လီဗာပူးတိုက်စစ်မှူးဂျိုတာနဲ့ သူ့ ညီတို့ရဲ့ ဈာပနကို မွေးရပ်မှာ ဇူလိုင် ၅ ရက်နေ့လုပ်မယ်
Dawei Watch
July 4, 2025မနေ့က ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဒိုင်အိုဂို ဂျိုတာနဲ့ သူ့ရဲ့ညီဖြစ်သူ အန်ဒရေ ဆေးလ်ဗားရဲ့ ဈာပနအခမ်းအနားကို ပေါ်တူဂီနိုင်ငံမှာ လုပ်သွားမယ်လို့ Marca က ဖော်ပြထားပါတယ်။ သူတို့ညီအစ်ကိုနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို သူတို့ကြီးပြင်းခဲ့ရာဖြစ်တဲ့ ဂွန်ဒိုးမာမြို့ဆီကို ပြန်လည်သယ်ဆောင်လာခဲ့ပြီဖြစ်ပြီး ဒီနေ့ (ဇူလိုင်လ ၄ ရက်) နေ့လယ်ပိုင်းမှာ ဝမ်းနည်းခြင်း အခမ်းအနားတစ်ခု ပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ မနက်ဖြန် ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းမှာတော့ ဈာပနအခမ်းအနားကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ ရုပ်အလောင်းတွေကို ယာဉ်ထဲမှာတွေ့ရှိရတဲ့ စာရွက်စာတမ်းတွေကနေတစ်ဆင့် အတည်ပြုနိုင်ခဲ့တာဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အစောပိုင်းမှာတော့ ရုပ်အလောင်းတွေကို မှုခင်းဆေးဘက်ဆိုင်ရာတက္ကသိုလ်ဆီကို သယ်ဆောင်သွားခဲ့ပြီး အဲ့ဒီနေရာမှာ ဂျိုတာရဲ့ ဇနီးဖြစ်သူ ရူတီ လည်း ရှိနေခဲ့ပါတယ်။ ရူတီ […]


