ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ကြက်သွန်ဈေးတက်

Dawei Watch

May 9, 2023

ထားဝယ်ဈေးကွက်တွင် မေလ ပထမပတ်အတွင်း ကြက်သွန်ဈေးတက်လာကြောင်း ထားဝယ်မြို့ရှိ ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူများထံမှ သိရသည်။ ဧပြီလ ၂၈ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀ဝကျပ်ခန့် ဈေးရှိရာမှ မေလ ၉ရက်တွင် တစ်ပိဿာ ၂၈၀ဝကျပ် ဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ကုန်ခြောက်ဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဈေးကွက်ထဲမှာတော့ ကြက်သွန်တွေ ပြည်ပတင်ပို့နေတာများလာလို့ ဈေးတက်တယ်” ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ထားဝယ်ဈေးကွက်တွင် ဧပြီလ ၂၈ ရက်မှ မေလ ၉ ရက်အတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ်ရှစ်ရာခန့် ဈေးတက်သွားခြင်းဖြစ်ကြောင်း ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူများထံမှ သိရသည်။ ထားဝယ်ဒေသသည် ကြက်သွန်စိုက်ပျိုးထုတ်လုပ်သည့် ဒေသမဟုတ်သည့်အတွက်ကြောင့် ရန်ကုန်၊ မော်လမြိုင်ဈေးကွက်တို့မှတစ်ဆင့် မှာယူရောင်းချကြရသည်။ ရန်ကုန်နှင့် မော်လမြိုင် ဈေးကွက်တွင် ဈေးနှုန်းအပြောင်းလဲပေါ်မူတည်၍ ထားဝယ်ဒေသ၏ ကုန်ဈေးနှုန်းများမှာလည်း […]

ပုလောက သတင်းပေးဟုဆိုသူဆယ်ဦးကို အမည်နှင့်တကွ ပကဖ သတိပေးချက်ထုတ်

Dawei Watch

May 9, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် နေထိုင်သည့် Non CDM အပါအဝင် စစ်ကောင်စီသတင်းပေး ၁၀ ဦးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၈ရက်တွင် သတိပေးချက် ထုတ်ပြန်ထားသည်။ ဇရပ်ဆိပ်ကျေးရွာက အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး၊ ဘိုင်းပြင်ရွာက အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး တို့သည် စစ်ကောင်စီသတင်းပေး လုပ်နေကြောင်း ပြည်သူများက တိုင်ကြားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ယင်းလုပ်ရပ်များကို ရပ်တန့်က ရပ်ရန်နှင့် ဆက်လက်လုပ်ဆောင်လျှင် အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းတို့၏ အမည်၊ နေရပ်နှင့်တကွ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။ သတိပေးခံရသည့်အထဲတွင် Non CDM မည်မျှပါဝင်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ စစ်ကောင်စီတပ်ကို ကူညီထောက်ပံ့ပေးနေသည့် Non CDM များ၊ သတင်းပေးဒလန်များ၊ ပျူစောထီးများကြောင့် ပြည်သူများ ဖမ်းဆီးခံရခြင်း၊ တိုက်ပွဲဖြစ်စဉ်အတွင်း နေအိမ်များမီးရှို့ခံရခြင်းတို့ ပုလောမြို့နယ် နေရာအနှံ့အပြားတွင် […]

စစ်ကောင်စီကားနှစ်စီး သုံးဘီးနောက်လိုက်လာပြီး သောကြာပြင်ရွာသားကိုဖမ်းဆီး

Dawei Watch

May 9, 2023

လောင်းလုံးမြို့နယ် သောကြာပြင်ရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က မေလ ၈ ရက် နေ့လယ်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ‌ပြောသည်။ အဖမ်းခံရသူမှာ သောကြာပြင်ကျေးရွာ မာလီလတ်ကုန်စုံဆိုင်မှ ဦးနိုင်နိုင်ခေါ် ဦးသက်နိုင်ထွန်းဆိုသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထားဝယ်မြို့မှ လောင်းလုံးမြို့ဘက်ကို မောင်းနှင်လာသည့် သုံးဘီးတစ်စီးကို ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်ဆေးပြီးနောက် ယင်းသုံးဘီးကားနှင့်အတူ စစ်ကောင်စီကားနှစ်စီးလိုက်ပါလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “လာဖမ်းတဲ့ကားက ရိုးရိုးအိမ်စီးကားပဲ။ ကားအမဲကတစ်စီး အဖြူကတစ်စီး။ သုံးဘီးကို အလယ်မှာထားပြီး အဲဒီကားက ရှေ့ကတစ်စီး နောက်ကတစ်စီး ညှပ်ပြီးတော့လိုက်လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါသုံးဘီးမှာ ပစ္စည်းပို့နေသူဟုယူဆရပြီး သုံးဘီးအပေါ်တွင် အဝတ်အစားထုပ်နှင့် အခြားပစ္စည်းများ တင်ထားသည်ကို တွေ့ရ‌ကြောင်း ဒေသခံအချို့က ဆိုသည်။ “အဓိကကတော့ […]

မင်းထိန်ရွာသား လူငယ်နှစ်ဦးကို ဖမ်းဆီးခံရ

Dawei Watch

May 9, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများ ပြောသည်။ မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်က မင်းထိန်ရွာအတွင်းသို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီးရွာသူ၊ ရွာသား ၇၀ ဝန်းကျင်ကို ဘုန်းတော်ကြီးကျောင်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် အမျိုးသား ငါးဦးကို ပုလောမြို့ပေါ်ရှိ စစ်ကောင်စီတပ် ၂၈၅ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုသည်။ သုံးဦးကို နောက်တစ်ရက်တွင် ပြန်လွှတ်ပေးခဲ့ပြီး အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦးကိုမူ ဆက်လက် ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “နှစ်ယောက်စလုံးက အေးအေးဆေးဆေး နေတတ်သူတွေပါ။ တစ်ယောက်က ရော်ဘာချက်တယ်။ နောက်တစ်ယောက်က ဥယျာဉ်ခြံအလုပ်လုပ်တယ်။ ဘာကြောင့် ဖမ်းထားလည်းဆိုတာတော့ မသိရသေးဘူး” […]

တာဝါတိုင်မိုးကြိုးပစ်ခံရသဖြင့် ခမောင်းသွယ်တိုက်နယ်တွင် ဖုန်းနှင့် အင်တာနက်လိုင်းပြတ်တောက်

Dawei Watch

May 9, 2023

ထားဝယ်မြို့နယ် ခမောင်းသွယ်တိုက်နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာခန့်တွင် ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ပြီးခဲ့သည့် နှစ်ပတ်ခန့်က ခမောင်းသွယ်တိုက်နယ်ထဲရှိ ညောင်းတုန်းရွာတွင် စိုက်ထူးထားသော အက်တမ် (ယခင်တယ်လီနော) ဆက်သွယ်ရေးတာဝါတိုင် မိုးကြိုးပစ်ခတ်ခံရပြီးကတည်းက လိုင်းကျနေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ခမောင်းသွယ်တိုက်နယ်မှာ ထားဝယ် – မေတ္တာလမ်းပိုင်းတွင်ရှိပြီး ယင်းလမ်းပိုင်းတွင် မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ ရှိသည်။ ခမောင်းသွယ်တိုက်နယ်တွင် အက်တမ်ဖုန်းလိုင်းတစ်လိုင်းတည်းသာ အသုံးပြုရ၍ပြီး ကျန်ဖုန်းလိုင်းများ မရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။ မိုးကြိုးပစ်ခံရပြီး အသုံးပြုမရဖြစ်နေသည့် ဆက်သွယ်ရေးတာဝါတိုင်အား ကုမ္ပဏီဘက်က လာရောက်ပြင်ဆင်ပေးခြင်း မရှိသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းအတွက်ကြောင့် တိုက်နယ်အတွင်း အရေးပေါ်ကိစ္စများတွင် ဖုန်းဆက်သွယ်ရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း ပြောဆိုကြသည်။ ဒေသခံအချို့မှာ ဖုန်းလိုင်းမိသည့် တောင်ကုန်းအမြင့်များပေါ်သို့ သွားရောက်ပြီး ဖုန်းပြောခြင်း၊ […]

သရက်နှစ်ခွရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

diz_admin

April 29, 2023

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာတွင် ယနေ့ နံနက် ၆ နာရီကျော်က အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၆၉ နှစ်ခန့်အရွယ် ဦးထွန်းစိန်ဖြစ်ပြီး ပန်းပြင်ရွာသူနှင့် အိမ်ထောင်ကျကာ ပန်းပြင်ရွာတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ သရက်နှစ်ခွရွာရှိ မိဘညီအစ်ကိုမောင်နှမများ နေအိမ်တွင် သစ်ပင်ရေလောင်းရန်လာစဉ် နေအိမ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။ ဦးထွန်းစိန်သည် နှစ်လုံး၊ သုံးလုံးချဲထီရောင်းနေသူဖြစ်ပြီး ဇနီးဖြစ်သူမှာ ကွမ်းသီးခြောက်ဝယ်ရောင်း လုပ်နေသူဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ 

လောင်းလုံးမြို့ (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ တူတော်စပ်သူ ပစ်သတ်ခံရ

diz_admin

April 29, 2023

လောင်းလုံးမြို့နယ် သဗျာကျေးရွာအုပ်စု၊ ပဉ္စသီမော်ရွာအနီးတွင် ယနေ့ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက အမျိုးသားတစ်ဦးပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၃၄ နှစ်အရွယ်ရှိ ကိုမင်းဝါ (ခေါ်) ကို‌အောင်ဇေမင်းဆိုသူဖြစ်ပြီး လောင်းလုံးမြို့ပေါ် ရပ်ကွက်ဖြစ်သော (ဃ) ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “သူက မင်္ဂလာဆောင်ကိုလာတယ်။ အဲဒီမှာ ပစ်သတ်ခံလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ နံကြား ဝဲယာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။ အဆိုပါအမျိုးသားသည် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၏ တူတော်စပ်သူဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကိုအောင်ဇေမင်းသည် လောင်းလုံးမြို့မရဲစခန်းကို ဝင်ထွက်ရှိသူဖြစ်သလို ရဲတပ်ဖွဲ့ဝင်များကို ကားမောင်းပြီး ကိုယ်တိုင် လိုက်ပို့နေသည်ဟုဆိုကာ ယမန်နှစ် နိုဝင်ဘာလ […]

မြိတ်-ဘုတ်ပြင်းနှင့် မောတောင်လမ်း နေ့အချိန် သွားလာခွင့်ပြု

diz_admin

April 29, 2023

မြိတ်-ဘုတ်ပြင်းနှင့် မောတောင်လမ်းကို ယနေ့ ဧပြီလ ၂၉ ရက်နေ့မှ စတင်ကာ နေ့အချိန်သွားလာခွင့်ပြုကြောင်း  တနင်္သာရီတိုင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်သည်။ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းလမ်းနှင့် ထုံခါ-မောတောင်လမ်းကို နံနက် ၅ နာရီမှ ည ၇ နာရီအထိ နေ့ပိုင်း ပြန်လည်သွားလာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ သွားလာရာ၌ စစ်ကောင်စီယာဥ်တန်းများ၊ တပ်ရင်းတပ်ဖွဲ့ ဂိတ်စခန်းများနှင့် နီးကပ်စွါ သွားလာခြင်းမပြုရန်နှင့် စစ်ကောင်စီတပ်သား၊ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းများနှင့်ကုန်ပစ္စည်းများကို လုံးဝတင်ဆောင်ခြင်း မပြုရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင် လုံခြုံရေးလိုအပ်ချက်အရ တော်လှန်ရေးအင်အားစုများ၏ စစ်ဆေးခြင်းကိုလည်း ကြည်ဖြူစွါလိုက်နာကြရန်လည်း တိုက်တွန်းထားသည်။ တနင်္သာရီမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ထုံခါ-မောတောင် ကုန်သွယ်ရေးလမ်းကို မတ်လ ၂၉ ရက်နေ့ကစတင် ပိတ်ခဲ့ပြီး  မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းကိုလည်း ဧပြီလ ၃ ရက်နေ့တွင် […]