ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောကုန်းတွင်တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေ

diz_admin

December 8, 2022

ပုလောမြို့ပေါ်၊ ပုလောကုန်းကျေးရွာနှင့် လက္ကူးကျေးရွာတို့တွင် ယနေ့ (ဒီဇင်ဘာ ၈) မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားနေပြီး အရပ်သားထိခိုက်မှုလည်းရှိနေကြောင်း ဒေသခံအချို့ကဆိုသည်။ ပုလောမြို့ မြောက်ဘက် ၆ မိုင်ခန့်အကွာ ပုလောကုန်းကျေးရွာဘက်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့်ကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ အပြန်အလှန် ပစ်ခတ်သံများလည်း ကြားနေရကြောင်း ဒေသခံအချို့ကပြောသည်။ နံနက် ၇ နာရီခန့်တွင်လည်း ပုလောမြို့ ရှိ စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းကို မိုင်းခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မြို့ပေါ်  အမှတ် ၂ ရက်ကွက်ရှိ ‌အထွေထွေအုပ်ချုပ်ရေးရုံးကိုလည်း ဆိုင်ကယ် ၄ စီးဖြင့် လူရှစ်ဦးက လာရောက်ပစ်ခတ်ပြီး ထွက်ပြေးသွားကြောင်း မြို့ခံတစ်ဦးကဆိုသည်။ “ပစ်တာက ခဏပဲကြာတယ်။ အချက် ၂၀ လောက်တော့ပစ်သံကြားရတယ်” ဟု ၎င်းကဆိုသည်။ ထွေအုပ်ရုံးကို ပစ်ခတ်သူများသည် […]

ဖီဖာ လိုချင်တဲ့အတိုင်း ကွက်တိဖြစ်လာတဲ့ ကွာတားဖိုင်နယ် ပွဲလမ်းကြောင်း

diz_admin

December 8, 2022

အခုဆိုရင် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးက ခရီးတစ်ဝက်ဆီ ရောက်ရှိလို့နေပါပြီ။ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်၊ တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲ ဆိုတာတွေက ပြိုင်ပွဲကို အဆုံးအဖြတ်ပေးတော့မယ့်အဆင့်တွေပါပဲ။ ကွာတားဖိုင်နယ်အဆင့် အတွဲအဖက်တွေလည်း ထွက်ပေါ်လာခဲ့ပြီဖြစ်လို့ နောက်ဆုံးအဆင့် ပြိုင်ပွဲလမ်းကြောင်းက ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကို အားလုံးက စိတ်ဝင်တစားရှိနေကြပြီလည်းဖြစ်ပါတယ်။ တကယ်တော့ အခု ကွာတားဖိုင်နယ်လမ်းကြောင်းဟာ ဖီဖာ လိုချင်တဲ့အတိုင်းကို ဖြစ်လာခဲ့တာပါ။ အတိမ်းအစောင်းတွေ လုံးဝမရှိဘဲ ဖြစ်ပေါ်လာခဲ့တဲ့ ကွာတားဖိုင်နယ်လမ်းကြောင်းလို့တောင် ပြောလို့ရပါတယ်။ ဒီတော့ ဖိုင်နယ်ချီတက်ရာလမ်းဟာ ဖီဖာ အသက်ဝင်စေချင်တဲ့အတိုင်း ဖြစ်လာလေမလားကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရတော့မှာပါပဲ။ Dawei Watch Podcast တွင်လည်း ဝင်ရောက်နားဆင်နိုင်ပါတယ်။https://anchor.fm/dawei-watch/episodes/ep-e1rug28 Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/hWZJB2HZ2CI

မွန်လူငယ်များနေ့ လွတ်လပ်စွာကျင်းပနိုင်ရန် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ပြုလုပ်မည်

diz_admin

December 8, 2022

မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သော ရေးချောင်းဖျားဒေသ၊ ထားဝယ်ခရိုင် ဝယ်ဇင်းကျေးရွာတွင် ကျင်းပသွားမည်ဟု မွန်လူငယ်များနေ့ အခမ်းအနားကို ဦးဆောင်ကျင်းပသည့် မွန်လူငယ်ဆုံရပ် (MYF) ထံမှ သိရသည်။ လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေကြောင့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၁ ကြိမ်မြောက် မွန်လူငယ်များနေ့ကို အခမ်းအနားဖြင့် လွတ်လပ်စွာ ကျင်းပနိုင်ရေးအတွက် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေကို ရွေးချယ်ရန် စီစဥ်ခဲ့ခြင်းဖြစ်သည်။ ယခင်က မွန်လူငယ်များနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလာခဲ့သော်လည်း ၉ ကြိမ်နှင့် ၁၀ ကြိမ်မြောက်တုန်းက ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအခြေအနေကြောင့် အကျဥ်းချုံးသာ ကျင်းပလာခဲ့ရသည်။ “အရင်ကလုပ်ခဲ့တဲ့ပုံစံနဲ့တော့ ကွာခြားမယ်၊ ကွင်းပြင်မှာပဲလုပ်မယ် ဒါပေမဲ့ နိုင်ငံရေးအခြေအနေ ကောင်းခဲ့တဲ့အချိန်ကလို အင်တိုက်အားတိုက်နဲ့တော့ မဟုတ်ဘူး” ဟု မွန်လူငယ်များနေ့အခမ်းအနားကို ဦးဆောင်ကျင်းပသည့် မွန်လူငယ်ဆုံရပ် (MYF) တာဝန်ရှိသူတစ်ဦးက […]

ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီဟောင်း တစ်ပိဿာ ကျပ် ၅၀၀၀ ခန့်ရောက်ရှိ

diz_admin

December 8, 2022

ထားဝယ်တွင်လူကြိုက်များသည့် ကြက်သွန်နီအဟောင်း တစ်ပိဿာ ကျပ် ၅၀၀၀ အထိရောက်ရှိနေပြီး အတက်ဈေးတွင် ဆက်ရှိနေဦးမည်ဟု စားသုံးကုန်စည် လက်လီလက်ကား ရောင်းချသည့် ဈေးကွက်ထံမှသိရသည်။ ဒီဇင်ဘာလ ကုန်လောက်တွင် လက်ရှိကြက်သွန်နီအဟောင်းမှာ ပြတ်လတ်သွားတော့မည် ဖြစ်သည့်အတွက် ထားဝယ်မြို့၏ လက်ကား အရောင်းဆိုင်တစ်ချို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ပထမပတ်မှစပြီး ဒီဇင်ဘာ ပထမပတ်အထိ တစ်ပိဿာ ကျပ်သုံးထောင်ကျော်မှ ကျပ်ငါးထောင်နီးပါးအထိ စျေးတက်သွားခြင်းဖြစ်သည်။ “မော်လမြိုင်မှာအဟောင်းကမရှိတော့ဘူး အသစ်ကတော့ဝင်နေတယ်ပေါ့နော် ဈေးကတော့ကျမသွားဘူး မာနေတဲ့သဘောတော့ရှိတာ‌ပေါ့”ဟု သူမကပြောသည်။ လက်ရှိထားဝယ်လက်ကားဈေးကွက်တွင် ကြက်သွန်ဟောင်းတစ်ပိဿာ ၄၈၀၀ ခန့်နှင့် ကြက်သွန်သစ်တစ်ပိဿာမှာ ၄၂၀၀ ကျပ် ဖြင့် ဈေးကွက်တွင်ရောင်းချလျက်ရှိသည်။ သို့သော်ထားဝယ်မြို့၏ လက်လီဈေးကွက်တွင် ကြက်သွန်ဟောင်းတစ်ပိဿာ ကျပ် ငါးထောင်‌ေကျာ်ဝန်းကျင်ခန့်ပေးဝယ်ခဲ့ရကြောင်း လောင်းလုံးမြို့နယ်ရှိ မုန့်လက်သုတ် ဆိုင်ဖွင့်ထားသူ အမျိုးသမီးကပြောသည်။ “ကြက်သွန်သစ်က မြင်တောင်မမြင်ရသေးဘူး ကြက်သွန်ဟောင်းကတော့ […]

ထိုင်းပင်လယ်ပြင်တွင် မျောပါနေသော ရိုဟင်ဂျာ ၁၅၀ ကျော် အကူညီလိုအပ်နေ

diz_admin

December 7, 2022

ထိုင်းနိုင်ငံ ပင်လယ်ပြင်တွင် စက်ချွတ်ယွင်းသွားသဖြင့် လှေပေါ်တွင် မျောပါနေသော ရိုဟင်ဂျာ ၁၅၀ ကျော်သည် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေကြောင်း ယနေ့ (ဒီဇင်ဘာ ၇) REUTERS သတင်းဌာနက ဖော်ပြထားသည်။ လှေပေါ်တွင် သေဆုံးသူများရှိနေ၍ အာဏာပိုင်များအနေဖြင့် ရိုဟင်ဂျာများကို အရေးပေါ်ကူညီကယ်ဆယ်ပေးရန် တက်ကြွလှုပ်ရှားသူများ တောင်းဆိုလျက်ရှိသည်။ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒုက္ခသည်စခန်းမှ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် လှေဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်အနီးရှိ ပင်လယ်ပြင်တွင် စက်စတင်ချွတ်ယွင်းသွားခဲ့သည်ဟု ဆိုသည်။ ထိုင်းပင်လယ်ပြင်အတွင်း မျောပါနေသည်ကို ရခိုင်အရေး တက်ကြွလှုပ်ရှားသူ Chris Lewa က လှေပေါ်ပါ ရိုဟင်ဂျာများ၏ ဆွေမျိုးများကို ဆက်သွယ်မေးမြန်းခဲ့ရာမှ သိရှိခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ လှေပေါ်တွင် အစာနှင့်ရေ ပြတ်သွားပြီဖြစ်ပြီး ထိုင်းရေတပ်လှေတစ်စီးက သူတို့ကို တွေ့ရှိခဲ့သော်လည်း အကူအညီမပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အမည်မဖော်လိုသူ ထိုင်းရေတပ်အရာရှိတစ်ဦးက […]

တရားမဝင် ဝင်လာသော ရိုဟင်ဂျာ ၄၈ ဦးကို ထိုင်းရဲဖမ်းဆီး

diz_admin

December 7, 2022

ထိုင်းနိုင်ငံ ရတ်ချ်ဘူရီခရိုင်တွင် စင်းလုံငှားဘတ်စ်ကားဖြင့် တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာ ၄၈ ဦးကို ယနေ့ (ဒီဇင်ဘာ ၇) မနက်ပိုင်းအချိန်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရတ်ချ်ဘူရီခရိုင် ပက်ထိုးဒေသ ဖက်ကဆန်အမြန်လမ်းမပေါ်တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံတောင်ပိုင်းသို့ ပို့ဆောင်နေသည်ဟု သတင်းရရှိမှုကြောင့် ပုံမှန်မဟုတ်သော ဘတ်စ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ ရိုဟင်ဂျာများကို ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ဖော်ပြထားသည်။ ဘတ်စ်ကားပေါ်တွင် ရိုဟင်ဂျာ အမျိုးသား ၃၀ ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၄၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့တွင် အသက် ၁၃ နှစ်အောက် ကလေးငယ် ၅ ဦးပါဝင်ကြောင်း သိရသည်။ ရိုဟင်ဂျာများကို မေးမြန်းရာတွင် ၎င်းတို့သည် […]

ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာမှ စစ်ဘေးရှောင် ရွာသားတစ်ဦး အသတ်ခံရ

diz_admin

December 7, 2022

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာမှ စစ်ဘေးရှောင် ရွာသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ထားသည်ကို ယနေ့(ဒီဇင်ဘာ ၇)နံနက်က တွေ့ရကြောင်း ဒေသခံရွာသားများက ဆိုသည်။ အသက် ၅၇ နှစ်ခန့်အရွယ် ဦးသန်းဝင်းမှာ အခြားရွာသားများနှင့်အတူ စစ်ဘေးရှောင်နေသူဖြစ်ပြီး စစ်ကောင်စီတပ် ပြန်ထွက်သွားပြီထင်ကာ ရွာအခြေအနေ ပြန်ကြည့်ရန် ဒီဇင်ဘာလ ၆ ရက်နေ့နံနက် အစောပိုင်းတွင် အိမ်ပြန်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ သေနတ်သံများကြားကြားချင်း ရွာကိုပြန်ပြီးသွားမကြည့်ရဲကြသဖြင့် ဒီဇင်ဘာ ၇ ရက်နေ့ နံနက်မှ ဦးသန်းဝင်း၏ ဇနီးဖြစ်သူနှင့်အတူ ရွာသူရွာသားများက သွားကြည့်ရာ  နေအိမ်အပေါ်တွင် သေနတ်ဒဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အိမ်မှာပဲ ဘုရားစင်ခန်းထဲမှာ ပစ်ခံထားရတာလည်း ခေါင်းတစ်လုံးလုံး ရစရာကိုမရှိဘူး။ ဦးနှောက်ဆီတွေဘာတွေ ဘာမှမရှိတော့ဘူး။ ဂလိုင်ကြီးဖြစ်ပြီး မျက်စိတွေဘာတွေလည်း မရှိတော့ဘူး။ ခေါင်းတစ်လုံးလုံး ကြေနေတယ်၊ […]

ပုလောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ် သေနတ်ဖြင့်ပစ်ခတ်ခံရဟုဆို

diz_admin

December 7, 2022

မြိတ်ခရိုင်၊ပုလောမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ကို သေနတ်ဖြင့်လာရောက် ပစ်ခတ်သွားကြောင်း ပုလောမြို့ခံများ ထံမှသိရသည်။ ယနေ့ညနေ ၄ နာရီဝန်းကျင်ခန့်က မြန်မာ့စီးပွားရေးဘဏ်အား သေနတ်သမားများမှ ဆိုင်ကယ်လေးစီးဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ သေနတ်ဖြင့် ပစ်ခတ်သည့် အဖွဲ့တွင် လူ ၈ ဦးပါရှိပြီး ပြည်သူ့ကာကွယ်ရေးတပ် ဝတ်စုံများဝတ်ဆင်ထားသည်ကို တွေ့ရကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရချိန်တွင် အဆိုပါဘဏ်အတွင်း စစ်ကောင်စီတပ်သား သုံးဦးလုံခြုံရေးယူထားသည်ကို တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းဘဏ်မှာ ရွေးကောက်ပွဲကော်မရှင်ရုံး အနီးတွင်တည်ရှိပြီး အဆိုပါကော်မရှင်ရုံးလည်း သေနတ်ဖြင့်ပစ်ခတ်ခံရသေးကြောင်း ၎င်းတို့ကဆိုသည်။ “အထိအခိုက်တော့ ရှိတယ်လို့ကြားတယ်။ ဘယ်နှစ်ယောက်ထိလည်း အတိအကျတော့ မသိရသေးဘူး”ဟု ပုလောမြို့ဒေသခံကပြောသည်။ ဘဏ်ကိုသေနတ်ဖြင့် ဝင်ပစ်သွားသည်ဟု ကြားရသော်လည်း အသေးစိတ်ကို မသိရသေးဟု ပုလောမြို့အနီး ကဒဲကျေးရွာနေ ဒေသခံနောက်တစ်ဦးကလည်း အတည်ပြုပြောဆိုသည်။ ဘဏ်ပစ်ခတ်ခံရပြီးနောက် သေနတ်သံအများအပြား […]