ပုလော၊ ဇရပ်ဆိပ်ရွာကို စစ်ကောင်စီက ဒရုန်းဗုံးချသဖြင့် ပိတ်မိနေသည့် ခရီးသွား ၁၀ ဦး သေဆုံး
Dawei Watch
July 26, 2025ပုလောမြို့နယ် ဇရပ်ဆိပ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ခရီးသွားပြည်သူများ တည်းခိုနေသည့်အိမ်ကို ဒရုန်းဖြင့်ဗုံးချသဖြင့် ၁၀ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဇူလိုင်လ ၂၅ ရက် ည ၁၀ နာရီ ဝန်းကျင်တွင် ခရီးသွားများ တည်းခိုနေသည့် အိမ်ကို စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အိမ်ရှင်ဦးမြင့်သန်း အပါအဝင် ၁၀ ဦးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ မြိတ်ဘက်မှ လာသည့် အဆိုပါ ခရီးသည်ကားမှာ လေကြောင်းဗုံးကြဲမှုနှင့် တိုက်ပွဲဖြစ်နေသည့်အတွက် ဆက်သွား၍မရတော့ဘဲ ဝင်ရောက်တည်းခိုနေခြင်းဖြစ်သည်။ “အိမ်ရှင်ရော ကားမောင်းသမားရော သေသွားတယ်။ အိမ်ရှင် မိန်းမကတော့ဒဏ်ရာ ရသွားတယ်။ သေသွားသူတွေက ခြေပြတ်သူကပြတ် ဗိုက်ပေါက်သူကပေါက်နေတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။ နေအိမ်ကို ပထမအကြိမ် ဒရုန်းဖြင့် ဗုံးချရာ […]


