ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပလမြို့တွင် ဖုန်းတစ်လုံး ကျပ်ငါးရာပေးပြီး အားသွင်းနေရ

Dawei Watch

June 6, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် ဖုန်းတစ်လုံးလျှင် ငါးရာကျပ်ပေးကာ အားသွင်းနေရကြောင်း ဒေသခံများထံမှ သိရသည်။ “ဖုန်းတစ်လုံး အားသွင်းရင် ငါးရာ (ကျပ်) ပေးရတယ်။ မီးစက်ရှိတဲ့အိမ်တွေမှာဆို လူတွေတန်းစီနေတယ်။ မီးစက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာရော အဲဒီလိုပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပလမြို့တွင် ပြီးခဲ့သည့် မေလ ၄ ရက်နေ့က ဒေသပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဓါတ်အားပေးစက်ရုံ လက်နက်ကြီးထိမှန်ကာ မီးလောင်ပျက်စီးခဲ့သည်။ ပျက်စီးသွားသည့် ဓါတ်အားပေးစက်ရုံသည် ပလမြို့အပါအဝင် အနီးအနားကျေးရွာများသို့ ဓါတ်အားဖြန့်ဖြူးပေးနေပြီး လက်ရှိအချိန်အထိ ပြန်လည် လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ဆိုသည်။ လက်ရှိအချိန်တွင် တတ်နိုင်သည့် ဒေသခံအချို့က ကိုယ်ပိုင်အိမ်သုံးမီးစက်များ၊ ဆိုလာပြားများဖြင့် လျှပ်စစ်မီးရရေး အသုံးပြုနေကြပြီး ဘတ္ထရီမီး၊ ဖယောင်းတိုင်နှင့် ရေနံဆီမီးခွက်ကိုလည်း ပြန်လည်အသုံးပြုသူများ ရှိလာကြကြောင်း ဒေသခံများက […]

ကော့သောင်းမြို့တွင် ပလက်ဖောင်းပေါ် ဈေးရောင်းနေသူများကို ဖယ်ရှားခိုင်း

Dawei Watch

June 6, 2023

ကော့သောင်းမြို့ သာယာလှပရေးအတွက်ဟုဆိုကာ ကော့သောင်းမြို့ မြရည်ပုလဲလမ်း ပလက်ဖောင်းပေါ် ဈေးရောင်းချနေသူများကို ဖယ်ရှားခိုင်းထားကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ၁၀ ရက်နောက်ဆုံးထားဖယ်ရှားပေးရန် ကော့သောင်းမြို့ စည်ပင်သာယာရေးအဖွဲ့က စာပို့အကြောင်းကြားထားကြောင်း ဖယ်ရှား‌ပေးရမည့်သူအချို့ကပြောသည်။ “ဖယ်ရှားပေးရမယ့်ဆိုင်တွေကတော့ တော်တော်များတယ်။ ရွှေဆိုင်တွေကနေပြီး ကွမ်းယာဆိုင်အထိပါတယ်” ဟု မြို့ခံဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။ ကနဦး စည်ပင်မှဖယ်ရှားပေးရန် စာပို့အကြောင်းကြားစဉ် ဖယ်ရှားပေးသူမရှိသေးဘဲ အခြေအနေစောင့်ကြည့် နေကြသော်လည်း ဇွန်လ ၅ ရက်တွင်မူ ဖယ်ရှားရလွယ်ကူသည့် ဈေးဆိုင်အချို့ စတင်ဖယ်ရှားပေးနေကြကြောင်း မြို့ခံတစ်ဦးကဆိုသည်။ စားသောက်ဆိုင်၊ ရွှေဆိုင်ကဲ့သို့ ဆိုင်ကြီးအချို့မှာမူ ရုတ်တရက်ဖယ်ရှားပေးရန် အခက်တွေ့နေကြပြီး ဖယ်ရှားရမည့်ရက် ထပ်တိုးပေးရန်လည်း မတောင်းဆိုရဲဖြစ်နေကြဟန်တူကြောင်း မြို့ခံတစ်ဦးကဆိုသည်။ “ဒီမှာကရောင်းနေတာ နှစ်ပေါင်းမနည်းပြီလေ။ အခုမှရုတ်တရက်ကြီးဆိုတော့ ခက်ခဲတော့ရှိတယ်။ ဒါပေမဲ့ ပြောဖို့ကလည်းအရင်တုန်းကလို အခြေအနေမဟုတ်တော့ မပြောရဲကြဘူးပေါ့ဗျာ” ဟု အမည်မဖော်လိုသူ ဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။ ကော့သောင်းမြို့ […]

လောင်းလုံး အထက်တန်းကျောင်း ဖျက်ဆီးခံရ

Dawei Watch

June 6, 2023

လောင်းလုံးမြို့ အထက်တန်းကျောင်းကို အမည်မသိလူများက ဝင်ရောက်ပြီး ကျောင်းစာသင်ခန်းအချို့ကို ဖျက်ဆီးသွားကြောင်း မြို့ခံအချို့က ပြောသည်။ တနင်္ဂနွေကျောင်းပိတ်ရက်ဖြစ်သည့် ဇွန်လ ၄ ရက်နေ့တွင် ဝင်ရောက်ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ကျောင်းထဲရှိ စာသင်ခန်းအချို့၊ ဆရာ၊ ဆရာမ နားနေဆောင်နှင့် ကွန်ပျူတာများကို ရိုက်ခွဲဖျက်ဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောဆိုသည်။ “ကျောင်းမှာ ဖျက်ဆီးခံလိုက်ရတာကတော့ တော်တော်များတယ်။ ကွန်ပျူတာတွေ၊ စာသင်ခန်းတွေ ကြေမွနေအောင် ရိုက်ဖျက်သွားတာ” ဟု မျက်မြင်တွေ့ရသည့် ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။ စာသင်ခန်းထဲ ပျက်စီးနေမှုအခြေအနေကို ဇွန်လ ၅ ရက် ကျောင်းဖွင့်ချိန်ရောက်မှ တွေ့ရှိခဲ့ပြီး ယင်းနောက် လောင်းလုံးမြို့မရဲစခန်းက လာရောက်စစ်ဆေးခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ရဲစခန်းက လာရောက်စစ်ဆေးချိန် ကျောင်းအနီးဝန်းကျင်ရှိ ဒေသခံ အနည်းဆုံး ခြောက်‌ဦးကို စစ်ဆေးရန်ရှိသည်ဟုဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။ […]

ဥတ္တူရွာက နေအိမ်နှစ်လုံးမီးရှို့ခံရ

Dawei Watch

June 6, 2023

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့သွားကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၆ ရက် ယနေ့ နံနက် ၅ နာရီခန့်က သရက်နှစ်ခွရွာမှ ဥတ္တူရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ရွာထဲက နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် လမ်းတွင်တွေ့ရှိသည့် ဥတ္တူရွာသားနှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်ပြီးနောက် ရွာထဲသို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ကြောင်း ယင်းကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “တို့ရွာသားအချင်ချင်း စကားပြောနေတုန်းမှာပဲ မီးခိုးတွေမဲတက်လာတယ်။ သူတို့ သီးသန့်ကြီးလာရှို့သွားတဲ့ သဘောမျိုးပဲပေါ့” ဟု ၎င်းက ပြောဆိုသည်။ နေအိမ်နှစ်လုံးစလုံးမှာ မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ လမ်းပြခေါ်ဆောင်လာသည့် ဥတ္တူရွာသားနှစ်ဦးကို နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့ပြီး […]

ထိုင်းတွင် မြန်မာတစ်ဦး သတ်ဖြတ်အလောင်းစွန့်ပစ်ခံရ

Dawei Watch

June 6, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် အုပ်စုဖွဲ့ရိုက်နှက်သတ်ဖြတ်ခံရမှုကြောင့် မြန်မာအမျိုးသားတစ်ဦး သေဆုံးပြီး အလောင်းလည်း ချောင်းထဲ စွန့်ပစ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၄၀ နှစ်အရွယ်ရှိ ကိုမျိုးအောင်အမည်ရှိသော မြန်မာနိုင်ငံသားဖြစ်သည်။ ဇွန်လ ၂ ရက် နံနက် ၆ နာရီခန့်တွင် စမွတ်စခွန်ခရိုင် ကထူးဘင်ဒေသရှိ ဆိုင်ခန်းအတွင်း အိပ်နေသော ကိုမျိုးအောင်ကို မြန်မာအမျိုးသားတစ်စုက ကားပါကင်သို့ ဆွဲခေါ်သွားပြီး ရိုက်နှက်ကန်ကျောက်နေသည်ကို CCTV မှတ်တမ်းများအရ တွေ့ရကြောင်း ရေးသားထားသည်။ ထိုးကြိတ်ရိုက်နှက်ခဲ့ပြီးနောက် ကိုမျိုးအောင်ကို ကားပေါ်သို့ဆွဲတင်ကာ ကားများဖြင့် မောင်းထွက်သွားကြကြောင်း ဆိုသည်။ ကိုမျိုးအောင် ရိုက်နှက်ခံရပြီး ခိုက်ရန်ဖြစ်ပွားနေကြောင်း တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိခဲ့သော်လည်း အခင်းဖြစ်နေရာတွင် မတွေ့ရှိရတော့ကြောင်း ဆိုသည်။ ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် စမွတ်စွန်ခရမ်ခရိုင်ရှိ […]

ကော့သောင်း ကမ်းနားလမ်းကို ညနေပိုင်း ဆိုင်ကယ်ဖြတ်သန်းခွင့်ပိတ်မှု မြို့ခံများမကျေနပ်

Dawei Watch

June 6, 2023

ကော့သောင်းမြို့ ဝိတိုရိယပွိင့်နေရာတွင် လမ်းပိတ်ပြီး ညဈေးရောင်းခွင့်ပြုလိုက်သဖြင့် ကား၊ ဆိုင်ကယ်များကို  ညနေပိုင်းတွင် ကမ်းနားလမ်းအထိ ဆင်းခွင့်မပေးတော့ကြောင်း မြို့ခံအချို့ကပြောသည်။ ဗိုလ်ချုပ်လမ်းအဝိုင်းပတ်တွင် ညနေဘက်ဈေးရောင်းနေသည့် သုံးဘီးတွန်းလှည်းဈေးဆိုင်များကို ကမ်းနားလမ်းဘက်သို့ စည်ပင်ကရွေ့ပြောင်းစေခဲ့ပြီးနောက် ညစျေးလုပ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။ “အရင်တုန်းကတော့ ဈေးသည်တွေက ပလက်ဖောင်းပေါ်ရောင်းကြတယ်။ တဖြည်းဖြည်းနဲ့ ဆိုင်တွေကများ ဝယ်တဲ့သူတွေကလည်းများလာတော့ လမ်းပါပိတ်တဲ့အထိဖြစ်တယ်။ နောက်တော့ ဘုရင့်နောင်အငူဖက်က ကမ်းနားလမ်းဘက်ကို (မေလ) ၂၁ ရက်နောက်ဆုံးရွှေ့ရမယ်ဆိုပြီး ပို့ပစ်လိုက်တာ ” ဟု ၎င်းမြို့ခံကဆိုသည်။ ကမ်းနားလမ်းသို့ဈေးဆိုင်များ ပြောင်းရွေ့ခိုင်းပြီးနောက် ညနေ ၅ နာရီမှ ၁၀ နာရီအထိကို ကမ်းနားလမ်းအားပိတ်ကာ ည‌ဈေးအဖြစ်သတ်မှတ်ပြီး ဈေးရောင်းခွင့်ပြုခဲ့သည်ဟုဆိုသည်။ ယင်းကြောင့် ညနေဘက်ကမ်းနားဆင်းပြီး ကျန်းမာရေးအရ လမ်းလျှောက်၊ လေညှင်းခံမည့်သူများ၏ ကား၊ ဆိုင်ကယ်တို့မှာ ယခင်ကကဲ့သို့ ကမ်းနားအထိ ဆင်းခွင့်မရတော့ကြောင်း မြို့ခံအချို့ကပြောသည်။ […]

ကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ် ဒရုန်းဖြင့်ဗုံးချ၊ အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dawei Watch

June 5, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကြဲချခဲ့ပြီး အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်စန်းဝေ ဆိုသူ ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “အိမ်မှာ ဘုရားပန်းအိုးလဲနေတုန်း လာထိတာ။ အခုအရေးပေါ် ဆေးကုသမှုခံယူနေပါတယ်”ဟု ကျောင်းနိမ့်ရွာ ဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးပစ်ချခဲ့ပြီးနောက် လက်နက်ကြီး လေးလုံးလည်း ထပ်မံပစ်ခတ်ခဲ့သေးသည်ဟု ဒေသခံများ ကပြောသည်။ “ဘာတိုက်ပွဲမှလည်းဖြစ်တာမရှိဘဲ အလကားနေပစ်တာ”ဟု ဒေသခံနောက်တစ်ဦး ကပြောသည်။ နန်းတောင်၊ကျောင်းနိမ့်၊ မှော်မိ၊ဂျင့်ဂါ စသည့်ကျေးရွာ ဒေသခံအများစုသည် တိုက်ပွဲများကြောင့် မကြာခဏ ထွက်ပြေးနေကြရပြီး တိုက်ပွဲငြိမ်သက်သည့်အချိန်တွင် ရွာအတွင်း ပြန်လည်နေထိုင်နေကြရသည်ဟု ဒေသခံများကပြောသည်။ […]

ပုလော ပြင်းဖြူရွာကမ်းစပ်တွင် ဓားဒဏ်ရာဖြင့် အမျိုးသားအလောင်းတွေ့

Dawei Watch

June 5, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာကမ်းစပ်တွင် ဓားဒဏ်ရာဖြင့် သေဆုံးကာ ရေမျောလာသည့် အမျိုးသားအလောင်းတွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၄ ရက်နေ့က တွေ့ရှိခြင်းဖြစ်ပြီး ဝိုင်ယာကြိုးဖြင့် လက်ပြန်ကြိုးတုပ်ထားကာ အလောင်းကို တွေ့ရှိချိန်တွင်ပုပ်ပွနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “သေတဲ့လူက ဝေထွန်းလို့ခေါ်တယ်။ ပုလောအမှတ်(၁)ရပ်ကွက်မှာ နေတယ်လို့သိရတယ်။ဘာကြောင့် ဘယ်သူတွေသတ်တာလည်းတော့ မသိရသေးဘူး” ဟု ပုလောဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ရုပ်အလောင်းကို လက္ကူးရွာ သင်္ချိုင်းတွင် မြှုပ်နှံလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့ကလည်း တနင်္သာရီမြစ်ထဲတွင် လှေဖြင့်လာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း ဒေသခံများ ထံမှသိရသည်။ နောက်တစ်ဦးမှာ ဒဏ်ရာဖြင့် လွတ်မြောက်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။