ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဖောင်းတောရေအားလျှပ်စစ် အဆင့်မြှင့်တင်ရန် စာချုပ်ချုပ်ဆို

diz_admin

December 7, 2022

ဖောင်းတောရေအားလျှပ်စစ်လုပ်ငန်းကို အဆင့်မြှင့်တင်မည့် စီမံကိန်းအတွက် ကုမ္ပဏီနှင့် စစ်ကောင်စီတို့ စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၂ ရက်က သတင်းထုတ်ပြန်သည်။ တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း(BOT) စနစ်ဖြင့် စာချုပ်ဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဖောင်းတောရေအားလျှပ်စစ်စက်ရုံမှာ ထားဝယ်မြို့နယ် အရှေ့တောဒေသ ဖောင်တောကျေးရွာတွင် တည်ရှိပြီး ဟိန္ဒားသတ္တုတွင်းလုပ်ငန်းအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနေခြင်းဖြစ်သည်။ သတ္တုတွင်းအနီးဝန်းကျင် ကျေးရွာသို့လည်း ဓာတ်အားဖြန့်ဖြူး‌ပေးနေသည်။ လက်ရှိတွင် ဟိန္ဒားသတ္တုတွင်းမှာ ရပ်နားထားပြီး အဆိုပါရေအားလျှပ်စစ်မှာလည်း ရပ်နားလျက်ရှိသည်။ ရပ်နားထားရသည့် ရေအားလျှပ်စစ်ကို အဆင်မြှင့်တင်ရန်အတွက် ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီနှင့် စစ်ကောင်စီတို့ BOT စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဖောင်းတောရေအားလျှပ်စစ်အား လပေါင်း ၂၀ အတွင်း တည်ဆောက်ပြီးစီးရန် ရည်မှန်းထားပြီး စက်တင်ဘာလအတွင်း ဒေသခံများကိုမေးမြန်းမှုအရ ကုမ္ပဏီဝန်ထမ်းများ နေထိုင်မည့် အိမ်ရာဆောက်လုပ်ရန် မြေနေရာရှင်းလင်းခြင်း လုပ်ငန်းစတင်နေပြီဟု သိရသည်။ ပန်းသိင်္ဂီစွမ်းအင်ကုမ္ပဏီအနေဖြင့် နှစ်မည်မျှအကြာ လုပ်ကိုင်ခွင့်ရပြီး မည်သည့်အချိန်တွင် လွှဲပြောင်းမည်ကို သိရှိရန် […]

မွန် ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်

diz_admin

December 7, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ စွဲဆိုခံထားရသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (စ) အတွက် ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ စစ်ကောင်စီက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးခဲ့သည်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)ဖြင့် အမှုနှစ်မှုဖွင့် တရားစွဲဆိုခဲ့သည်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နှင့် အမှု နှစ်မှုအတွက်ကို  ဒီဇင်ဘာ ၆ ရက် အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “ဒေါက်တာအေးဇံကို ထောင်ဒဏ် နှစ်နှစ် ထပ်ပြီးအမိန့်ချလိုက်တယ်၊ အထူးတရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးပြီး အမိန့်ချလိုက်တာဖြစ်တယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ယခုအမိန့်ချလိုက်သည့် အမှုနှင့်ပတ်သက်ပြီး […]

တနင်္သာရီမြို့နယ်မှ စစ်ရှောင်အများစု နေရပ်မပြန်ရဲသေး

diz_admin

December 7, 2022

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ချို့မှ စစ်ဘေးရှောင်နေသူအများစု နေရပ်မပြန်ရဲကြသေးကြောင်း ဒေသခံများထံမှသိရသည်။ နိုဝင်ဘာလအစတွင် တိုက်ပွဲခပ်စိတ်စိတ်ဖြစ်ပြီးနောက် အနောက်မော်တုံး၊ ညောင်ပင်ကွင်းနှင့် လယ်သစ်ကျေးရွာတို့ရှိ စစ်ရှောင်ပြည်သူအများစုမှာ  လက်ရှိအချိန်ထိ နေရပ်မပြန်ရဲကြသေးဟု ဒေသခံများ ကပြောသည်။ “အားလုံးကတော့ ပြန်မနေရဲကြသေးဘူး။ အသွားအလာတော့ နဲနဲရှိနေကြတယ်။ ကိုယ့်အိမ်အခြေအနေဝင်ကြည့် လိုအပ်တာတွေဝင်ယူ အခြေအနေပေးရင် တစ်ညလောက်အိပ်၊ ပြီးရင် ပြန်ထွက် အဲလိုတော့ လုပ်နေကြတယ်။ အစဥ်အမြဲတော့ မနေရဲကြသေးဘူး”ဟု ညောင်ပင်ကွင်းရွာ ဒေသခံအမျိုးသား ကပြောသည်။ ယင်းကျေးရွာရှိ စစ်ရှောင်အများစုမှာ အနီးအနားရှိသဘော့လိပ်ရွာတွင် နေထိုင်နေကြပြီး မြိတ်မြို့တွင်လည်း သွားရောက်နေထိုင်နေကြကြောင်း ဒေသခံများ ကဆိုသည်။ ညောင်ပင်ကွင်းရွာတွင် စစ်ကောင်စီတပ်ရှိနေပြီး တိုက်ပွဲထပ်မံဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် မပြန်ရဲကြသေးဟု ၎င်းတို့ကပြောသည်။ “ဗောဓိကမ်း၊ထုံတွန်၊ ဘန်လောတို့ဖက်မှာတော့ ပြန်လာနေနေကြပြီ။ အကုန်လုံးတော့ ပြန်လာမရဲကြသေးဘူး”ဟု ဘန်လောကျေးရွာ ဒေသခံအမျိုးသားကပြောသည်။ အလားတူ အနောက်မော်တုံးကျေးရွာရှိ ဒေသခံ ၅၀၀ နီးပါးသည်လည်း နေအိမ်ပြန်မရဲကြသေးဘဲ […]

ထားဝယ်တွင် ရိတ်သိမ်းပြီးစပါးများ အခိုးခံရမှုများလာ

diz_admin

December 7, 2022

ထားဝယ်ခရိုင်ရှိ၊ ကျေးရွာအချို့တွင် ရိတ်သိမ်းထားပြီးသော စပါးများ လယ်ထဲထားရှိစဉ် အခိုးခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း လယ်သမားအချို့ကပြောသည်။ ရိတ်သိမ်းပြီး လယ်ထဲစုပုံထားသည့် စပါးများကို ညအချိန်တွင် အခိုးခံရလေ့ရှိကြောင်း ၎င်းတို့ကဆိုသည်။ “ညဘက်ကျတော့ ဦးတို့လည်း ညအိပ်မစောင့်ရဲဘူးလေ။ မနက်သွား၊ ညပြန်ဆိုတော့ ညဘက်တစ်ညလုံး စိတ်ကြိုက်ခိုးလို့ရနေတာပေါ့” ဟု လောင်းလုံးမြို့နယ်မှ လယ်သမား ဦးမင်းဟန်ကပြောသည်။ သုံးရက်ဆက်တိုက် အခိုးခံရသဖြင့် စပါး လေးငါးတင်းပါသွားကြောင်း ၎င်းကပြောဆိုသည်။ ထားဝယ်မြို့နယ်မှ အခြားလယ်သမားများလည်း ယင်းသို့ကြုံတွေ့နေကြောင်း ပြောဆိုသည်။ “(ညဘက်) လယ်ထဲမှာ လူမရှိတော့ စိတ်ကြိုက်ခိုးသယ်လို့‌ရတယ်။ ထော်လာဂျီနဲ့ ဆင်းသယ်တာတောင် သိမှာမဟုတ်ဘူး။ အခုကတော်သေးတာပေါ့ တစ်တင်းစ နှစ်တင်းစလောက်ပဲ သယ်ကြလို့လေ” ဟု ထားဝယ်မြို့အနီးက ကျေးရွာတစ်ရွာမှ လယ်သမားတစ်ဦးကဆိုသည်။ အခါလွန်မိုးကြောင့် လယ်ထဲကစပါးများကို မသယ်နိုင်သေးဘဲ  နေ့ဘက်နေလှမ်း၊ ညဘက်လယ်ထဲ စုပုံထားချိန် […]

တရားမဝင် မြန်မာလုပ်သားများပါသော ယာဉ်တိမ်းမှောက်၍ ၁၀ ဦးဒဏ်ရာရ

diz_admin

December 7, 2022

တရားမဝင် မြန်မာအလုပ်သမားများပါသော ပစ်ကပ်ကားတစ်စီး ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်းအချိန်က ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် တိမ်းမှောက်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ တရားမဝင် မြန်မာအလုပ်သမား ၁၀ ဦးနှင့် အသက်ကြီးပိုင်း ထိုင်းနိုင်ငံသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ကားတိမ်းမှောက်မှုသည် ဒီဇင်ဘာလ ၆ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်တွင် အယုဒ္ဓယခရိုင် ပက်ဟိုင်းဒေသ ထဒင်းဒေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အရှိန်ဖြင့် မောင်းနှင်လာသော တိုယိုတာပစ်ကပ်ကားတစ်စီးသည် ပက်ဟိုင်း-စေးနားလမ်းရှိ လမ်းကွေ့တစ်နေရာတွင် ဘေးစောင်းအနေအထားဖြင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကားသည် မနက်ပိုင်း ဆွမ်းလောင်းရန် ပြင်ဆင်နေသော အသက်ကြီးပိုင်း ထိုင်းနိုင်ငံသား လူအုပ်စုအတွင်းသို့ လှိမ့်ဝင်သွားခဲ့သဖြင့် ထိုင်းနိုင်ငံသား ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းကဆိုသည်။ ကားပေါ်တွင် ကလေးငယ်များအပါအဝင် တရားမဝင်လမ်းကြောင်းဖြင့် […]

မြန်မာကျောင်းသားများကို သေဒဏ်ပေးခြင်း ချင်းမိုင်တွင် ကန့်ကွက် ဆန္ဒပြ

diz_admin

December 7, 2022

စစ်ကောင်စီက ဖမ်းဆီးထားသော မြန်မာကျောင်းသားများကို သေဒဏ်ပေးခြင်းကို ဆန္ဒပြပွဲကို ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ဘုရင်သုံးပါး ရုပ်ထုတည်ရှိရာ ရင်ပြင်တွင် ပြုလုပ်ခဲ့သည်။ သေဒဏ်ချမှတ်ခြင်းမှာ လူသားတန်ဖိုးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှု ဖြစ်ခြင်းကြောင့် နိုင်ငံများတွင် သေဒဏ်ချမှတ်မှု အမြစ်ပြတ်စေရန် ထိုင်းနိုင်ငံ၊ ချင်းမိုင် တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားကောင်စီကလည်း အမေရိကန်သံရုံး အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများထံသို့ ပေးပို့တောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက် ၆ ချက်တွင် စစ်ကောင်စီ လက်အောက်ခံ တရားရုံးက တက္ကသိုလ် ကျောင်းသား ၇ ဦးနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားမှုကြောင့် သေဒဏ်ချမှတ်ခံရသူများကို သေဒဏ်မှကင်းဝေးစေရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများအနေနှင့် ဖိအားပေးရန်လည်း ပါဝင်ခဲ့သည်။ စစ်ကောင်စီ တရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ […]

သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း သပိတ်လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

diz_admin

December 7, 2022

စစ်ကောင်စီလက်အောက်ခံ စစ်ခုံရုံးက ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို နိုဝင်ဘာ ၃၀ ရက်နေ့က သေဒဏ်ချမှတ်လိုက်မှု အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့် အနေဖြင့် ယနေ့(ဒီဇင်ဘာ ၆) ညနေပိုင်းက ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ယင်းအကြမ်းမဖက် လူထုလှုပ်ရှားမှု သပိတ်တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)၊ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)၊ လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီတို့နှင့်အတူ ပြည်သူများ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ထားမှုအရသိရသည်။ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်မှုအပေါ် ကျောင်းသားသမဂ္ဂများက ကန့်ကွက်ကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်နေသလို ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသား၊ပြည်သူများနှင့်အတူ ရပ်တည်ကြောင်း လှုပ်ရှားမှုများလည်း အများအပြားရှိနေသည်။ သေဒဏ်ချမှတ်ခြင်းမှာ လူသားတန်ဖိုးနှင့် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ […]

ဒဂုံတက္ကသိုလ်ကျောင်းသားများ သေဒဏ်ပေးမှု နီပေါကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ မြန်မာသံရုံးရှေ့ဆန္ဒပြ

diz_admin

December 6, 2022

စစ်ကောင်စီတရားရုံးက ဒဂုံတက္ကသိုလ်ကျောင်းသား ၁၀ ဦးကို သေဒဏ်ချလိုက်မှုအပေါ် နီပေါနိုင်ငံမှ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက နီပေါရှိမြန်မာသံရုံးရှေ့တွင် ဒီဇင်ဘာလ ၅ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ယင်းမြန်မာသံရုံးရှေ့ ဆန္ဒပြပွဲတွင် နီပေါကျောင်းသားများက မြန်မာပြည်မှသူငယ်ချင်းများကို ကွက်မျက်မှုများ ရပ်တန့်ပေးပါ ဟု တောင်းဆိုခဲ့ရာ နီပေါရဲများနှင့် ထိပ်တိုက်တွေ့ခဲ့သည်။ မြန်မာကျောင်းသားများ၏ သေဒဏ်ကို ပယ်ဖျက်သင့်ကြောင်း Human Rights Watch အဖွဲ့နှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) တို့ကလည်း တောင်းဆိုထားသည်။ မြန်မာနိုင်ငံတွင် သေဒဏ်ပေးထားသော အမှုများသည် တံခါးပိတ်ပြီး စံချိန်မမီသော တရားခွင်များကချမှတ်သော ပြစ်ဒဏ်များဖြစ်ကြောင်း HRW က ထောက်ပြထားသည်။ အဆိုပါ တရားခွင်များသို့ မိသားစုဝင်များ၊ အများပြည်သူနှင့် နိုင်ငံတကာ သံတမန်များ တက်ရောက်နားထောင်ခွင့် မရရှိပေ။ စစ်တပ်ကြီးစိုးသော တရားစီရင်ရေးသည် အာဏာသိမ်းပြီးကတည်းက […]