ချွန်ဘူရီတွင် ရွေးကောက်ပွဲစာရွက်စာတမ်းများကို စွန့်ပစ်ထားသဖြင့် မဲပြန်ရေရန် ပြည်သူများဆန္ဒပြတောင်းဆို
Dawei Watch
February 10, 2026ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင် အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို အမှိုက်ပုံးထဲ စွန့်ပစ်ထားသည်ကို တွေ့ရသဖြင့် မဲပြန်ရေတွက်ပေးရန် ပြည်သူများက ဆန္ဒပြတောင်းဆိုကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၈ ရက်က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲပြီးနောက် ချွန်ဘူရီခရိုင် အမှတ် ၁ မဲဆန္ဒနယ်မြေက မဲရုံပစ္စည်း အားလုံးကို ကြက်တောင်ကွင်းထဲတွင် ထားရှိထားပြီး မဲပေးတာလီစာရွက်များ၊ လုံခြုံရေးစည်းများကို အမှိုက်ပုံးထဲ စွန့်ပစ် ထားသည်ကို တွေ့ရသဖြင့် မဲစာရင်းလုပ်ဆောင်ချက်နှင့် ပတ်သက်၍ ပြည်သူများက သံသယရှိလာခြင်းဖြစ်သည်။ မဲပုံးများကိုလည်း လုံခြုံသော ဌာနဆိုင်ရာနေရာများသို့ ပို့ဆောင်ခြင်းမရှိဘဲ ကြက်တောင်ကွင်းတွင် ထိန်းသိမ်းထားသည် မှာလည်း သံသယဖြစ်စေကြောင်း ဖော်ပြသည်။ မဲပုံးများကို လုံခြုံရေးစည်းဖြင့် ချည်နှောင်ထားခြင်း မရှိသဖြင့် လုံခြုံရေးစည်းကိုဖယ်၍ မဲပုံးကို ဖွင့်ထားသည်ဟု ပြည်သူများက […]


