ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး သကျက်တောရွာသားတစ်ဦး ပစ်ခတ်ခံရ၊ အဖမ်းအဆီးများဆက်ရှိနေ

Dawei Watch

July 16, 2023

လောင်းလုံးမြို့နယ်၊ သကျက်တောရွာတွင် ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ယင်းနေ့ညနေပိုင်းက သကျက်တောရွာကို ဝင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပစ်ခတ်ခံရသူမှာ ကိုအေးချမ်းဦးဆိုသူဖြစ်ပြီး လက်မောင်းတွင် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆေးကုနေတယ်။ အရင်ကလည်း ဒီလိုပဲ မူးမူးပြီး လျှောက်သွားနေလို့ စစ်ကြောင်းနဲ့တွေ့ပြီး ရိုက်ခံရဖူးတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ လောင်းလုံးမြို့နှင့် ၁၇ မိုင်ခန့်အကွာတွင်ရှိသည် သကျက်တောရွာကို စစ်ကောင်စီတပ်သည် ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှသိရသည်။ ယင်းနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ဒေသခံ အမျိုးသားလေးဦးနှင့် အမျိုးသမီးသုံးဦး […]

ကံပေါက်ဈေးထဲက ကုန်စုံဆိုင်ပိုင်ရှင် မိသားစုနှင့် အလုပ်သမား စုစုပေါင်းခြောက်ဦး အဖမ်းခံရ

Dawei Watch

July 16, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ မဂ္ဂင်ရပ်ကွက် ၊ ကံပေါက်ဈေးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင် လေးဦး၊ အလုပ်သမား နှစ်ဦး စုစုပေါင်းခြောက်ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ကုန်စုံဆိုင် ပိုင်ရှင် ဒေါ်ဒီးဒုတ် (ခေါ်) ဒေါ်စန်းမြင့်၊ ဒေါ်မီးချို၊ ကိုကျော်ဦး၊ ကိုကျော်ကျော်တို့ မိသားစုလေးဦးအပြင် အလုပ်သမားများဖြစ်ကြသည့် ကိုမင်းသူအောင်၊ ကိုအောင်ပိုင်စိုးတို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့ ခြောက်ဦးအား ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများက လာ‌ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ကုန်စုံဆိုင်ကို အရင်ဝင်တယ်။ ဆိုင်မှာရှိတဲ့လူအကုန်ခေါ်တယ်။ ဒေါ်ဒီးဒုတ်ကိုတော့ အိမ်မှာဝင်ခေါ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။ ကံပေါက်ဈေးထဲရှိ ၎င်းကုန်စုံဆိုင်အား ဝင်ရောက်ဖမ်းဆီးနေစဉ် ကံပေါက်ဈေးနှင့် အထက်တန်းကျောင်းလမ်းကို ပိတ်ထားခဲ့ကြောင်း ဆိုသည်။ […]

လောင်းလုံးအောက်ဖက် သကျက်တောရွာကို စစ်ကောင်စီတပ် ‌စစ်ကြောင်းထိုးဝင်ရောက်နေ

Dawei Watch

July 15, 2023

လောင်းလုံးမြို့မှ အောက်ဘက် ၁၇ မိုင်ခန့်အကွာ သကျက်တောကျေးရွာသို့ စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၁၅ ရက် ညနေပိုင်းမှစပြီး စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံအချို့ကပြောသည်။ လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ်ပစ်ခတ်ပြီး ရွာထဲဝင်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယခုည ၈ နာရီကျော်မှစပြီး ပစ်ခတ်သံများမကြားရတော့ဘဲ ငြိမ်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ကျွန်တော်တို့က နေ့လယ်ကတည်းက သတင်းတွေကြားနေတာ။ ဒီကို (သကျက်တောရွာကို) လာမယ်ဆိုပြီး။ အဲဒီကတည်းက ရွာထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာ” ဟု ၎င်းက ပြောသည်။ မည်သည့်အကြောင်းအရင်းကြောင့် စစ်ကြောင်းထိုးဝင်ရောက်လာသည်ကို မသိရဟုလည်း ဆိုကြသည်။ ထားဝယ်သပိတ်ကော်မတီကလည်း အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ရဘဲကျေးရွာမှတစ်ဆင့် သကျက်တောကျေးရွာသို့ ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။ အနီးအနားရှိ […]

ပိတ်ထားသည့် ကံပေါက်ရွာလမ်း ပြန်ဖွင့်သော်လည်း ရွာထဲတွင်အစစ်ဆေးပြန်တင်းကျပ်

Dawei Watch

July 15, 2023

မိုင်းတွေ့သဖြင့် ပိတ်ထားသည့် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ ရွာအဝင်လမ်းကို ပြန်ဖွင့်ပေး‌လိုက်ပြီဖြစ်သော်လည်း ရွာထဲတွင် ပြန်ပြီး စစ်ဆေးတင်းကျပ်‌နေကြောင်း စုံစမ်းသိရှိရသည်။ မိုင်းတွေ့သဖြင့် ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းတွင် ရွာဝင်လမ်းဖြစ်သည့် သစ်တောရုံးလမ်းဆုံအား စစ်ကောင်စီက ပိတ်ထားခဲ့သည်။ မိုင်းရှင်းပြီးနောက် ဆိုပါလမ်းအား ညနေ ၃ နာရီဝန်းကျင်တွင် ပြန်ဖွင့်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့က ကံပေါက်ရွာထဲ ဝင်လာပြီး တင်းတင်းကျပ်ကျပ်စစ်ဆေး‌နေကြောင်း ဒေသခံအချို့က ဆိုသည်။ ယနေ့ ညနေ ၇ နာရီအချိန်အထိ စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လိုက်ပါသည့် စစ်ကားအကြီး နှစ်စီးနှင့် ကားအငယ် သုံးစီး စုစုပေါင်း ငါးစီးသည် ကံပေါက်ရွာအတွင်းရောက်ရှိလာပြီး ကံပေါက်ဈေးနှင့် အထက်တန်းကျောင်းအနီးတွင် နေရာယူ စစ်ဆေးနေကြောင်း ဒေသခံတို့က ဆိုသည်။ […]

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

Dawei Watch

July 15, 2023

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး လောင်းလုံးမြို့နယ်အတွင်း ယနေ့ ပြုလုပ်ခဲ့ကြသည်။ ယနေ့လှုပ်ရှားမှုတွင် “ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်”ဘန်နာကိုင်ဆွဲပြီး အမျိုးသမီးများ လူငယ်များနှင့် ‌ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ချီတက်ခဲ့ကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 15, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးသွားရောက်တွေ့ဆုံမှု ဝေဖန်မေးခွန်းထုတ်ခံရ နှစ်ရှည်အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင် သွားရောက်တွေ့ဆုံမှုအပေါ် ဝေဖန်မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ မစ္စတာ ဒွန်ဟာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျင်းပဖို့ နှစ်ရက်အလို ဇူလိုင်လ ၉ ရက်နေ့မှာ နေပြည်တော်သို့ တိတ်တဆိတ်ရောက်လာပြီး လျှို့ဝှက်တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံမှုကို အာဆီနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံကြောင်း ပြောတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ မြန်မာစစ်ကောင်စီဘက်ကလည်း ဒီတွေ့ဆုံမှုဟာ တစ်နာရီခွဲနီးပါးကြာမြင့်ခဲ့ပြီး နှစ်ဦးချင်း လွတ်လွတ်လပ်လပ် တွေ့ဆုံခဲ့တာလို့ ပြောဆိုထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD […]

သဗျာရွာက ကျောင်းဆရာမ မိသားစုဝင်သုံးဦး ရိုက်နှက်ခံရ

Dawei Watch

July 15, 2023

လောင်းလုံးမြို့နယ်၊ သဗျာရွာတွင် ကျောင်းဆရာမ အပါအဝင် မိသားစုဝင် သုံးဦးရိုက်နှက်ခံရကြောင်း ဒေသခံများက ပြောသည်။ ရိုက်နှက်ခံရသည့် မူလတန်းပြကျောင်းဆရာမမှာ သဗျာရွာသူ ဒေါ်စန်းစန်းလဲ့ဖြစ်ပြီး ၎င်းအပါအဝင် ခင်ပွန်းနှင့် မိသားစုဝင်တစ်ဦးတို့ နေအိမ်တွင်ရှိနေစဉ် ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်းက လူတစ်စုလာရောက် ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါဆရာမသည် သဗျာရွာတွင် တာဝန်ကျပြီး လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ အဆိုပါမိသားစုဝင်သုံးဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ရိုက်နှက်သွားသည်ကို သေသေချာချာ မသိရသေးပေ။ ကာယကံရှင် ကျောင်းဆရာမ ဒေါ်စန်းစန်းလဲ့ကို Dawei Watch ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။ ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း လောင်းလုံးမြို့နယ်ရှိ မြို့ဟောင်းကျေးရွာအပါဝင် ကျေးရွာအချို့တွင်နေထိုင်သည့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းအချို့ ရိုက်နှက်ခံရမှု ဖြစ်ပွားခဲ့ဖူးသည်။

ထားဝယ်ထောင်တွင် စစ်တပ်က ထောင်ဝင်စာများ တင်းတင်းကျပ်ကျပ် စစ်ဆေးနေဟုဆို

Dawei Watch

July 15, 2023

ထားဝယ်အကျဉ်းထောင် ဝန်ထမ်းအချို့ဆီက မူးယစ်ဆေးဝါးများ ဖမ်းမိပြီးနောက် စစ်ကောင်စီတပ်သားများကို ထောင်ဝင်းအတွင်း လုံခြုံရေးချထားကာ ထောင်ဝင်စာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။ ဇူလိုင်လ ၁၁ ရက်က ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် စစ်ကောင်စီတပ်သားများ ဝင်ရောက်စစ်ဆေးမှုအပြီးတွင် ယင်းသို့တင်းကျပ်လိုက်ခြင်းဖြစ်သည်။ ယင်းသိုစစ်ဆေးရာတွင် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျနေသူများထံမှ မူးယစ်ဆေးများတွေ့ရှိသဖြင့် စစ်ဆေးဖော်ထုတ်ရာ ထောင်ဝန်ထမ်းများဆီမှ ဝယ်ယူကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထောင်ထဲကို မူးယစ်ဆေးဝါးများ တင်သွင်းရောင်းချသည့် ဝန်ထမ်းခြောက်ဦးကို ယင်းနေ့ကတည်းက ဖမ်းဆီးသွားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။ “မူးယစ်ဆေးဝါး လက်ဝယ်တွေ့တဲ့ ထောင်ဝန်ထမ်းခြောက်ယောက်ကို အဲ့ဒီနေ့တည်းက ဖမ်းသွားတယ်လို့တော့ ကြားတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ယင်းနေ့ကတည်းကပင် အကျဉ်းထောင်ဝင်းထဲ စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး […]