အီရန်ထိပ်သီးခေါင်းဆောင် ခါမေနီ မော်စကိုသို့ ထွက်ပြေးရန် စီစဉ်ထားဟုဆို
Dawei Watch
January 8, 2026အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့သို့ ထွက်ပြေးတိမ်းရှောင်ရန် အရန်အစီအစဉ် ပြုလုပ်ထားကြောင်း လန်ဒန်အခြေစိုက် The Times သတင်းစာက ဖော်ပြသည်။ အီရန်လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ဆန္ဒပြမှုများကို နှိမ်နှင်းနိုင်စွမ်း မရှိတော့လျှင် သို့မဟုတ် တပ်မှ စွန့်ခွာမှုများ ဖြစ်ပေါ်လာလျှင် အယာတိုလာ အလီ ခါမေနီက ယင်းသို့ ထွက်ပြေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြသည်။ ၎င်း၏ မိသားစုနှင့်အတူ အယုံကြည်ရဆုံး လက်ထောက် ၂၀ ဦးခန့် ပါဝင်သည့် လူယုံအဖွဲ့နှင့် မော်စကိုသို့ တိမ်းရှောင်ရန် အရန်အစီအစဉ် ပြုလုပ်ထားကြောင်း ဆိုသည်။ “ဒီလိုမျိုး ထွက်ပြေးမယ့် အရန်အစီအစဉ်မှာ ခါမေနီနဲ့အတူ သူ့အရိုက်အရာကို ဆက်ခံဖို့ လျာထားခံရတဲ့ သားဖြစ်သူ […]


