သရက်ချောင်း ရငဲရွာတွင် နေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့
Dawei Watch
October 9, 2023သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက နေအိမ်အချို့ကို ယနေ့ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက မီးရှို့ခံနေရပြီး မီးခိုးများတက်နေသည်ကို မြင်တွေ့နေရကြောင်း တိမ်းရှောင်နေသည့် ဒေသခံများက ပြောသည်။ “ရငဲရွာလယ်ဘုန်းကြီးကျောင်းနားလောက်က အိမ်တွေလို့ထင်တယ်။ အဝေးကပဲ မြင်နေရတော့ ဘယ်သူ့အိမ်ဆိုတာ သေချာမပြောနိုင်ဘူး။ နှစ်လုံးလောင်နေတယ်လို့ သိတယ်” ဟု တိမ်းရှောင်နေသည့် ရငဲရွာခံတစ်ဦးက ဆိုသည်။ မင်းဒပ်ရွာဘုန်းကြီးကျောင်းတွင် သုံးရက်ကြာတပ်စွဲပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ ကားနှစ်စီးဖြင့် သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျောက်ခမောက်ရွာများကို ဝင်ရောက်လာပြီးနောက် ရငဲရွာက နေအိမ် အချို့ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကြောင်း ဝင်ရောက်လာသဖြင့် အဆိုပါကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ်သားများသည် Vigo အမျိုးအစားကားတစ်စီး နှင့် […]


