ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တိုက်ခိုက်ခံရပြီး‌နောက် လောင်းလုံး လဝကရုံးကို ထွေအုပ်ရုံးတွင် ပြောင်းဖွင့်

Dawei Watch

June 9, 2023

လောင်းလုံးမြို့နယ် လဝကရုံး ပစ်ခတ်ခံရပြီးနောက် ရုံးဟောင်းတွင်ပြန်မဖွင့်တော့ဘဲ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထဲသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။ မေလ ၂၃ ရက်က လောင်းလုံးလဝကရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ရက်ခန့်အကြာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် ပြောင်းရွှေ့ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး(မြို့နယ်အုပ်ချုပ်ရေးမှူးရုံး) မှာ မြို့မရဲစခန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲဝင်လိုက်ပြီး တစ်ဆင့်ချိုးလိုက်ရင် အဲမှာ လဝကဌာနဆိုပြီး ဆိုင်းဘုတ်တပ်ထားတာရှိတယ်” ဟု ကိုယ်တိုင်သွား‌ရောက်ခဲ့သူ တစ်ဦးကဆိုသည်။ ရုံးပြန်ဖွင့်ပြီးနောက် မှတ်ပုံတင်ပြုလုပ်ထားသူများကို ဖုန်းဆက်ခေါ်ယူပြီး မှတ်ပုံတင်ထုတ်ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးရုံးထဲတွင်ဆိုပါက မှတ်ပုံတင်ပြုလုပ်မည့်သူများအတွက် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း လောင်းလုံးဒေသခံအချို့ကဆိုသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲ (မှတ်ပုံတင်) သွားလုပ်ရမှာကတော့ ခပ်လန့်လန့်ပဲ။ တော်ကြာ ဒလန်ဆိုပြီးပြောခံနေရဦးမယ်” ဟု လောင်းလုံးဒေသခံတစ်ဦးက ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများမှာ ဌာနဆိုင်ရာရုံးများသို့ ကိုယ်တိုင်သွားရောက်ရန် […]

ထားဝယ် ဇလွန်းရွာလယ်လမ်းတွင် နေအိမ်မီးလောင်

Dawei Watch

June 9, 2023

ထားဝယ်မြို့နယ်၊ ဇလွန်းရွာလယ်လမ်းတွင် ယနေ့ ဇွန်လ ၉ ရက် နံနက် ၈ နာရီခွဲက နေအိမ်တစ်လုံးမီးလောင်ကြောင်း ဇမ္ဗူသီရိအဖွဲ့နှင့် ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနတို့ထံမှ သိရသည်။ ဇလွန်းရွာရှိ ဒေါ်အေးရီ၏ နေအိမ်အပေါ်တွင်တပ်ဆင်ထားသည့် ဝါယာကြိုးမှ ဝါယာရှော့ဖြစ်ပြီး အပူလွန်ကဲကာမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း အထက်ပါဌာနတာဝန်ရှိသူများကပြောသည်။ ပေ ၂၀ ပေ ၄၀ခန့်ရှိ သစ်သားအိမ်တစ်လုံး မီးလောင်ပြာကျသွားပြီး မိသားစုဝင်တစ်ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ မသန်းဌေးဆိုသူမှာ မူးမေ့လဲကျကြောင်း ဇမ္ဗူသီရိအဖွဲ့ဥက္ကဌဖြစ်သူဦးနိုင်မျိုးသွင်ကပြောသည်။ မူးမေ့လဲကျသည့်အတွက် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေပြီး နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ “သူကနှလုံးရောဂါအခံရှိလို့ပေါ်နော် မေ့လဲသွားတာ။ အခုတော့ အိမ်ပြန်ပို့ပေးခဲ့ပြီးပါပြီ”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။ အဆိုပါမီးလောင်မှုကို ဒေသခံများ က ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ကိုးနာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူများထံမှသိရသည်။ ပြီးခဲ့သည့်မေလ ၂၅ […]

မဲအရေအတွက် မကိုက်ဟုဆိုကာ မဲဆန္ဒနယ် ၄၇ခုတွင် မဲပြန်ရေတွက်ရန် ထိုင်းရွေးကော်ညွှန်ကြား

Dawei Watch

June 9, 2023

မဲဆန္ဒရှင်များ ပေးသည့် မဲရလဒ်နှင့် စုစုပေါင်းမဲပြားအရေအတွက် ကိုက်ညီမှုမရှိဟုဆိုပြီး ဘန်ကောက်အပါအဝင် ခရိုင်များမှ မဲဆန္ဒနယ် ၄၇ နေရာရှိ မဲရုံများတွင် မဲပြန်လည်ရေတွက်ရန် ထိုင်းရွေးကောက်ပွဲကော်မရှင်က လုပ်ဆောင်လာသည်။ ဇွန်လ ၁၁ ရက်တွင် မဲပြန်လည်ရေတွက်ရန် ပြင်ဆင်နေပြီး ပြန်ရေတွက်မည့် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ များကို ပြင်ဆင်ကြရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်ကယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ အနိုင်ရပါတီများ၏ ရလဒ်ကို ဇွန်လအတွင်းတွင်ပင် ထုတ်ပြန်နိုင်မည်ဟု မျှော်လင့်ကြောင်း ကော်မရှင်ကဆိုသည်။ ပြန်လည်ရေတွက်မည့် ခရိုင်များသည် Move Forward ပါတီက နေရာအများဆုံးအနိုင်ရရှိထားသောမြို့တော်ဘန်ကောက်အပါအဝင် ချွန်ဘူရီ၊ ချွန်ဖော်၊ တရတ်၊ နခွန်နယွတ်၊ ပကျွတ်၊ ဖလဲ၊ လုဒ်ဘူရီ၊ စမွတ်စခွန်၊ စရဘူရီ၊ ဆူကိုထိုင်း၊ ကန်ချနဘူရီ၊ ချာချင်ဆောင်၊ ဖန်င၊ ဖတ်ခ်ျဘူရီနှင့် […]

ထားဝယ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကြည့်ရှုသူနည်းပါး

Dawei Watch

June 9, 2023

တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို တစ်နိုင်ငံလုံးတွင် ယနေ့ ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ထားဝယ်မြို့တွင်မူ အောင်စာရင်းလာရောက်ကြည့်ရှူသူများ မရှိသလောက်ပင်ဖြစ်သည်။ Dawei Watch က ယနေ့ နံနက် ၅ နာရီကျော်က လိုက်လံကြည့်ရှုရာ နာမည်ကြီး‌ကျောင်းများဖြစ်သည့် အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃ အထက်တန်း‌ကျောင်းတို့တွင် ကျောင်းဝင်းတံခါများပိတ်ထားသည်ကိုတွေ့ခဲ့ရသည်။ အမှတ် ၂ အထက်တန်းကျောင်းအနီးက ခရိုင်ပညာရေးရုံးတွင်မူ အောင်စာရင်းကပ်ထားသည်ကိုတွေ့ရပြီး အမျိုးသမီး နှစ်ဦး၊ အမျိုးသားတစ်ဦးသာ လာရောက်ကြည့်ရူနေကြသည်ကိုတွေ့ရသည်။ အာဏာမသိမ်းခင်ကမူ အောင်စာရင်းထွက်မည့်အချိန်ကို ညလုံးပေါက်မအိပ်ဘဲစောင့်နေကြပြီး မနက်မိုးမလင်မီ သူ့ထက်ငါဦးအောင် သွားရောက်တိုးဝှေ့ကြည့်ရှူသူများဖြင့် စည်ကားနေလေ့ရှိသည်။

ရေးတွင် နှစ်ကရင်ရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

June 8, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာတွင် ယနေ့ ဇွန်လ ၈ရက် နံနက်ပိုင်းက လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး အသက် ၂၅နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးကာ နေအိမ်နှစ်လုံးလည်း ပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ နံနက် ၉နာရီခန့်က လက်နက်ကိုင်လူတစ်စုက သေနတ်ပစ်ဖောက်ပြီး နှစ်ကရင်ကျေးရွာအတွင်း ဝင်ရောက် လာချိန်တွင် နှစ်ကရင်ကျေးရွာအနီးရှိ ဝယ်ဖယ်ကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၅) ရှိ တရုတ်သင်္ချိုင်းအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းအနီးတွင် နေထိုင်သည့် အသက် ၂၅နှစ်အရွယ် ရွှေ့ပြောင်းအလုပ်သမား မတင်ကြီးဆိုသူ ကျည်စထိမှန် ဒဏ်ရာရကြောင်း ရွာခံတစ်ဦးက ဆိုသည်။ “လက်နက်ကြီးကျည် ထိမှန်တဲ့ အမျိုးသမီးက ဆေးရုံပို့တဲ့အချိန်မှာ သေဆုံးသွားပါတယ်” ဟု ၎င်းက ပြောဆိုသည်။ […]

သရက်နှစ်ခွရွာတွင် ‌ကျောင်းပိတ်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေး၊ စစ်ကောင်စီက ဆက်ဖွင့်ရန် ဖိအားပေး

Dawei Watch

June 8, 2023

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် ကျောင်းဆက်လက် မဖွင့်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေးပြောဆိုထားသလို စစ်ကောင်စီကမူ ကျောင်းဆက်ဖွင့်ထားရန် ဖိအားပေးခိုင်းစေနေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က သရက်နှစ်ခွရွာ အထက်တန်းကျောင်းခွဲသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင် ၁ဝခန့် ဝင်ရောက်လာပြီး ဆရာမများနှင့် ကျောင်းသားမိဘများကို ခေါ်ယူကာ ကျောင်းဆက်လက် မဖွင့်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့နှင့် ဆရာမအချို့က ဆိုသည်။ “ကျောင်းမဖွင့်ဖို့ပြောတယ်။ အခုတော့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ။ နောက်ထပ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီးပြောတယ်။ တို့တွေအားလုံးကို မှတ်တမ်းယူဆောင်သွားပြီလေ။ ဆရာမတွေ အားလုံးက သွားမရဲတော့ဘူးလို့ပြောတယ်။ ကိုယ့်အသက်ထက် အရေးမကြီးဘူးလေ” ဟု သရက်နှစ်ခွရွာကျောင်းက ဆရာမတစ်ဦးက ပြောသည်။ ယင်းသို့ ပြောဆိုပြီးနောက် ဆရာများက ကျောင်းဆက်မဖွင့်ရဲတော့သလို မိဘများလည်း […]

ပဲ့ဒိုင်ရွာ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဝင်ရောက်မီးရှို့

Dawei Watch

June 8, 2023

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးကြီးလှ၏ နေအိမ်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့သွားကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၇ ရက် နံနက် ၇ နာရီခွဲဝန်းကျင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စက်လှေသုံးစီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဝင်ရောက်စီးနင်းရာတွင် ပျူစောထီးများက ဘုရားတောင်ပေါ် ကတုတ်ကျင်းမှ ပြန်လည်ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “(PDF) သူတို့လာချိန် ပြည်သူ့စစ်ခေါင်းဆောင် ဦးကြီးလှက မြိတ်ရောက်နေတယ်။ သူ့အိမ်ကို ရှို့တာ နံဘေးအိမ်ပါ မီးနည်းနည်းကူးသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ပျူစောထီးတပ်ဖွဲ့ဝင်များ၏ နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာတာဝန်ခံနှင့် ကျောင်းအုပ်ဆရာကြီးတို့ […]

ထိုင်းအမျိုးသမီး ၁၄၀ ဦး ရှမ်းပြည်နယ်တွင် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရ

Dawei Watch

June 8, 2023

ထိုင်းနိုင်ငံသား အမျိုးသမီး ၁၄၀ ဦးသည် ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်တွင် လိင်အလုပ်သမများအဖြစ် လူကုန်ကူးခံရကြောင်း ထိုင်းသတင်းဌာန၏ ဖော်ပြချက်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းကောင်စစ်ဝန်ရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ လိင်လုပ်သားများအဖြင့် လူကုန်ကူးခံရသော ထိုင်းအမျိုးသမီး ၁၄၀ ဦးကို ကယ်တင်နိုင်ရန် လုပ်ဆောင်နေကြောင်း Paveena Foundation for Children and Women က ထုတ်ဖော်ပြောကြားထားသည်။ ယင်းဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များ လူကုန်ကူးခံရမှု၊ အဓမ္မပြုကျင့် ခံရမှုများကို ကူညီဆောင်ရွက်ပေးနေသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အမျိုးသမီးများသည် လိင်လုပ်သမအဖြစ် လုပ်ကိုင်ရန် အတင်းအကျပ်စေခိုင်းခံရပြီး မူးယစ်ဆေးများ သုံးစွဲရန်လည်း အတင်းအကျပ် စေခိုင်းခံနေကြရကြောင်း ထိုင်းသတင်းဌာန The Thaiger တွင် ဖော်ပြသည်။ ထိုင်းအမျိုးသမီးများသည် လစာမက်လုံးဖြင့် ဖြားယောင်းသွေးဆောင်ခံရပြီး လက်တွေ့လုပ်ကိုင်ရသည့်အချိန်တွင် […]