ထားဝယ်ဒေသထွက် ဒူးရင်းစေ့များ ဝယ်နေ၊ ဈေးကောင်းမရ
diz_admin
April 18, 2023ထားဝယ်ဒေသထွက် ဒူးရင်းစေ့ တစ်ပိဿာကို ၁၅၀ဝကျပ်ဖြင့် ပေးဝယ်နေကြောင်း ထားဝယ်မြို့ပေါ်ရှိ ဒူးရင်းစေ့အဝယ်ဒိုင်အချို့ထံမှ သိရသည်။ ဒူရင်းစေ့များမှာ ပြီးခဲ့သည့်လေးနှစ်အတွင်း တစ်နှစ်ထက် တစ်နှစ်ဈေးနှုန်း ကျဆင်းနေကြောင်းလည်း စုံစမ်းသိရှိရသည်။ လက်ရှိတွင် အစေ့ကြီး အဖြူ လုံးသန့်များကိုသာ ဝယ်ယူနေသည်ဟု ဒူးရင်းသီးအစေ့အဝယ်ဒိုင် ဖွင့်လှစ်ထားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “အစေ့မဲ၊ အကွဲတွေတော့ မယူပါဘူး” ဟု ၎င်းက ဆိုသည်။ စားပြီး နှစ်ရက်သာရှိသေးသည့် ဒူးရင်းစေ့များသာ ရောင်းတန်းဝင်ကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။ “အစေ့က အထားကြာရင် မဲသွားတယ်။ အပင်ပေါက်သွားတယ်ပေါ့၊ အဲဒါလိုမျိုးဆို မဝယ်ဘူး” ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ဒူးရင်းသီးထွက်ရှိသည်။ ထားဝယ်ဒေသနှင့် မြိတ်ဒေသမှ ထွက်သည့် ဒူးရင်းစေ့ကို ကော့သောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချကြကြောင်း အဝယ်ဒိုင်များထံမှ […]


