သင်္ကြန်အပြီး ထားဝယ်တွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုပြန်တင်းကျပ်
diz_admin
April 20, 2023ထားဝယ်မြို့ပေါ်၌ သင်္ကြန်ကာလတွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ မရှိခဲ့သော်လည်း သင်္ကြန်ကာလကျော်သည်နှင့် ပုံမှန်အတိုင်းပြန်လည်စစ်ဆေးတင်းကျပ်လာကြောင်း မြို့ခံအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများ၊ ယာဉ်မောင်းလိုင်စင်ကဲ့သို့သော အထောက်အထားစာရွက်စာတမ်းမရှိဘဲ မော်တော်ယာဉ်မောင်းနှင်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးခဲ့သည်။ ယင်းအပြင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါ မစီးနင်းရ စသည့် မော်တော်ယာဉ် ဥပဒေတွင်မပါသည့် စည်းကမ်းအချို့ကိုလည်း ထုတ်ပြန်ခဲ့သည်။ ယာဉ်ထိန်းရဲများသာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကပါ မြို့အတွင်းလှည့်ပတ်သွားလာက စစ်ဆေးတင်းကျပ်နေပြီး တစ်ခါတရံ ပစ်ခတ်ဖမ်းဆီးခြင်းပင် ပြုလုပ်လေ့ရှိသည်။ သင်္ကြန်ကာလတွင်မူ မော်တော်ဆိုင်ကယ်နှင့်ပတ်သက်ပြီး စစ်ဆေးမှု မပြုလုပ်တော့ကြောင်း မြို့ခံအချို့က ပြောသည်။ သင်္ကြန်အတွင်း ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မြို့ထဲဆိုင်ကယ်မောင်းနှင်နေသူများကို တွေ့ရပြီး သင်္ကြန်မဏ္ဍပ်သို့လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးပြီး ရေပက်ခံနေသည်ကိုတွေ့ရကြောင်း မြို့ခံအချို့က ဆိုသည်။ “မဏ္ဍပ်ရှေ့မှာ မော်တော်ပီကယ်ရှေ့မှာ ကိုယ်တိုင်ပဲ စီးနေကြတာ။ […]


