မင်းထိန်ရွာ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခံရ၊ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရ
Dawei Watch
June 7, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် ယနေ့ လက်နက်ကြီးကျည် ထပ်မံကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ညနေ ၅ နာရီကျော်က ပုလောမြို့ဖက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် မင်းထိန်ရွာအတွင်းသို့ကျရောက်ပေါက်ကွဲခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ကျည်စထိမှန်ကာ အသက် ၅၀ ကျော်အရွယ် ဦးဖိုးချောင်း သေဆုံးခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ဒေါ်စီစီ ဒဏ်ရာအပြင်းအထန် ရကြောင်း ဒေသခံများက ဆိုသည်။ “ရွာထဲတစ်လုံးလာကျပြီး ထိသွားတာ။ နှစ်ယောက်စလုံးကို ဆေးရုံပို့ချိန် (ဦး) ဖိုးချောင်း က ဆေးရုံရောက်ပြီးမှ သေသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လက်နက်ကြီးကျည်များ ရွာအပြင်လယ်ကွင်းအတွင်းသို့လည်း ကျရောက်ခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။ “ဘာတိုက်ပွဲမှမရှိဘဲ အကြောင်းမဲ့ ပစ်တာ။ အခုဆိုရင် […]


