ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင် မြန်မာလုပ်သားများစွာလုပ်ကိုင်သော ဖိနပ်စက်ရုံမီးလောင်၊ နှစ်ဦးဒဏ်ရာရ

diz_admin

November 16, 2022

ထိုင်းနိုင်ငံ စမူပရကန်ခရိုင်တွင် မြန်မာအလုပ်သမား အများအပြား လုပ်ကိုင်လျက်ရှိသော Aerosoft ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက မီးလောင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမူပရကန်ခရိုင် ဘန်ဖလီဒေသ ဘန်ချလုံးနယ်မြေ ဘန့်နာ့တရပ်အဝေးပြေးလမ်းမကြီးဘေးရှိ Summit Footwear ကုမ္ပဏီပိုင် Aerosoft အမှတ်တံဆိပ် ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲခန့်မှစ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးစတင်လောင်ကျွမ်းသောအချိန်သည် စက်ရုံရှိ အလုပ်သမား ရာနှင့်ချီ အလုပ်ဆင်းနေသောအချိန်ဖြစ်ပြီး အလုပ်သမားများသည် အရေးပေါ်ထွက်ပေါက်မှ အကုန်လုံးလွတ်မြောက်ခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ မီးလောင်ကျွမ်းမှုကြောင့် လူ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းသတင်းများတွင် ရေးသားထားသော်လည်း ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားခဲ့ခြင်း မရှိပေ။ “ဒီစက်ရုံမှာက […]

သရက်ချောင်းရဲစခန်းအနီး လက်လုပ်မိုင်းတွေ့

diz_admin

November 16, 2022

သရက်ချောင်းမြို့မရဲစခန်းအနီးတွင် နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းက မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် အမျိုးသားတစ်ဦး လမ်းလျှောက်လာပြီး သရက်ချောင်းမြို့မရဲစခန်းနှင့် မျက်နှာချင်းဆိုင် ရှိ မြေတူးဘိုဒူဇာရပ်ထားသည့်နေရာသို့ လက်လုပ်မိုင်းတစ်ခု ပစ်ချထားခဲ့ကြောင်း သရက်ချောင်းမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ “မိုင်းက လက်လုပ်မိုင်း။ ပလပ်စတစ်အိပ် အမဲလေးနဲ့ ထုပ်ထားတယ်” ဟု ၎င်းက ဆိုသည်။ လက်လုပ်မိုင်းချထားခဲ့သည်ကို ရဲစခန်းမှ သိရှိသွားခဲ့ပြီး စစ်ကောင်စီတပ်အား အကြောင်းကြားခဲ့သဖြင့် လာရောက် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ ၎င်းလက်လုပ်မိုင်းအား မည်သူတို့က ချထားခဲ့သည်ကိုမူ မသိရပေ။ လက်လုပ်မိုင်းတွေ့ရှိပြီးနောက် ယင်းလမ်းပိုင်းအား ခေတ္တပိတ်ထားပြီး ဖောက်ခွဲပြီးချိန်တွင် ဖြတ်သန်းသွားလာခွင့် ပေးခဲ့ကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။ […]

လောင်းလုံး ကရင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

November 16, 2022

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးရွာက ဒေသခံအမျိုးသားတစ်ဦးသည် နိုဝင်ဘာလ ၁၅ ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးထွန်းထွန်းနိုင်ဆိုသူဖြစ်ပြီး နိုဝင်ဘာလ ၁၅ရက် နံနက်က သဘော့ဆိပ်နှင့် ကျောက်ဆင်ရွာကြားလမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဖြစ်တာကတော့ မနက်စောစော ခြောက်နာရီကျော်လောက်ရှိမယ်။ သေနတ်သံတွေ လေးငါးချက်ကြားရတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါအမျိုးသားကို Dawei Defense Team-DDT တပ်ခွဲ (၃) (ထားဝယ်-ပကဖ) ၊ Dawei Guerrilla Revolutionary Force-DGRF (ထားဝယ်-ပကဖ) နှင့် Launglone People Defence Force-LLPDF (လောင်းလုံး-ပကဖ) အဖွဲ့တို့ ပူးပေါင်း၍ ရှင်းလင်းခဲ့ကြောင်း […]

ယူကရိန်းကို ပစ်လိုက်သော ရုရှားဒုံးကျည် ပိုလန်နယ်မြေထဲကိုကျ လူနှစ်ဦးသေဆုံး

diz_admin

November 16, 2022

ယူကရိန်းနယ်စပ်ရှိ ပိုလန် ကျေးရွာတစ်ရွာကို ရုရှားဒုံးကျည်ကျရောက်ခဲ့ရာ လူ (၂)ဦး သေဆုံးသွားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။ ပိုလန်မီဒီယာများနှင့် AP သတင်းဌာနက ရုရှားဒုံးကျည်များကြောင့်ဟု အတည်ပြုထားပြီး ပိုလန်အစိုးရဘက်က တရားဝင် ထုတ်ပြန်ခြင်းမျိုး မရှိသေးပေ။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းဖြစ်စဉ်ကို ငြင်းဆန်ထားပြီး ပြဿနာကြီးထွားစေရန် တမင် လုပ်ဆောင်ခြင်းဟု တုန့်ပြန်ထားသည်။ အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံတကာအင်အားကြီး နိုင်ငံများက အဆိုပါ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေး နေကြောင်း ထုတ်ပြန်ထားသည်။ ပိုလန်အမျိုးသားလုံခြုံရေးဗြူရိုက အရေးပေါ်အစည်းအဝေးပြုလုပ်နေပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ရန် ရှိသည်။ ရုရှားသည် ပြီးခဲ့သည့် အင်္ဂါနေ့က ယူကရိန်းကို ဒုံးကျည်များစွာ အတွဲလိုက်ပစ်ခတ်ခဲ့သည်။ မြို့တော် ကိဗ် အပါအဝင် မြို့ကြီးများစွာကို ထိခိုက်ခဲ့ပြီး လူ (၁) ဦးသေဆုံးခဲ့ရသည်။ လက်ရှိအချိန် ဘာလီတွင် […]

ရနောင်းမှ တော်လှန်ရေးသမားများ ဖမ်းဆီးနိုင်ရေး ထိုင်း-မြန်မာ ဆွေးနွေးဟုဆို

diz_admin

November 15, 2022

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင်နေထိုင်ပြီး စစ်ကောင်စီကို တော်လှန်ရာတွင်ပါဝင်သူများအား ဖမ်းဆီးနိုင်ရေးကိစ္စအတွက် ထိုင်း-မြန်မာ နှစ်နိုင်ငံ အစည်းအဝေးပွဲကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်က ကော့သောင်းမြို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။ ကော့သောင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်သည့် ပထမအကြိမ် မြန်မာ-ထိုင်း( ကော့သောင်း- ရနောင်း) နယ်စပ်ဆက်ဆံရေးရုံး အစည်းအဝေးတွင် အကြမ်းဖက်အဖွဲ့များ ရှာဖွေဖော်‌ထုတ်ရေးကိုလည်း ဆွေးနွေးခဲ့ကြောင်း မြန်မာဘက်က သတင်းထုတ်ပြန်သည်။ စစ်ကောင်စီသည် NUG၊ PDF အဖွဲ့များနှင့် ဆက်စပ်သည့်အဖွဲ့များကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်းဖြစ်ရာ အကြမ်းဖက်အဖွဲ့များ ရှာဖွေဖော်ထုတ်‌ရေး ဆိုသည်မှာ တော်လှန်ရေး သမားများနှင့် တော်လှန်ရေး အဖွဲ့ကိုကူညီပေးနေသူများကို ရည်ညွှန်းခြင်းဖြစ်ကြောင်း လေ့လာသူများကဆိုသည်။ ယင်းသို့ဆွေးနွေးခဲ့သည်ဆိုပါက ထိုင်းအစိုးရ၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်ရတော့မည်ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ အာဏာသိမ်းမှုမှာ ၂ နှစ်နီးပါးရှိလာပြီဖြစ်သော်လည်း တော်လှန်ရေးမှာ အရှိန်အဟုန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေသောကြောင့် တော်လှန်ရေးလုပ်ငန်းများ ရပ်တန့်သွားရန် စစ်ကောင်စီက […]

ကော့သောင်းတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

diz_admin

November 15, 2022

ကော့သောင်းမြို့တွင် နိုဝင်ဘာလ ၁၄ ရက်ည ၈ နာရီခွဲဝန်းကျင်က ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ အက်ခြံလမ်းကြားတွင် ယာဉ်ထိန်းရဲ စန်းမော်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ “သေနတ်ပစ်သံ သုံးလေးချက်ပဲကြားရတယ်။ နောက် အရေးပေါ်လူနာတင်ယာဉ်နဲ့ လာတင်သွားတယ်” ဟု ကော့သောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါပစ်ခတ်မှုကို ကော့သောင်းသမန်းကျားအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က မီဒီယာအချို့တွင် ပြောဆိုထားသည်။ ယာဉ်ထိန်းရဲ စန်းမော်အောင်သည် သေနတ်ကိုင်ဆောင်လေ့ရှိပြီး ယာဉ်ဖမ်းဆီးရာတွင်လည်း အပြောအဆို ရင့်သီးလေ့ရှိကာ ကိုယ်ထိလက်ရောက်မှု ကျူးလွန်တတ်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အထက်ပါပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ “ပွဲချင်းပီး သေတယ်လို့ကြားရတယ်။ သူကအတော်ဆိုးဆိုးထဲမှာ ပါတယ်” […]

ထိုင်းတွင် ကားမှောက်မှုကြောင့် ကျွန်းစုသူအပါအဝင် မြန်မာသုံးဦးသေဆုံး

diz_admin

November 15, 2022

ထိုင်းနိုင်ငံ ဖေ့ခ်ျဘူရီခရိုင်တွင် မြန်မာနိုင်ငံသားမောင်းနှင်လာသော ကိုယ်ပိုင်ကားတစ်စီးသည် အရှိန်လွန်ကာ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်တိမ်းမှောက်ရာမှ မြန်မာနိုင်ငံသား သုံးဦးသေဆုံးကြောင်း လိုက်ပါကူညီဆောင်ရွက် ပေးနေသည့် ဝိဒေသနာရေးပရဟိတအသင်းထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖေ့ခ်ျဘူရီခရိုင် ခေါင်းယွိုင်ဒေသရှိ ဖက်ကစန်အဝေးပြေးလမ်းမပေါ်၌ ကားမှောက်ခြင်းဖြစ်သည်။ Chevrolet အမျိုးအစား ကိုယ်ပိုင်ကားတစ်စီးသည် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် အရှိန်လွန်ကာ လမ်းချော်ပြီး လမ်းလယ်ရှိ ဓါတ်တိုင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ကားပေါ်တွင် လိုက်ပါလာသော အမျိုးသမီးနှစ်ဦးမှာ လမ်းမပေါ်လွင့်ထွက်သွားခဲ့ကာ သေဆုံးသွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ကားမှာ လုံးဝပျက်စီးသွားပြီး လမ်းမအလယ်တွင် ပက်လက်အနေအထား ဖြစ်သွားခဲ့ပြီး ကားထဲ ညှပ်နေသော ကားမောင်းသမားမှာ အပြင်းအထန်ဒဏ်ရာရရှိထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက မိနစ် ၂၀ ခန့် အကြာ ကားတံခါးကိုဖြတ်ကာ […]

မြိတ်မြို့တွင် စစ်ဘေးရှောင်များတည်းခိုနေသည့်နေအိမ်အချို့ကို ညအချိန်ဝင်စစ်

diz_admin

November 15, 2022

မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် နေအိမ်အချို့ကို နိုဝင်ဘာလ ၁၄ ရက် ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဝင်ရောက်စစ်ဆေးပြီး လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ မြိတ်တောင်နယ်မြေ၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စုအတွင်း ရပ်ကွက်တို့ရှိ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ နယ်ဒေသမှ စစ်ဘေးရှောင်လာကြသူများနေထိုင်သည့် နေရာများကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်တာဝန်ရှိသူတို့ ပါဝင်ကြောင်း မြိတ်တောင်နယ်မြေနေ ရပ်ကွက်နေသူအချို့က ဆိုသည်။ “သူတို့ (စကစ) သတင်းရထားတဲ့အိမ်ကို ရုတ်တရက် ဝင်စစ်တာထင်တယ်။ ဧည့်စာရင်းစစ်တာမျိုး မဟုတ်ဘူး။ လမ်းထဲမှာ တစ်အိမ်ပဲ ဝင်စစ်တယ်။ ဘာမှမတွေ့ကြဘူး” ဟု မြိတ်တောင်နယ်မြေရှိ ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အသက် […]