ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား

ပေါ်တူဂီ ယူ-၁၅ အသင်း လက်ရွေးစင်အဖြစ် စီရော်နယ်ဒို၏သား ရွေးချယ်ခံရ

Dawei Watch

May 9, 2025

စီရော်နယ်ဒို၏သားကြီးဖြစ်သူ ခရစ္စတီယာနို ဂျူနီယာ သည် ပေါ်တူဂီ ယူ-၁၅ လက်ရွေးစင်အသင်းအတွက် လက်ရွေးစင်ကစားသမားအဖြစ် ရွေးချယ်ခံလိုက်ရပြီဖြစ်ကြောင်း FootyRoom က ဖော်ပြထားသည်။ စီရော်နယ်ဒို၏သားကြီးဖြစ်သူသည် လက်ရှိတွင် အယ်လ်နတ်စ်ဆာလူငယ်အသင်းတွင် ခြေစွမ်းပြ ကစားနေပြီး ခရစ္စတီယာနို ဂျူနီယာ၏ရည်ရွယ်ချက်မှာ တစ်နေ့နေ့တွင် ဖခင်ဖြစ်သူနှင့်တွဲဖက်၍ ပွဲကစားခွင့်ရနိုင်ရန်ဖြစ်သည်။ ပေါ်တူဂီ ယူ-၁၅ အသင်းသည် လာမည့်သီတင်းပတ်အတွင်း၌ ခရိုအေးရှား ယူ-၁၅ အသင်းနှင့် ကစားရလိမ့်မည်ဖြစ်ပြီး ယင်းပွဲစဉ်အတွက် စီရော်နယ်ဒို၏သားကြီးဖြစ်သူကို ပေါ်တူဂီ ယူ-၁၅ လက်ရွေးစင်အသင်းနည်းပြက အသင်းအတွက် ခေါ်ယူလိုက်ခြင်းဖြစ်သည်။ စီရော်နယ်ဒို၏သားကြီးဖြစ်သူသည် ဖခင်နှင့်ပူးတွဲ၍ လေ့ကျင့်ရေးများ ကြိုးစားလုပ်ဆောင်နေသူဖြစ်ပြီး ခရစ္စတီယာနို ဂျူနီယာမှာ ကစားအားကောင်းမွန်သော်လည်း ဖခင်ခြေရာကို နင်းနိုင်ရန် လိုအပ်ချက်များရှိနေဆဲဖြစ်သည်ဟု သုံးသပ်ခံထားရသည်။ Source – FootyRoom

ဒုခေါင်ပွဲစဉ်အဖြစ် ဗရော်နီကာ ထိုးရမည်၊ ည ၁၁ နာရီဝန်းကျင်ရောက်မှသာ ကြည့်ရဖွယ်ရှိ

Dawei Watch

May 9, 2025

ကယန်းကျားသစ်မလေး ဟု ချစ်စနိုးတင်စားခေါ်ဝေါ်ကြသည့် ဗရော်နီကာ သည် ယနေ့ညတွင် ဒုခေါင်ပွဲစဉ်အဖြစ် ပွဲထိုးရလိမ့်မည်ဖြစ်ပြီး ယင်းအတွက် ဗရော်နီကာ၏ပွဲစဉ်ကို ညနက်ပိုင်းသို့ ရောက်ရှိမှသာ ကြည့်ရှုရဖွယ်ရှိနေပြီဖြစ်သည်။ ဗရော်နီကာ သည် အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် ထိုင်းဖိုက်တာမလေး ဂျူနီယာ ဖဲတက် ကို ပြိုင်ဘက်အဖြစ် ထိုးရမည်ဖြစ်ပြီး ယနေ့ညတွင် ကျင်းပမည့် ONE Friday Fights 107 တွင် ပွဲစဉ်စုစုပေါင်း ၁၂ ပွဲ ပါဝင်လျက်ရှိသည်။ ဗရော်နီကာနှင့် ဂျူနီယာ ဖဲတက် တို့သည် ၁၁ ပွဲ ပွဲစဉ်အဖြစ် အားပြိုင်ကြရမည်ဖြစ်ပြီး ပွဲစဉ် ၇ ပွဲထိုးရာတွင် ၇ ပွဲလုံး အနိုင်ရထားသော ဂျူနီယာ ဖဲတက် ကို အနိုင်ထိုးပြနိုင်မည်ဟု ဗရော်နီကာက ကြုံးဝါးပြောဆိုထားသည်။ […]

ဗရော်နီကာ ပွဲကျပ် ထိုးရမည်၊ ၇ ပွဲဆက်နိုင်ထားသည့် ဂျူနီယာ ဖဲတက်ကိုအနိုင်ရရန် ရုန်းကန်ရဖွယ်ရှိ

Dawei Watch

April 30, 2025

ONE Championship သည် ကယန်းကျားသစ်မလေး ဗရော်နီကာကို ဒုတိယမြောက်ပွဲထိုးရန်အတွက် ပွဲတည်ပေးလိုက်ပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင် ဗရော်နီကာ ယှဉ်ပြိုင်ရမည့်ပြိုင်ဘက်မှာ ထိုင်းဖိုက်တာမလေး ဂျူနီယာ ဖဲတက် ဖြစ်သည်။ ယခုပွဲစဉ်သည် ဗရော်နီကာ အတွက် ပထမဆုံးပွဲစဉ်ထက် ပိုခက်သောပွဲစဉ် ဖြစ်လာတော့မည်ဖြစ်ပြီး ဂျူနီယာ ဖဲတက်မှာ ONE တွင် ရာနှုန်းပြည့် အနိုင်ရထားသောဖိုက်တာမလေးဖြစ်သည်။ ဗရော်နီကာ သည် ဗီရာနဲ့အားပြိုင်ခဲ့ရသော ပထမဆုံးပွဲစဉ်၌ ထိုးအားကောင်းခဲ့သော်လည်း သက်လုံကျဆင်းသွားသောကြောင့် အမှတ်ဖြင့် အဆုံးအဖြတ် ခံယူရချိန်တွင် ရှုံးနိမ့်သွားခဲ့ပြီး ယင်းပွဲစဉ်၌ အရှုံးရလဒ်ကို ရင်ဆိုင်ခဲ့ရသည့်တိုင် ထိုးအားကောင်းသည့်အတွက် ဗရော်နီကာကို ONE၏ CEO ချတ်ထရီက ဘောနပ်စ်အကျိုးခံစားခွင့် ပေးခဲ့သည်။ ဗရော်နီကာ သည် ယခုပွဲစဉ်တွင် နှစ်ပွဲဆက်တိုက် အရှုံးရလဒ် မကြုံဆုံရစေရန် အားထုတ်ကြိုးစားရတော့မည်ဖြစ်ပြီး အကယ်၍ ဂျူနီယာ […]

လီဗာပူး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့်အတွက် ထိုင်းက ဆိုင်တစ်ဆိုင် ကြက်ဆီထမင်း အခမဲ့ကျွေး

Dawei Watch

April 28, 2025

လီဗာပူးအသင်းသည် ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို ရာသီမသိမ်းမီ ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ပြီး လီဗာပူးအသင်း ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်ခြင်းအထိမ်းအမှတ်အတွက် ထိုင်းနိုင်ငံရှိ ကြက်ဆီထမင်းဆိုင်တစ်ဆိုင်က ဆိုင်သို့လာရောက်၍ ထမင်းစားသုံးသူအားလုံးကို ကြက်ဆီထမင်း အခမဲ့ကျွေးလိုက်ကြောင်း The Nation က ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၊ Lamphun ရှိ “Sam Sian Chicken Rice” စားသောက်ဆိုင်သည် ဆိုင်တွင်းသို့ လီဗာပူးဂျာစီ ဝတ်ဆင်ကာ ဝင်ရောက်လာသူများကို ကြက်ဆီထမင်း အခမဲ့တည်ခင်းဧည့်ခံလိုက်ခြင်းဖြစ်ပြီး ဆိုင်တွင်း၌ သောက်စားပျောက်ရွှင်မှုများ လုံးဝခွင့်မပြုဘဲ ကြက်ဆီထမင်းတစ်မျိုးတည်းကို အခမဲ့ကျွေးမွေးခြင်းဖြင့်သာ လီဗာပူးအသင်း ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဖြစ်ခြင်းအတွက် အောင်ပွဲခံခဲ့ခြင်းဖြစ်သည်ဟု Sam Sian Chicken Rice ဆိုင်ပိုင်ရှင်က ထုတ်ဖော်ပြောကြားသွားခဲ့သည်။ ယခုအစီအစဉ်သည် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်၌ ချက်ချင်းပင် ရေပန်းစားပျံ့နှံ့သွားခဲ့ပြီး “တကယ့် ဒဏ္ဍာရီ အမှတ်တရပဲဟေ့”၊ “Lamphun ရဲ့လီဗာပူးစိတ်ဓာတ်ကို ဘယ်သူမှ ယှဉ်လို့မရပါ”၊ […]

မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ် ကို ခေါ်ယူရန် စပါး ဆက်သွယ်

Dawei Watch

April 28, 2025

စပါးအသင်းသည် မန်ယူတိုက်စစ်မှူး ရတ်ရှ်ဖို့ဒ် ကို ခေါ်ယူရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။ စပါးသည် မန်ယူမှနေ၍ အက်စတွန်ဗီလာထံသို့ အငှားလာရောက်ကစားနေသော ရတ်ရှ်ဖို့ဒ်၏ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို သဘောကျနေပြီး မန်ယူကမူ ရတ်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၆၀ သတ်မှတ်တောင်းဆိုထားသည်။ စပါးသည် ဟယ်ရီကိန်း၏ကွက်လပ်ကို ရတ်ရှ်ဖို့ဒ်နှင့် အစားပြန်ဖြည့်လိုလျက်ရှိကာ ရတ်ရှ်ဖို့ဒ်အတွက် စပါးဘက်က အသုံးပြုလိုသောပြောင်းရွှေ့ကြေးပမာဏမှာ ပေါင် ၃၅ သန်းသာ ရှိသည်။ မန်ယူနည်းပြ အေမိုရင် သည် အသင်းတိုက်စစ်ကို အင်အားဖြည့်ရန်အတွက် ရတ်ရှ်ဖို့ဒ်နှင့် ဇာ့ခ်ဇီးတို့ကို ရောင်းထုတ်ကာ အသုံးစရိတ် ရှာဖွေဖွယ်ရှိနေပြီး အေမိုရင် ခေါ်ယူလိုသော တိုက်စစ်မှူးများအနက်တွင် ၎င်း၏တပည့်ဟောင်းဖြစ်သော စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကီရက်စ်က ထိပ်ဆုံးနေရာတွင် ရှိနေသည်။ Photo – LiveScore

မြန်မာဖိုက်တာ စိန်လုံးချော ONE သို့ ဝင်ရောက်၊ မေလ ၂ ရက်နေ့ ပွဲထိုးရမည်

Dawei Watch

April 28, 2025

မြန်မာဖိုက်တာ စိန်လုံးချော သည် ONE Championship သို့ ကူးပြောင်းဝင်ရောက်လာခဲ့ပြီဖြစ်ကာ လာမည့် မေလ ၂ ရက်နေ့၌ ပွဲထိုးရတော့မည်ဖြစ်ကြောင်း ONE က ထုတ်ပြန်ကြေညာထားပြီဖြစ်သည်။ ONE Championship သည် စိန်လုံးချောကို အသက် ၁၉ နှစ်အရွယ် ထိုင်းဖိုက်တာ ယူးဆက်ခ်ဆန်နှင့် ပွဲတည်ပေးထားပြီး ယခုပွဲစဉ်မှာ စိန်လုံးချောအတွက် အခက်တွေ့နိုင်လောက်သည့်ပွဲစဉ် ဖြစ်နေသည်။ ယူးဆက်ခ်ဆန် သည် ONE Championship တွင် တစ်ပွဲထိုး၊ တစ်ပွဲနိုင်ထားသောဖိုက်တာဖြစ်ပြီး စိန်လုံးချောအတွက် သတိထားရမည့်ပြိုင်ဘက်ဖြစ်သည်ကို ပွဲကစားချိန်၌ မြင်တွေ့ရလိမ့်မည်ဖြစ်ကြောင်း ပရိသတ်များက သုံးသပ်ထားကြသည်။ မေလ ၂ ရက်နေ့တွင်ကျင်းပမည့် ONE Friday Fights 106 ပြိုင်ပွဲ၌ ပွဲစဉ်ပေါင်း ၁၂ ပွဲ ပါဝင်ပြီး ယူဆက်ခ်ဆန်နှင့် […]

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားသည့်အတွက် စီးရီးအေပွဲစဉ်များရွှေ့ဆိုင်း

Dawei Watch

April 21, 2025

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားခြင်းကြောင့် ယနေ့ယှဉ်ပြိုင်ကစားရမည့် စီးရီးအေပွဲစဉ်များအားလုံးကို ရက်ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း Football Planet က ဖော်ပြထားသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ကွယ်လွန်ချိန်တွင် သက်တော် ၈၈ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သွားခဲ့ခြင်းအတွက် စိတ်ထိခိုက် ဝမ်းနည်းပူဆွေးရကြောင်းကို ကမ္ဘာတစ်လွှားက ကြေညာချက်များ ထုတ်ပြန်နေပြီလည်းဖြစ်သည်။ ယနေ့တွင် ကက်ဂလီယာရီနှင့် ဖီအိုရင်တီးနား၊ တိုရီနိုနှင့် အူဒီးနီးစ်၊ ဂျီနိုအာနှင့် လာဇီယို တို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး မနက်ဖြန်တွင် ယှဉ်ပြိုင်ရမည့် ပါးမားနှင့် ဂျူဗင်တပ် ပွဲစဉ်ကိုလည်း ပုပ်ရဟန်းမင်းကြီး ကွယ်လွန်သွားခြင်းကြောင့် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ထားပြီဖြစ်သည်။ ယခုကာလသည် အီတလီတစ်နိုင်ငံလုံး အပါအဝင် ကမ္ဘာတစ်လွှားအတွက် စိတ်ထိခိုက် ဝမ်းနည်းဖွယ်ကာလဖြစ်သည့်အတွက် အီတလီစီးရီးအေပွဲစဉ်များကို မကစားစေတော့ဘဲ ရက်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီက အသိပေးထားသည်။ “အီတလီနိုင်ငံက လမ်းမတွေတိုင်းမှာ […]

မနက်ဖြန် ထိုးရမည့်ပွဲတွင် ဆရာဝန်က သန့်ဇင်ကို ထိုးခွင့်မပြု၍ ပွဲပျက်

Dawei Watch

April 17, 2025

ထိုင်းဖိုက်တာ ပက်ဆူကန်ဗစ်နှင့် မနက်ဖြန် (ဧပြီလ ၁၈ ရက်) တွင် ထိုးရမည့် ပွဲစဉ်အတွက် မြန်မာဖိုက်တာ သန့်ဇင်ကို ဆရာဝန်က ပွဲထိုးခွင့်မပြုသဖြင့် ပွဲပျက်ကြောင်း ပက်ဆူကန်ဗစ်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အတည်ပြုလိုက်သည်။ သန့်ဇင်သည် ပွဲထိုးရန်အတွက် စိတ်ချရသောအခြေအနေတွင် ရှိမနေခြင်းကြောင့် ဆရာဝန်က ပွဲထိုးခွင့် မပြုခြင်းဖြစ်သည်။ ဆေး စစ်ဆေးရာတွင် ပြဿနာတွေ့သည့်အတွက် ဆရာဝန်က ပွဲဆက်ထိုးရန် သန့်ဇင်ကို ထောက်ခံချက် မပေးသောကြောင့် ပွဲပျက်သွားရခြင်းဖြစ်ကြောင်းလည်း ပက်ဆူကန်ဗစ်က ရှင်းပြထားသည်။ ယခုတစ်ကြိမ်သည် သန့်ဇင်အတွက် ကျန်းမာရေးပြဿနာကြောင့် ဒုတိယအကြိမ်မြောက် ပွဲပျက်ရခြင်းဖြစ်ပြီး ပထမ တစ်ကြိမ်တွင် ပွဲပျက်ခဲ့ရသည်မှာ အူအတက်ပေါက်သည့်အတွက် အရေးပေါ် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပက်ဆူကန်ဗစ်နှင့် သန့်ဇင်တို့၏ပွဲစဉ်သည် နိုင်ပွဲလိုအပ်ချက် ပြင်းထန်နေသောဖိုက်တာနှစ်ဦး ထိပ်တိုက်တွေ့ပေးထားသည့် ပွဲစဉ်ဖြစ်နေခြင်းကြောင့် ပရိသတ်စိတ်ဝင်စားမှု […]