ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြန်မာလုပ်သားနှစ်ဦး ညပိုင်းဆိုင်ကယ်စတန့်ပြမောင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်၊ ထိုင်းလူမျိုးက သေနတ်ပစ်ဖောက်

diz_admin

April 29, 2023

ထိုင်းတောင်ပိုင်းတွင် ချွန်ဖော်ခရိုင် ဟတ်ပကလိုင်ဒေသရှိ ထိုင်းလူမျိုးများနေအိမ်ရှေ့တွင် မြန်မာအလုပ်သမားနှစ်ဦး ညပိုင်း ဆိုင်ကယ်စတန့်ပြမောင်းနှင်နေရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့တွင် ဖော်ပြသည်။ ဧပြီလ ၂၅ ရက်နေ့ ညပိုင်းက ဆိုင်ကယ်ဘီးထောင်စတန့်ပြကာ အကြိမ်ပေါင်းများစွာ မောင်းနှင်နေခဲ့ပြီး ဆိုင်ကယ်သံ ဆူညံသဖြင့် ထိုင်းလူမျိုးတစ်ဦးက ၎င်း၏ အိမ်ရှေ့တွင် ဆူဆူညံညံ မမောင်းနှင်ကြရန် တားမြစ်ခဲ့ကြောင်း ရေးသားထားသည်။ ယင်းသို့ တားမြစ်နေချိန် အဆိုပါထိုင်းလူမျိုး၏ သားဖြစ်သူကပါ တုတ်ကိုင်ဆောင်ကာ ထွက်လာခဲ့ပြီး စကားအချေအတင် ဖြစ်ခဲ့ကြသည်ဟု ဆိုသည်။ ယင်းနောက် မြန်မာအလုပ်သမားနှစ်ဦး ပြန်ထွက်ပြီး ၁၀ မိနစ်ခန့်အကြာတွင် တုတ်၊ ဓားများကိုင်ဆောင်လာသည့် လူ ၂၀ ခန့် ခေါ်ဆောင်ကာ ယင်းအိမ်ရှေ့သို့ ပြန်ရောက်လာကြောင်း သတင်းတွင်ဖော်ပြသည်။ လူစုလူဝေးဖြင့် ရောက်ရှိလာချိန် ထိုင်းလူမျိုးအိမ်ရှင်ဖြစ်သူသည် နေအိမ်ထဲပြန်ဝင်ကာ သေနတ်ယူဆောင်ပြီး မိုးပေါ်ထောင်ကာ […]

ဂျပန်နိုင်ငံအနေဖြင့် စစ်ကောင်စီကို ပိတ်ဆို့အရေးယူသင့်ဟု ကုလကျွမ်းကျင်သူ တိုက်တွန်း

diz_admin

April 29, 2023

ယူကရိန်းကျူးကျော်မှုနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ပင်ခဲ့သလို ဂျပန်နိုင်ငံအနေနှင့် မြန်မာစစ်အစိုးရ ကို ပိတ်ဆို့အရေးယူသင့်ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ဦးက ဧပြီလ ၂၇ရက်နေ့တွင် ပြောကြားခဲ့ ကြောင်း သိရသည်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးစ်ကလည်း မြန်မာစစ်တပ်အတွက် လေ့ကျင့်ရေး အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းရန် ဂျပန်အစိုးရကို တိုက်တွန်းခဲ့သည်။ ထို့ပြင် ဤသို့ အပြုအမူသည် မြန်မာနိုင်ငံ၏ ပကတိ စစ်တပ်၏ ပုံရိပ် ကို ပိုမို ညှိုးနွမ်းစေသလို ဖြစ်လာနိုင်ကြောင်း အင်ဒရူးစ် က သတိပေးပြောကြားခဲ့သည်။ “မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေက ကြောက်စရာကောင်းပြီး ပိုဆိုးလာတယ်” ဟု အင်ဒရူးစ်က ဂျပန်အရာရှိများနှင့် စီးပွားရေးလုပ်ငန်းများကို တွေ့ဆုံရန် တိုကျိုမြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီး သတင်းထောက်များအား […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

April 28, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နှစ် ၇၀ မဟာမိတ်အဖြစ် တောင်ကိုရီးယားသမ္မတ အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြော နှစ်နိုင်ငံ မဟာမိတ်ဖြစ်တည်တဲ့ အနှစ် ၇၀ မြောက် အထိမ်းအမှတ်ကာလကို ဖြတ်သန်းနိုင်ခဲ့တဲ့အတွက် ဒီမိုကရက်တွေရော ရီပတ်ဘလစ်ကင် ပါတီဝင်တွေကိုပါ ကျေးဇူးတင်တယ်လို့ ဧပြီလ ၂၇ ရက်နေ့ အမေရိကန်လွှတ်တော်မှာ တောင်ကိုရီးယားသမ္မတ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။   တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က အမေရိကန်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံကြား မိတ်ဆွေဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု သက်တမ်း အနှစ် ၇၀ ရှိလာတာအတွက် အမေရိကန်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲမှာ ချီးကျူးဂုဏ်ပြုလိုက်တာပါ။ […]

မြိတ်တွင် အမျိုးသားနှစ်ဦး ဓာတ်လိုက်

diz_admin

April 28, 2023

မြိတ်မြို့ နောက်လယ်ရပ်ရှိ ပထမအမျိုးသားအာမခံရုံးတွင် ယနေ့ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက အမျိုးသားနှစ်ဦး ဓာတ်လိုက်ပြီး ဒဏ်ရာရကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးသည် ပထမအမျိုးသားအာမခံရုံးအပေါ်ထပ်ရှိ ဆိုင်းဘုတ်အား တက်ဖြုတ်ရာမှ ဓာတ်လိုက်ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ “ဆိုင်းဘုတ်တက်ဖြုတ်တော့ လမ်းပေါ်က ဓာတ်ကြိုးနဲ့သွားထိပြီး ဓာတ်လိုက်ခဲ့တာပါ” ၎င်းက ပြောဆိုသည်။ ဓာတ်လိုက်သည့်အမျိုးသားနှစ်ဦးအား မြိတ်ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ၎င်းတို့သည် စကားပြောနိုင်သည့်အနေအထားရှိနေသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေ မရှိနိုင်ကြောင်း နာရေးကူညီမှု အသင်းဝင်တစ်ဦးက ပြောဆိုသည်။ “တစ်ယောက်က ခါးညွတ်သွားတယ်။ ပြန်တည့်လို့တောင်မရဘူး။ တစ်ယောက်က ရင်ဘက်နဲ့ လက်တွေမှာ (မီးလောင်ဒဏ်ရာလို) ဒဏ်ရာရသွားတယ်။ နှစ်ယောက်လုံး ညှော်နံ့ရနေတာ” ဟု အခြားနာရေးကူညီမှုအသင်းအသင်းတစ်သင်းမှ […]

တနင်္သာရီတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်နေ

diz_admin

April 28, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ဧပြီ ၂၆ ရက်နေ့မှ ယနေ့အထိ ၃ ရက်ဆက် တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာအုပ်စုအတွင်း ယနေ့ နေ့လယ် ၃ နာရီကျော်ဝန်းကျင်မှစတင်ပြီး နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွါးနေသည်ဟု ဒေသခံများကပြောသည်။ “ပစ်နေတာ ၂ ချီရှိပြီ ဟိုဘက်(စစ်ကောင်စီ)က လက်နက်ကြီးနဲ့ ချည်းထုနေတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ဘန်လော ၅ မိုင်၊၆ မိုင်ရွာနေ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ထံမှသိရသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုကို မသိရှိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်သည်ဟုကြားရကြောင်း၊  သို့သော် အခြေအနေမစိုးရိမ်ရဟု သိရကြောင်း PDF တပ်နှင့်နီးစပ်သူ တစ်ဦးကပြောသည်။ မနေ့ ဧပြီလ ၂၇ ရက်ကလည်း တနင်္သာရီမြို့နယ်၊ လယ်တောင်ယာရွာနှင့် […]

ကံပေါက်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

April 28, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ မဂ္ဂင်ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတစ်ဦး ဧပြီလ ၂၇ ရက်ညက ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့ကပြောသည်။ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမျိုးဆိုသူသည် ကံပေါက်ဆီအုန်းခြံအနီးရှိ ၎င်း၏မွေးမြူရေးခြံအတွင်း သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ခြံနားနီးချင်းတစ်ယောက် မနက်ခြံသွားလို့ မြင်ပြီးလာပြောပြလို့၊ သူတို့အိမ်က သိတာကတော့ ဒီနေ့မနက် (ဧပြီ ၂၈) မှ သိကြတာ။ အလောင်းကိုက ရေတပ်က လာကောက် (ယူ) သွားတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောဆိုသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသူသည် နယ်ခံမဟုတ်ဘဲ ကံပေါက်ရွာသူနှင့် အိမ်ထောင်ပြုပြီးအခြေချနေထိုင်ကာ ဥယျာဉ်ခြံနှင့် နွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အာဏာသိမ်းပြီးနောက် ၎င်း၏ နေအိမ်အနီးရှိ CB ဘဏ် (ကံပေါက်ဘဏ်ခွဲ) တွင် […]

လေးလအတွင်း စစ်ဘေးရှောင် ခုနစ်သိန်းနီးပါးထပ်တိုး၊ စစ်ဘေးရှောင် ၂ ဒသမ ၆ သန်းကျော်အထိရောက်ရှိ

diz_admin

April 28, 2023

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပိုမိုတင်းမာလာပြီး ယခုနှစ်တွင် ဧပြီလ ၂ဝရက်အထိ လေးလအတွင်း စစ်ဘေးရှောင် ဒုက္ခသည် ခုနစ်သိန်းနီးပါးတိုးလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က ယနေ့ ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ လေးလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၆၈၂,၃၄၄ ဦး တိုးလာခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလအတွင်း ကာလတိုတစ်ခုတွင် စံချိန်တင်တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းပမာဏသည် အာဏာသိမ်းကာလ ၂နှစ်ကျော်တွင် ရှိသည့် စစ်ဘေးရှောင်အရေအတွက်၏ လေးပုံတစ်ပုံ ၂၅ ရာခိုင်နှုန်း ရှိကြောင်း ISP Myanmar ထံမှ သိရသည်။ ၂နှစ်ကျော်ကာလတွင် လက်နက်ပဋိပက္ခဖြစ်စဉ်များကြောင့် စစ်ဘေးရှောင်းဒုက္ခသည် ၂ဒသမ ၆ သန်းကျော်ရှိလာပြီး အာဏာမသိမ်းခင်က စစ်ဘေးရှောင် ငါးသိန်းနီးပါးရှိသဖြင့် စုစုပေါင်း သုံးသန်းကျော်ရှိလာကြောင်းလည်း ထုတ်ပြန်ထားသည်။ ယင်းအပြင် ရိုဟင်ဂျာများအပါအဝင် တစ်သန်းထက်မနည်းမှာလည်း […]

ကျိုက်ထီးရိုးတောင်ခြေက ကင်မွန်းချောင်းရဲစခန်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

diz_admin

April 28, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး စခန်းမီးလောင်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကင်းမွန်ချောင်းနယ်မြေရဲစခန်းကို ဧပြီလ ၂၇ ရက် ညနေ ၄ နာရီကျော်က ကျိုက်ထိုမြို့နယ် တော်လှန်ရေး အင်အားစုတို့က ဒရုန်းဖြင့် လေးကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ထုတ်ပြန်ထားသည်။ ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲစခန်း မီးလောင်ပြာကျသွားသည်ဟု တော်လှန်ရေး အင်အားစုတို့ဘက်က ထုတ်ပြန်ထားသော်လည်း အသေးစိတ်အခြေအနေကိုမူ Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “သေနတ်သံကြားရပြီးတော့ ရဲစခန်းဘက်မှာ မီးခိုးလုံးတွေ ထွက်လာတာတော့ တွေ့ရတယ်။ အသေးစိတ်တော့ မသိရဘူး” ဟု ကင်းမွန်ချောင်းဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်ခြင်း […]