းနှင့် စစ်ဘေးဒဏ်ကို ခံစားနေကြရသည့် တောင်ပိုင်းသားများမှာ စက်သုံးဆီဂယက်ကိုပါ ထပ်ဆင့်ခံစားလာကြရသည်။ အိုးမကွာအိမ်မကွာနေထိုင်သူများပင် စက်သုံးဆီဂယက်ဒဏ်ကို အလူးအလဲခံနေရချိန်တွင် အိုးအိမ်ပစ်ပြီး တောတောင်များနှင့် အခြားမြို့ရွာများတွင် နေထိုင်ကြရသည့် စစ်ရှောင်ပြည်သူများမှာ ခက်ခဲကျပ်တည်းမှုကို ပိုခံနေရသည်။ ဖေဖော်ဝါရီလစာရင်းအရ တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် ကိုးသောင်းနီးပါးရှိနေရာ အများစုက ဘေးလွတ်ရာ ဥယျာဉ်တောတောင်များ၊ဓနိတောများနှင့် အခြားမြို့ရွာများတွင် နေထိုင်ကြရသည်။ အဆိုပါစစ်ရှောင်များက ရိက္ခာနှင့်ဆေးဝါးကို ခရီးကွာဝေးသည့် အခြားဒေသများတွင် သွားရောက်ဝယ်ယူပြီး စားရေးကို ဖြေရှင်းနေကြသည်။ လက်ရှိတွင် စက်သုံးဆီဂယက်က မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်လာရာ စစ်ဘေးရှောင်များမှာ စက်သုံးဆီဝယ်ရ ခက်ခဲလာခြင်း၊ ဈေးကြီးပေးဝယ်ရခြင်း၊ ကုန်စျေးနှုန်းကြီးမြင့်လာခြင်းတို့ကို ကြုံတွေ့လာသည်။ စားနပ်ရိက္ခာသယ်ဆောင်ရန်နှင့် အရေးပေါ်ကျန်းမာရေးအတွက် ဒေသအလိုက် ဆိုင်ကယ်၊ကားနှင့် စက်လှေကိုသာ အဓိကအားထားနေရသည့်အတွက် စက်သုံးဆီပြတ်လပ်ဈေးတက်မှုကြောင့် ပိုပြီးအခက်တွေ့နေကြရသည်။ စက်သုံးဆီ ဂယက်ကြောင့် စစ်ဘေးရှောင်များမှာ […]


