ရွေးကောက်ပွဲကိစ္စ မြန်မာစစ်အုပ်စုနှင့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆွေးနွေးမည်
Dawei Watch
October 9, 2025အာဏာသိမ်းစစ်အုပ်စုက ကျင်းပရန် ကြေညာထားသည့် ရွေးကောက်ပွဲကိစ္စ ဆွေးနွေးရန် မလေးရှားနိုင်ငံခြားဝန်ကြီးသည် ယနေ့ အောက်တိုဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း MalayMail သတင်းတစ်ရပ်က ဖော်ပြသည်။ ရပ်တန့်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရှိစေရေး မြန်မာစစ်အုပ်စုကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တွန်းအားပေးသွားမည် ဖြစ်ကြောင်း မလေးရှားအစိုးရက ဆိုသည်။ အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသည့် မလေးရှားနိုင်ငံကိုယ်စား မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က နေပြည်တော်သို့ တစ်ရက်ကြာ သွားရောက်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အဖွဲ့ကို တွေ့ဆုံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်မှ ကတိကဝတ်များကို လိုက်နာရန် ပျက်ကွက်မှုကြောင့် မြန်မာစစ်ခေါင်းဆောင်များသည် ၂၀၂၂ ခုနှစ်ကတည်းက အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည်။ စစ်အုပ်စုက ပြုလုပ်မည့် ရွေးကောက်ပွဲကို ဦးစားပေးစရာအဖြစ် အာဆီယံက […]


