ဘန်ကောက်ရှိ ဈေးဝယ်စင်တာအပြင်တွင် မြန်မာအချင်းချင်းဓားထိုးမှု အမျိုးသမီးတစ်ဦးသေဆုံး
diz_admin
March 9, 2023ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၏ အပြင်ဘက်တွင် မြန်မာအမျိုးသားတစ်ဦးက မြန်မာအမျိုးသမီး တစ်ဦးကို ဓားဖြင့်ထိုးသဖြင့် အမျိုးသမီးဖြစ်သူသေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ (မတ်လ ၉) နေ့လယ် ၁၂နာရီခန့်တွင် ဘန်ကောက်မြို့ ရတ်ချထေဝီဒေသ ပတူနမ်နယ်မြေရှိ ဈေးဝယ်စင်တာ အပြင်ဘက်တွင် ဓားထိုးမှုဖြစ်ပွားခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့များ သွားရောက်စစ်ဆေးချိန် ဈေးဝယ်စင်တာတစ်ခု၏ အရှေ့ဘက်တွင် ဓားဒဏ်ရာဖြင့် လဲကျနေသော အသက် ၃၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး မဖြူမာအောင်ကို တွေ့ရှိကြောင်း သတင်းများတွင် ဖော်ပြသည်။ ရင်ဘတ်၊ လက်နှင့် နောက်ကျောတို့တွင် ဓားဒဏ်ရာ ငါးချက် ရရှိထားသည့် မဖြူမာအောင်ကို ဆေးရုံမှ ဆေးအကူအဖွဲ့များက မိနစ် ၃၀ ခန့် ရှေ့ဦးပြုစုနည်း CPR ဖြင့် လုပ်ဆောင်ပေးခဲ့သော်လည်း အောင်မြင်မှုမရှိဘဲ သေဆုံးသွားကြောင်း ရေးသားထားသည်။ […]


