မြန်မာအလုပ်သမားအဖွဲ့များကို နှိမ်နင်းမည်ဟု မဲဆွယ်ထားသော ထိုင်းဖတ်ဒီးပါတီက အမတ်တစ်နေရာသာရရှိ
Dawei Watch
February 9, 2026ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သော ထိုင်းနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် မြန်မာအလုပ်သမားအဖွဲ့များကို နှိမ်နင်းမည်ဟု မဲဆွယ်ဆော်ဩထားသော ထိုင်းဖတ်ဒီးပါတီက ပါတီကိုယ်စားပြုအမတ်နေရာ တစ်နေရာသာရရှိကြောင်း ထိုင်းရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီတွင် မဲအရေအတွက်အားလုံး၏ ၉၅ ရာခိုင်နှုန်းကို ရေတွက်ထားပြီးဖြစ်သည်။ သို့သော်လည်း ထိုင်းဖတ်ဒီးပါတီက ခရိုင်ကိုယ်စားပြုအမတ် ၄၀၀ နေရာတွင် ခရိုင်အသီးသီး၌ မဲရလဒ် ၄ ရာခိုင်နှုန်းထက်ပိုပြီး အနိုင်ရရှိထားခြင်းမရှိပေ။ ပါတီကိုယ်စားပြုလွှတ်တော်အမတ် (Party-list) နေရာအတွက် မဲပေးသူဦးရေ ၂ သိန်းကျော်နှင့်အတူ အချိုးကျစနစ်ဖြင့် အမတ်နေရာ တစ်နေရာသာ ရရှိထားခြင်းဖြစ်သည်။ ထိုင်းဖတ်ဒီးပါတီ (Thai Pakdee) သည် ရွေးကောက်ပွဲတွင်သာ အနိုင်ရရှိပါက မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော NGO […]


