ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရ

diz_admin

December 22, 2022

တနင်္သာရီမြို့၊ ဗောဓိကမ်းရွာနေ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ညောင်ပင်ကွင်းရွာနှင့် ဘန်လောကျေးရွာတို့မှ အရပ်သား အနည်းဆုံးခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ညောင်ပင်ကွင်းရွာဖက်သို့ ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းတည့်ချိန်မှ ညနေအချိန်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ညောင်ပင်ကွင်းရွာတွင် ရော်ဘာခြစ်နေသည့် ပြည်သူလေးဦးနှင့် ဘန်လောရွာနေ ပြည်သူနှစ်ဦး စုစုပေါင်း ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “ညောင်ပင်ကွင်းကိုကျော်ပြီး ဘန်လောရွာလမ်းဆုံမှာ နှစ်လုံးလာကျတယ်။ နှစ်ယောက်ထိတယ်။ လူနာတွေအားလုံး အခု မြိတ်ဆေးရုံကို ရောက်နေတယ်။ မိန်းကလေးတစ်ယောက်က ဦးနှောက်မှာထိပြီး အခြေအနေဆိုးနေတယ်လို့ ကြားရတယ်”ဟု ဘန်လောရွာ ဒေသခံကပြောသည်။ ညောင်ပင်ကွင်းရွာနှင့် ဘန်လောရွာတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်တစ်ချို့ မကြာခဏ အဝင်အထွက်ပြုလုပ်လေ့ရှိပြီး ပစ်ခတ်သည့်အချိန်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိကြောင်း ဒေသခံတစ်ချို့ကဆိုသည်။ “သူ့တိုတပ်(စစ်ကောင်စီတပ်)ကို လာမချခင် ကြိုကာပြီး […]

ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

December 22, 2022

မွန်ပြည်နယ်၊ ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်သည် ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က အမှတ် (၂) အလကကျောင်းရှေ့တွင် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားသည်ဟုလည်း မြို့ခံတို့က ပြောသည်။ ”အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးက အရင်ကလည်း ပစ်ခတ်ခံရတာရှိတယ်၊ ဘာမှမဖြစ်ဘူးပေါ့ ဒီတစ်ခါကတော့ ပွဲချင်းပြီးဖြစ်သွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ကို ရာမညပြောက်ကျားတပ်ဖွဲ့ (R.G.F) က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးကျော်အောင်သည် စစ်ကောင်စီနှင့် ပူပေါင်းပြီး ပြည်သူများအပေါ် အကြမ်းဖက်ခြင်း ငွေညှစ်ခြင်းများအပြင် စစ်ကောင်စီထံ […]

လောင်းလုံး တောမိုးတောင်ကြော စစ်ကြောင်းထိုးရှာဖွေနေ

diz_admin

December 22, 2022

လောင်းလုံးမြို့နယ်ရှိ တောမိုးတောင်နှင့်အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်များနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့တို့က ယနေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကြောင်းထိုးရှာဖွေနေကြောင်း ဒေသခံက ပြောသည်။ ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က တောမိုးတောင် အရှေ့ဘက်က တက်ရောက်ပြီး ကရင်ကြီး ပျူစောထီးအဖွဲ့က တောမိုးတောင် အနောက်ဖက်က တက်ရောက်ကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံတို့က ဆိုသည်။ “PDF စခန်းတွေကို ရှာဖွေနေပုံရတယ်။ အခုထိတော့ သေနတ်ပစ်သံမျိုးတော့ မကြားရသေးဘူး” ဟု ဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၂နာရီခွဲဝန်းကျင်တွင် ပြောသည်။ ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် သဘော့ဆိပ်၊ ပြင်ကြီး စသည့် ကျေးရွာများထဲတွင် လက်နက်များထမ်း၍ သွားလာလှုပ်ရှားမှုနေသည့်အတွက် ဒေသခံများ ထိတ်လန့်နေကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “ကျွန်မတို့က သွားစရာလည်းမရှိဘူး။ ဒီလိုပဲကိုယ့်အိမ်မှာ နေရတာပေါ့။ […]

တိုက်ပွဲများကြောင့် ပလတွင် အုတ်လုပ်ငန်း မစနိုင်သေးဟုဆို

diz_admin

December 22, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် နှစ်ဖက်တိုက်ပွဲများကြောင့် အုတ်လုပ်ငန်းများ မစနိုင်သေးကြောင်း ပလမြို့ရှိ အုပ်လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ထို့ကြောင့် အုတ်ဈေးတက်ကာ ဈေးကွက်အတွင်း အုတ်များလည်း ပြတ်လပ်နေကြောင်း ၎င်းတို့က ဆိုသည်။ ပုံမှန်အားဖြင့် မိုးရာသီအကုန်တွင် အုတ်ဖုတ်လုပ်ငန်း စတင်လုပ်ကိုင်နေကြပြီဖြစ်သော်လည်း ယခုနှစ်တွင် နှစ်ဖက်တိုက်ပွဲ ဆက်တိုက်ဖြစ်ပေါ်လာနေသည့်အတွက် လုပ်ငန်း မစနိုင်သေးကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။ “နှစ်တိုင်းဒီအချိန်ဆို သုံးဖိုလောက်ပြီးနေပြီ။ ခုက ဟိုကပစ် ဒီကပစ်နဲ့ စတောင်မစရဲကြသေးဘူး” ဟု ပလမြို့မှ အုတ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ အုတ်လုပ်ငန်းလုပ်ရန် မြေတူးစက် ဘက်ဟိုး ပြင်ပမှ ငှားရမ်းလုပ်ကိုင်ရပြီး လက်ရှိတွင် တိုက်ပွဲကြောင့် ဘက်ဟိုး မောင်းသူများသည်လည်း လုပ်ငန်းခွင်သို့ မလာရဲကြကြောင်း ၎င်းက ပြောဆိုသည်။ ပလမြို့မှ အုတ်လုပ်ငန်းရှင်နောက်တစ်ဦးကလည်း “ဟိုဖက်ဒီဖက် အတိုက်အခိုက်တွေ ဆက်တိုက်ဖြစ်နေတော့ […]

ပလမြို့ ဝါးဇွမ်းအုပ်ကျေးရွာတွင် ယနေ့ ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်မြင်ကွင်းများ

diz_admin

December 22, 2022

ပုလောမြို့နယ် ပလမြို့ ဝါးဇွမ်းအုပ်ကျေးရွာတွင် ယနေ့ ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်မြင်ကွင်းများ ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်တွင် ရွာသူ၊ ရွာသာများစုပေါင်းစားသောက်ပွဲ၊ ဖျော်ဖြေရေးနှင့် အားကစားပွဲ‌များကို ထည့်သွင်းကျင်းပနေသည်။ တနင်္သာရီတိုင်းရှိ ဒေသအသီးသီးက ကရင်တိုင်းရင်းသားများလည်း နှစ်သစ်ကူးပွဲတော်ကို ကျင်းပလျှက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးရန်ပါရှိသည့် မြန်မာ့အရေး ဆုံးဖြတ်ချက် ကုလလုံခြုံရေးကောင်စီ သဘောတူဆုံးဖြတ်

diz_admin

December 22, 2022

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန် လွှတ်ပေးရန် စစ်ကောင်စီအား တိုက်တွန်းထားသည့် မြန်မာ့အရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူဆုံးဖြတ် အတည်ပြုလိုက်ပြီဖြစ်သည်။ မြန်မာပြည်တွင်းက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှုနှင့် နိုင်ငံရေးအကျဥ်းသားများ အားလုံးကို လွှတ်ပေးရန် စစ်တပ်ကို တောင်းဆိုထားသည့် ယင်းဆုံးဖြတ်ချက်မူကြမ်းကို ဒီဇင်ဘာလ ၂၁ ရက်က ကုလလုံခြုံရေးကောင်စီတွင် မဲပေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ “ဒါဟာ စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ ဒေသတွင်းက အခြားအရေးကြီးတဲ့နိုင်ငံတွေနဲ့ ဆွေးနွေးသုံးသပ်ပြီးမှ ဖြစ်ပေါ်လာတာ”ဟု ကုလသမဂ္ဂဆိုင်ရာယူကေနိုင်ငံ သံအမတ်ကြီးက ပြောဆိုကြောင်း RFA သတင်းတွင် ဖော်ပြထားသည်။ လုံခြုံရေးကောင်စီ၏ ယင်းဆုံးဖြတ်ချက်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အာဆီယံနှင့်ရထားသည့် သဘောတူညီချက်များကို […]

ပလမြို့တွင် တိုက်ပွဲပြင်းထန်

diz_admin

December 21, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်ကစတင်ပြီး မြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။ “ပစ်ခတ်နေတဲ့ အသံတွေဆူညံနေတယ်။ တိုရွာလူတွေလည်း မြဒေါင်ရွာဖက်ကို ထွက်ပြေးလာနေကြတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ တိုရွာသည် ပလမြို့၏ အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်ဖြစ်ပြီး ပလမြို့နှင့် တစ်မိုင်နီးပါးကွာဝေးသည်။ တိုရွာဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ရှိနေပြီး ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က ပလမြို့မှနေ၍ လက်နက်ကြီးများဖြင့် တိုရွာဖက်သို့ ပစ်ခတ်ခဲ့သဖြင့် အရပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ဆေးရုံပို့ဆောင် ထားရကြောင်း ယနေ့ မွန်းလွဲပိုင်းတွင် ဒေသခံများက ပြောသည်။ တိုရွာဘက်တွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များက ပလတွင် […]

မြိတ်တွင် အမျိုးသမီးတစ်ဦး ထီစုငွေ ကျပ်သိန်း‌ထောင်ချီ လိမ်လည်ပြီး တိမ်းရှောင်

diz_admin

December 21, 2022

မြိတ်မြို့ မြိတ်တောင်နယ်မြေ ထားဝယ်ကမ်း (၁) ရပ်ကွက်ရှိ ထီစုဒိုင် အမျိုးသမီးတစ်‌ဦးသည် ထီစုငွေ ကျပ်သိန်း‌ထောင်ချီ လိမ်လည်ကာ ဒီဇင်ဘာလ ၁၉ ရက်နေ့က ထွက်ပြေးတိမ်းရှောင်နေကြောင်း ယင်းရပ်ကွက်နေသူနှင့် ထီစုငွေ လိမ်လည်ခံရသူအချို့ထံမှ သိရသည်။ ထီစုငွေများအား လိမ်လည်ပြီး တိမ်းရှောင်သူ၏နေအိမ်အား ထီစုငွေထည့်ဝင်ထားသူတို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်က တာဝန်ရှိသူတို့ လာရောက်ရှာဖွေခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။ “ဝန်ထမ်းအကြီးအကဲ သားသမီးတွေရဲ့ ငွေတွေရော ပါသွားတယ်လို့ကြားရတယ်။ တစ်အိမ်လုံး လူမရှိကြတော့ အိမ်ကို ဖွင့်ရှာကြတာ” ဟု ထားဝယ်ကမ်းရပ်နေ အမျိုးသားတစ်ဦးက ဆိုသည်။ တစ်ဦးလျှင် ကျပ်သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ ပါသွားကြောင်း ငွေလိမ်လည်ခံရသူအချို့က ပြောဆိုသည်။ “ထီစုငွေ အမ်းဖို့ဆိုပြီး သိန်းသုံးဆယ်ကျော်ပေးလိုက်တာ နောက်တစ်ရက် မိုးလင်းဆို လူမရှိတော့ဘူး” ဟု ထီစုငွေပါသွားသူ […]