ချယ်လ်ဆီးအနိုင်ရသွားသည့် ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ရုန်းရင်းဆန်ခတ်ဖြစ်
Dawei Watch
July 14, 2025ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့ရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ချယ်လ်ဆီးက အနိုင်ရဗိုလ်စွဲသွားပြီးနောက် ကွင်းထဲမှာ ပီအက်စ်ဂျီနည်းပြ အင်းနရစ်၊ ဂိုးသမား ဒွန်နာရမ်မာ၊ နောက်ခံလူ ဟာကီမီနဲ့ ချယ်လ်ဆီး တိုက်စစ်မှူး ပက်ဒရိုတို့ ထိပ်တိုက်တွေ့ခဲ့ပြီး အခြေအနေတင်းမာကာ နှစ်ဖက်အကြား ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့ပါတယ်။ ချယ်လ်ဆီး ကစားသမားတွေ အောင်ပွဲခံနေချိန်မှာ ပီအက်စ်ဂျီ ကစားသမားတချို့က ချယ်လ်ဆီးအတွက် တတိယမြောက်အနိုင်ဂိုးသွင်းယူပေးသူ ပက်ဒရိုကို ကွင်းလယ်စည်းအပြင်ဘက်မှာ ဝိုင်းလိုက်ပြီးတဲ့နောက် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ ပီအက်စ်ဂျီနည်းပြ အင်းနရစ်၊ ပီအက်စ်ဂျီကစားသမားတွေဖြစ်ကြတဲ့ ဟာကီမီနဲ့ ဒွန်နာရမ်မာတို့က သူတို့နဲ့ထိပ်တိုက်တွေ့တဲ့ ချယ်လ်ဆီးကစားသမား ပက်ဒရိုကို တွန်းထိုးလိုက်ပုံရပါတယ်။ ပက်ဒရို လဲကျသွားပြီးတဲ့နောက်မှာ နောက်ဆက်တွဲ တွန်းထိုးမှုတွေ ဆက်ဖြစ်ခဲ့ပါသေးတယ်။ အဲဒီနောက် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက အခြေအနေတွေကို ဝင်ရောက်ထိန်းသိမ်းခဲ့ပါတယ်။ ပွဲအပြီး ဆုပေးပွဲစင်မြင့်ကို ကွင်းထဲသို့ […]


