ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီမြို့နယ်တွင် NUG နှင့် NLD ကို ပုတ်ခတ်သည့်  စာများဖြန့်ဝေ

Dawei Watch

May 29, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့အား ပုတ်ခတ်ရေးသားထားသည့် စာစောင်များ ဖြန့်ဝေခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၂၈ နေ့နံနက်က ညောင်ပင်ကွင်းရွာအခြေစိုက် (၅၆၁)တပ်ရင်းမှ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာ၊ အရှေ့ကမ်းနှင့် အနောက်ကမ်းရွာများရှိ လမ်းသွားလမ်းလာများအား အဆိုပါလက်ကမ်းစာရွက်များ ဝေငှခဲ့ပြီး လမ်းဘေးဓါတ်တိုင်များတွင်လည်း လိုက်လံကပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းသို့ပြုလုပ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက သတင်းရသဖြင့် တိုက်ပွဲဖော်ဆောင်ရန် သွားရောက်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများ တပ်ရင်းပြင်ပသို့ ထွက်လာခြင်း မရှိတော့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်တစ်ခုတွင် “NUG နှင့် NLD အစွန်းရောက် နိုင်ငံရေးသမားတွေဟာ ခံစားလွယ်တတ်တဲ့ လူငယ်တွေရဲ့စိတ်ကို အသုံးချပြီး တိုင်းပြည်အလုံးစုံ ပျက်သုဉ်းအောင်ဖန်တီး”ဟူသော စာသားပါသလို NUG ဝန်ကြီး ထမင်းဝိုင်းနှင့်  PDF တောတွင်း တပ်သားများ၏ ထမင်းဝိုင်း ကိုလည်းဓါတ်ပုံဖြင့် နှိုင်းယှဥ်ပြသထားသည်။ ယင်းအပြင် စစ်ရေးလေ့ကျင့်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်များကိုလည်း နိုင်ငံရေးလုပ်စားသူများ၏ အသုံးချခံများဟု သုံးနှုန်းရေးသားထားသည်ကို […]

စစ်ကြောင်းထိုးလာချိန် ပစ်ခတ်မှုဖြစ်သဖြင့် ကျွန်းစုဒေသခံများ ထွက်ပြေးနေရ

Dawei Watch

May 29, 2023

ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပစ်ခတ်မှုဖြစ်သဖြင့် အနည်းဆုံးရွာသုံးရွာက ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ မေလ ၂၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က စစ်သင်္ဘောတစ်စီးအပါအဝင် သားပေါက်လှေငယ် (သစ်သားလှေ) ၅ စီးဖြင့် ဝင်ရောက်လာပြီး ကမ်းပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “PDF တွေက သူတို့အလာ ကြိုပြီးသွားပစ်တယ်။ စစ်ကောင်စီဘက်ကလည်း တစ်နာရီလောက် တခြမ်းတည်း မနားတမ်းပစ်ပြီး ကမ်းပေါ်တက်လာလို့ ရွာသားတွေ အကုန်ထွက်ပြေးကြရတယ်။ ဘဒ္ဒနဲ၊ ကမ်းသာ၊ မြိုင်သာ အကုန်ထွက်ပြေးရတယ်။ ဘဒ္ဒနဲဆို ရွာလုံးကျွတ်ပဲ ထွက်ပြေးရတာ” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်က ဘဒ္ဒနဲရွာနှင့် ကမ်းသာရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူနေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေမွှေနှောက်သွားကာ ယနေ့ […]

‘ကိုယ်ပိုင်မီဒီယာ’ အကောင့်များ နှိမ်နင်းရေးအဖြစ် ဆိုရှယ်မီဒီယာပို့စ်ပေါင်း ၁ ဒသမ ၄ သန်းကို တရုတ် ဖျက်ချ

Dawei Watch

May 28, 2023

လူမှုကွန်ရက်ပေါ် သတင်းမှားများ ၊ တရားမဝင် အကျိုးအမြတ် ရှာဖွေမှု ၊ အစိုးရအရာရှိ အသွင် ဟန်ဆောင်မှု အပြင် အခြားပြဿနာများနှင့် ပတ်သက်ပြီး နှစ်လကြာ စုံစမ်းစစ်ဆေးမှု အပြီးတွင် ကွန်ရက်အသီးသီးရှိ ပို့စ်ပေါင်း ၁ ဒသမ ၄ သန်းကို ဖျက်ပစ်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ လူမှုကွန်ရက် ဆိုင်ရာ မူဝါဒ ထိန်းချုပ်သည့် ဌာန တစ်ခု က ထုတ်ပြန်ကြေညာခဲ့သည်။ “ပြန်လည်ပြုပြင်တည့်မတ်ခြင်း” အစီအစဉ် ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်သည့် အနေနှင့် တရုတ်နိုင်ငံ ၊  ဆိုက်ဘာဝန်းကျင် ကြီးကြပ်ကွပ်ကဲရေးဌာန (Cyberspace Administration of China – CAC) သည် နိုင်ငံတွင်း အသုံးပြုခွင့် ရှိသည့် လူမှုကွန်ရက် အသီးသီးမှ အကောင့်ပေါင်း ၆၇,၀၀၀ […]

တော်လှန်ရေးအဖွဲ့ ဟန်ဆောင်ကာ ငွေကြေးတောင်းခံနေမှု စုံစမ်းအရေးယူမည်

Dawei Watch

May 27, 2023

တော်လှန်ရေးအဖွဲ့ ဟန်ဆောင်ကာ လုပ်ငန်းရှင်များအပေါ် ငွေကြေးတောင်းခံမှုကို စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမည်ဟု ဘုတ်ပြင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေလ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ဘုတ်ပြင်းမြို့နယ်၌ ယခုနှစ်မေလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်အသုံးပြုကာ ငွေလိမ်တောင်းခံမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာနေပြီး ယင်းလုပ်ရပ်သည် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိပါကြောင်းနှင့် ယင်းကိစ္စအား စုံစမ်းဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ငွေလွှဲလုပ်ကိုင်နေသည့် ဆိုင်များ၊ စီးပွါးရေးလုပ်ငန်းရှင်များနှင့်ရေလုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များထံသို့ ဖုန်းဖြင့်ဆက်သွယ်ပြီး တော်လှန်ရေးအင်အားစု အမည်အသုံးပြုကာ အဓမ္မခြိမ်းခြောက် ငွေကြေးတောင်းခံ လာမှုများ ဖြစ်ပေါ်လာနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  တော်လှန်ရေးအင်အားစုများအား ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုလုပ်နေသည့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်းကိုမဆို ဘုတ်ပြင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခြိမ်းခြောက်ငွေတောင်းခံရသူနှင့် တည်နေရာ အသေးစိတ်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ဒေသခံများအား […]

ပလမြို့တွင် ၂နှစ်သားကလေးနှင့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်သေဆုံး

Dawei Watch

May 27, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ မင်းပြင်ရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်ကာ အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်ရှိသည့် ပလမြို့ဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ မေလ ၂၆ရက် နံနက် ၁၁ နာရီဝန်းကျင်က မင်းပြင်ရွာရှိ မွေးမြူရေးကြက်ခြံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကြက်ခြံတွင် ကြက်စာကျွေးနေသည့် ခြံပိုင်ရှင် အသက် ၄၀ အရွယ် ဒေါ်ကေဂျာဝင်းလှိုင် ယင်းနေရာတွင်သေဆုံးကာ ဘေးအိမ်က အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်မှာ ဆေးရုံတင်ပို့စဉ် သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။ ဒေါ်ကေဂျာဝင်းလှိုင်မှာ ကလေးသုံးဦးမိခင်ဖြစ်ပြီး ခင်ပွန်းသည်မှာလည်း ဒဏ်ရာအနည်းငယ်ရကြောင်း ဒေသခံများထံမှ သိရသည်။ […]

လူသတ်တရားခံဆိုသူကို သတ်ဖြတ်အပြစ်ပေးမှု တနင်္သာရီ ပကဖနှင့် သက်ဆိုင်ခြင်းမရှိဟုထုတ်ပြန်

Dawei Watch

May 27, 2023

အမျိုးသားနှစ်ဦး ခိုက်ရန်ဖြစ်ပွါးခဲ့ပြီး လူသတ်မှုဖြစ်ပွါးခဲ့ရာတွင် ပြစ်မှုကျူးလွန်သူ ကိုဘိုငယ်ကို ကျေးရွာလုံခြုံရေးအဖွဲ့မှ ခေတ္တခေါ်ယူထိန်းသိမ်းထားစဥ် နဂါးနက်အဖွဲ့မှ လာရောက်ခေါ်ယူသွားပြီးနောက် မေလ ၂၃ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။ တနင်္သာရီမြို့နယ်၊တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းရွာတွင် မေလ ၂၁ ရက်က သရက်သီးခူးစားရာမှ အမျိုးသားနှစ်ဦး ခိုက်ရန်ဖြစ်ပွါးပြီး ကိုဘိုငယ်က ဓားဖြင့်ထိုးခြင်းကြောင့် တစ်ဖက်လူသေဆုံးသွားခြင်းဖြစ်သည်။ လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသော ကိုဘိုငယ်ကို နဂါးနက်အဖွဲ့က လာရောက်ခေါ်ယူသွားရာမှ ၂ ရက်အကြာတွင် သေဆုံးပြီဆိုကာ သင်္ဂြိုဟ်လိုက်ခြင်းဖြစ်သည်။ လူသတ်မှုကျူးလွန်သူ ကိုဘိုငယ်၏ ရုပ်အလောင်းကို မိသားစုထံပြန်လည်ပေးအပ်ခြင်းမရှိသလို သင်္ဂြိုဟ်ရာသို့လည်း လာရောက်ခွင့် မပေးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ကိုဘိုငယ် သေဆုံးမှုတွင် မိမိတို့တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သက်ဆိုင်ခြင်း မရှိပါကြောင်း၊ ဥပဒေအရ ကာကွယ်ချေပပိုင်ခွင့် မရှိဘဲစီရင်ခဲ့ခြင်းသည် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် အထူးစိုးရိမ်ဖွယ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ နဂါးနက်အဖွဲ့သည် […]

ဂျပန် နှင့် တောင်ကိုရီးယားနှစ်နိုင်ငံ သံတမန်ဆက်ဆံ​ရေး ပိုမိုမြှင့်တင်ရန် ကြိုးပမ်းမည်

Dawei Watch

May 10, 2023

သမိုင်းဝင်အငြင်းပွားမှုများကို ချန်ထားခဲ့ကာ တောင်ကိုရီးယားနှင့် ဂျပန် နှစ်နိုင်ငံအကြား နက်ရှိုင်းလာသည့် သံတမန်ရေး ဆောင်ရွက်ချက်များကို အလေးပေးကြိုးပမ်းရန် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယောလ် က မေလ ၇ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါနေ့တွင် တောင်ကိုရီးယားနိုင်ငံ ၊ မြို့တော် ဆိုးလ်သို့ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒ အား ကြိုဆိုလက်ခံတွေ့ဆုံစဉ် ယခုလို ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများနှင့် တရုတ်နိုင်ငံထံမှ ပြိုင်ဆိုင်မှုများကို ပိုမိုကောင်းမွန်စွာ ထိပ်တိုက်ရင်ဆိုင်ရန် နည်းလမ်းတစ်ခုအနေဖြင့် သံတမန်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် တောင်ကိုရီးယား နှင့် ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။ ထို့ပြင် ဤသို့ ခေါင်းဆောင်များ၏ ကတိကဝတ်ကို အမေရိကန်အစိုးရက ကြိုဆိုခဲ့သည်။ ကီရှီဒ ၏ ဝန်ကြီးချုပ်အဖြစ် ဆိုးလ်မြို့သို့ ခရီးစဉ်သည် ပြီးခဲ့သည့် […]

ရေးက PDF စခန်းတစ်ခု လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရ၊ တပ်ဖွဲ့ဝင် သုံးဦးကျဆုံး

Dawei Watch

May 9, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျားဖြူစစ်ကြောင်းစခန်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်သဖြင့် PDF တပ်ဖွဲ့ဝင် သုံးဦးကျဆုံးကာ အရပ်သားအပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ကျားဖြူစစ်ကြောင်းနှင့် ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့နယ်မြောက်ပိုင်းဒေသ ရေးနှင့် သံဖြူဇရပ်မြို့နယ်ကြားရှိ ကျားဖြူစစ်ကြောင်း နောက်တန်းစခန်း ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟုဆိုသည်။ ကျားဖြူစစ်ကြောင်းစခန်းကို စစ်ကောင်စီတပ်က မေလ ၇ ရက် ည ၁၁နာရီခန့်ကတစ်ကြိမ်၊ မေလ ၈ရက် နေ့လယ် ၁၂ နာရီခန့်ကတစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းက ထုတ်ပြန်သည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီးတပ်ဖွဲ့ဝင် တစ်ဦးနှင့် အမျိုးသားတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် အနီးဝန်းကျင် ကျေးရွာက အရပ်သားပြည်သူ အမျိုးသမီး တစ်ဦးနှင့် […]