ဒေသထွက်ကုန်အဝင်နည်းသဖြင့် ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လည်ပတ်ရန်ခက်ခဲ
Dawei Watch
February 27, 2026တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့ကာ ယခုလအတွင်း ဒေသထွက်ကုန်များ အဝင်နည်းသဖြင့် ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လုပ်ငန်းလည်ပတ်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ပွဲရုံလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ ဖေဖော်ဝါရီ ပထမအပတ်ကစပြီး မြိတ်-ထားဝယ်လမ်းပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ကုန်းလမ်းများ ပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုပြတ်တောက်နေကြောင်း ၎င်းတို့က ပြောသည်။ ထို့ကြောင့် ထားဝယ်မြို့ရှိ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်စေ့ ပွဲရုံလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အခက်တွေ့နေခြင်း ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “အခုသီဟိုဠ်ဆိုရင် ပုလော၊ သရက်ချောင်းဘက်က ပစ္စည်းအကုန်လုံး လမ်းပိုင်းမှာ ပိတ်နေတယ်။ တက်လာလို့မရဘူး။ ရှိတဲ့ ပစ္စည်းကလည်း အခုအခြောက်လှန်းပြီး အခု ထခွဲလို့ မရဘူးဆိုတော့ တစ်ပတ်၊ နှစ်ပတ်လောက် ရုံပိတ်ရဖို့ အခြေအနေရှိ နေတယ်” ဟု ၎င်းက ပြောဆိုသည်။ ဒေသထွက်ကုန်ပစ္စည်းများကို […]


