ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 9, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့အထိ ကနေဒါတောမီးကြောင့် ကနေဒါနဲ့ အမေရိကန်မှာ လေထုညစ်ညမ်းနေ ကနေဒါနိုင်ငံ အရှေ့ပိုင်းမှာ ရာနဲ့ချီတဲ့ တောမီးတွေ အကြီးအကျယ်လောင်နေလို့ အဲဒီကနေထွက်လာတဲ့ မီးခိုးငွေ့တွေဟာ အမေရိကန်နိုင်ငံလေထုကိုပါ ထိခိုက်နေပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ နယူးအင်္ဂလန်ပြည်နယ်ကနေ တောင်ကယ်ရိုလိုင်းနား ပြည်နယ်အထိ အရှေ့ဘက်ကမ်းရိုးတန်း တစ်လျှောက် လေထုအခြေအနေဆိုးဝါးနေတာပါ။ ဒါ့အပြင် အိုဟိုင်းယိုးပြည်နယ်၊ အင်ဒီယားနားနဲ့ မစ်ရှီဂန်အပါအဝင် အနောက်အလယ်ပိုင်းဒေသတွေမှာလည်း လေထုအရည်အသွေးသတိပေးချက်ကို ထပ်တိုး ကြေညာထားပါတယ်။ ဒီအခြေအနေဟာ သီတင်းပတ်ကုန်အထိ ဆက်ဖြစ်နေဖွယ်ရှိနေတာပါ။ ကနေဒါဘက်ခြမ်းမှာတော့ တောမီးက ဆက်လောင်နေလို့ ငြှိမ်းသတ်နိုင်ဖို့ကို ကမ္ဘာတဝန်း မိတ်ဆွေနိုင်ငံတွေကန ဝိုင်းပြီးကူညီပေးကြဖို့ ကတိပြုထားကြပါတယ်။ အရင်လကတည်းက စတင်ခဲ့တဲ့ […]

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်သူ ထက်ဝက်ခန့် ဂုဏ်ထူးထွက်၊ ဆယ်နှစ်အတွင်း အောင်ချက်အမြင့်ဆုံး စံချိန်တင်

Dawei Watch

June 9, 2023

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၂၆၅၈ ဦးရှိသည့်အနက် ဂုဏ်ထူးထွက်သူမှာ ၁၁၀၂ ဦးရှိပြီး ဆယ်နှစ်အတွင်း အောင်ချက်အများဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း မှတ်တမ်းများနှင့် တနင်္သာရီတိုင်း ပညာရေးမှူးရုံးထံမှရရှိသော အချက်အလက်များအရသိရသည်။ ဂုဏ်ထူးထွက်သူပမာဏမှာ စာမေးပွဲဖြေဆိုအောင်မြင်သူ စုစုပေါင်း၏ ထက်ဝက်နီးပါးရှိနေခြင်းဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ၄၁ ဒဿမ ၄ ရာခိုင်နှုန်းရှိသည်။ တစ်နည်းအားဖြင့် စာမေးပွဲအောင်မြင်သူ ကျောင်းသားတစ်ရာလျှင် ၄၁ ဦး ဂုဏ်ထူးထွက်ခြင်းဖြစ်သည်။ “ဒီနှစ်ဂုဏ်ထူးထွက်တဲ့သူတော်တော်ပေါတယ်” ဟု တိုင်းပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးကဆိုသည်။ ဂုဏ်ထူးအထွက် အများဆုံးဘာသာမှာ ဘောဂဗေဒဘာသာရပ်ဖြစ်ပြီး ၇၉၅ ဦးရှိသည်။ ဒုတိယအများဆုံးမှာ ရူပဗေဒဘာသာရပ်ဖြစ်ပြီး ၃၇၂ ဦးရှိသည်။ တတိယနှင့် စတုတ္ထအများဆုံးဘာသာမှာ ဇီဝဗေဒ ၂၀၇ ဦးနှင့် သင်္ချာ ၁၂၈ ဦးဖြစ်သည်။ ဘာသာစုံဂုဏ်ထူးထွက်သူ ၉ ဦး၊ ၅ ဘာသာဂုဏ်ထူးထွက်သူ […]

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် ကနက်သီရိတွင် တပ်စွဲကာ ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးထား

Dawei Watch

June 9, 2023

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း လမ်းတွင် တိုက်ခိုက်ခံရပြီးနောက် ကနက်သီရိကျေးရွာတွင် တပ်စွဲကာ ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ ဝင်းဝနယ်မြေရဲစခန်းဘက်မှ တောင်ကြောလမ်းအတိုင်း လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်က ကမြိုင်ကျေးရွာနှင့် ရငဲရွာကြားတွင် ဇွန်လ ၈ ရက် နံနက် ၁၁ နာရီခန့်က တိုက်ခိုက်ခဲ့ကြောင်း ကျားရိုင်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၁၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၈ ဦးခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။ အင်အား ၃ဝခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ပိန္နဲကျောင်းရွာဘက်မှတစ်ဆင့် ကနက်သီရိကျေးရွာသို့ ဇွန်လ ၈ရက်က ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျွဲမင်းကုန်းရွာသား သုံးဦးကိုလည်း […]

ပုလဲလုပ်ငန်းများက စစ်ကောင်စီအတွက် နှစ်စဉ် ကျပ် ၁၆ ဘီလီယံ ရှာဖွေပေးနေ

Dawei Watch

June 9, 2023

မြိတ်ကျွန်းစုရှိ ပုလဲမွေးမြူရေးလုပ်ငန်းများမှ နှစ်စဥ်မြန်မာကျပ်ငွေ ၁၆ ဘီလီယံကျော် စစ်ကောင်စီထံသို့ တိုက်ရိုက်စီးဆင်းလျက်ရှိနေပြီး လုပ်ကွက်အသစ်များလည်း ထပ်မံတိုးချဲ့လာနေကြောင်း MMGGA Initiative အဖွဲ့၏ အစီရင်ခံစာတွင် ပါရှိသည်။ MMGGA Initiative သည် ဒေသတွင်းလူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအတွက် အစဥ်တစိုက် လုပ်ကိုင်နေသူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ ယင်းအဖွဲ့က အချက်အလက်ကောက်ယူကာ ၂၀၂၃ ခုနှစ် ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် “အမေ့လျော့ခံ တန်ဖိုးများနှင့် မြိတ်ကျွန်းစုရှိ ပုလဲလုပ်ကွက်များ”ခေါင်းစဥ်ဖြင့် အစီရင်ခံစာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ အစီရင်ခံစာတွေ့ရှိချက်အရ မြိတ်ကျွန်းစုတွင် ပုလဲမွေးမြူရေးလုပ်ကွက်ပေါင်း ၁၂ ခုရှိပြီး နိုင်ငံတော်နှင့် အကျိုးတူဖက်စပ် ဆောင်ရွက်နေသည့် ပြည်ပကုမ္ပဏီ ၄ ခု၊ပြည်တွင်း ကုမ္ပဏီ ၇ ခုနှင့်၊နိုင်ငံပိုင် မွေးမြူရေးစခန်း ၁ ခု၊ရှိကြောင်း […]

ကလိန်အောင်မြို့ခံ ကုန်မာဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

Dawei Watch

June 9, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် ကုန်မာဆိုင်ပိုင်ရှင်အမျိုသမီးတစ်ဦးကို ဇွန်လ ၈ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ အဖမ်းခံရသူမှာ အမှတ် ၃ ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ ကျော်အရွယ် မချိုချိုဦးဆိုသူဖြစ်သည်။ ည ၁၀ နာရီဝန်းကျင်တွင် ၎င်း၏ကုန်မာဆိုင်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ဆိုင်တွင် တစ်နာရီကျော်ကြာ ရှာဖွေစစ်ဆေးပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။ “ဘယ်မှာဖမ်းထားလဲတောင် မသိသေးဘူး ။ အခုထိလည်းပြန်မလွတ်သေးဘူး “ ဟု မချိုချိုဦး နှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက ယနေ့ နေ့လယ်ပိုင်းကပြောဆိုသည်။ အဖမ်းခံရသည့် အကြောင်းအရင်းကိုလည်း တိတိကျကျမသိရသေးကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၀၈ ခြေမြန်တပ်ရင်း ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က သုံးကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ကလိန်အောင်မြို့အပါအဝင် အနီးတဝိုက်ကို […]

လေးလကျော်အတွင်း ထိုင်းက မြန်မာလုပ်သား ၁‌၃၀၀ ကျော် လွှဲပေး

Dawei Watch

June 9, 2023

ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှ ဇွန်လ ၉ ရက်ရက်အထိ လေးလကျော်ကာလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ မြန်မာအလုပ်သမား ၁၃၀၀ ကျော်ကို ပြန်လည်လွှဲ‌ပြောင်းပေးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ကော့သောင်းအခြေစိုက် ယင်းအဖွဲ့သည် မြန်မာအလုပ်သမားများကို လက်ခံရာတွင် ပါဝင်ကူညီပေးနေသည့်အဖွဲ့ ဖြစ်သည်။ ဖေဖော်ဝါရီလ ၂ ရက်က မြန်မာအလုပ်သမား အမျိုးသား ၅၄၀ ဦးနှင့် အမျိုးသမီး ၁၃၈ ဦး စုစုပေါင်း ၆၇၈ ဦးအား ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့သည်။ ယင်းနောက် မတ်လ ၁၇ ရက်နေ့တွင် အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၃၁ ဦးတို့အား လွှဲပြောင်းပေးသည်။ ဧပြီလ ၂၄ ရက်နေ့တွင်မူ […]

ထိုင်းတွင် ကံပေါက်သားတစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

Dawei Watch

June 9, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် အလုပ်လုပ်ကိုင်နေသော ကံပေါက်ဒေသခံတစ်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သော ထိုင်းထီပေါက်စဉ်တွင် ဘတ် ၁၂ သန်း ထီပေါက်ကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ထိုင်းထီပေါက်စဉ်တွင် အမြင့်ဆုံးဆုဖြင့်သော 125272 ခြောက်လုံးတူ နှစ်စောင်တွဲ ထီပေါက်သဖြင့် တစ်စောင်စီအတွက် ဘတ် ၆သန်း စုစုပေါင်းဘတ် ၁၂ သန်းဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။   ထီကံထူးသောသူသည် ဖန်ငခရိုင်တွင် ဒူးရင်းသီး၊ ကြက်မောက်သီး စသော သစ်သီးခြံတွင် လုပ်ကိုင်နေသည်မှာ ၇ နှစ်ရှိပြီဖြစ်ပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသခံတစ်ဦးဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထိုင်းထီဆုကြီးပေါက်သည်ကို သိပြီးနောက် AAC-မဟာမိတ်အဖွဲ့ထံသို့ လာရောက်အကူညီတောင်းခံခဲ့သဖြင့် ဇွန်လ ၈ ရက်နေ့တွင် ဆုကြေးငွေအားလုံးကို လိုက်ပါထုတ်ယူပေးပြီးဖြစ်ကြောင်း ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက […]

တိုက်ခိုက်ခံရပြီး‌နောက် လောင်းလုံး လဝကရုံးကို ထွေအုပ်ရုံးတွင် ပြောင်းဖွင့်

Dawei Watch

June 9, 2023

လောင်းလုံးမြို့နယ် လဝကရုံး ပစ်ခတ်ခံရပြီးနောက် ရုံးဟောင်းတွင်ပြန်မဖွင့်တော့ဘဲ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထဲသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။ မေလ ၂၃ ရက်က လောင်းလုံးလဝကရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ရက်ခန့်အကြာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် ပြောင်းရွှေ့ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး(မြို့နယ်အုပ်ချုပ်ရေးမှူးရုံး) မှာ မြို့မရဲစခန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲဝင်လိုက်ပြီး တစ်ဆင့်ချိုးလိုက်ရင် အဲမှာ လဝကဌာနဆိုပြီး ဆိုင်းဘုတ်တပ်ထားတာရှိတယ်” ဟု ကိုယ်တိုင်သွား‌ရောက်ခဲ့သူ တစ်ဦးကဆိုသည်။ ရုံးပြန်ဖွင့်ပြီးနောက် မှတ်ပုံတင်ပြုလုပ်ထားသူများကို ဖုန်းဆက်ခေါ်ယူပြီး မှတ်ပုံတင်ထုတ်ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးရုံးထဲတွင်ဆိုပါက မှတ်ပုံတင်ပြုလုပ်မည့်သူများအတွက် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း လောင်းလုံးဒေသခံအချို့ကဆိုသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲ (မှတ်ပုံတင်) သွားလုပ်ရမှာကတော့ ခပ်လန့်လန့်ပဲ။ တော်ကြာ ဒလန်ဆိုပြီးပြောခံနေရဦးမယ်” ဟု လောင်းလုံးဒေသခံတစ်ဦးက ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများမှာ ဌာနဆိုင်ရာရုံးများသို့ ကိုယ်တိုင်သွားရောက်ရန် […]