ကံပေါက်တွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းအားလုံး ရပ်နားလိုက်၍ ဒေသခံများအခက်အခဲဖြစ်
Dawei Watch
October 11, 2023ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘာ့ရတနာဘဏ် (ကံပေါက်ဘဏ်ခွဲ)ကို အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ရပ်နားထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ “လုံခြုံရေးအခြေအနေအရ နားထားဦးမယ်ပြောပါတယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲတော့မသိသေးဘူး“ ဟု အောက်တိုဘာလ ၇ ရက်က ကမ္ဘာရတနာဘဏ်ခွဲတွင် ငွေသွားလွှဲခဲ့သည့် ကံပေါက်ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ကံပေါက် ကမ္ဘာ့ရတနာဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးဘဲ ဝန်ထမ်းများလည်း ကလိန်အောင်ဘဏ်ခွဲတွင် အလုပ်ဆင်းနေကြကြောင်း ဘဏ်ဝန်ထမ်းများနှင့် နီးစပ်သူများထံကသိရသည်။ ကံပေါက်ဒေသတွင် ကမ္ဘာရတနာဘဏ်(ကံပေါက်ဘဏ်ခွဲ) အပြင် သမဝါမယဘဏ်(ရေဖြူဘဏ်ခွဲ)လည်း ရှိပြီး သမဝါယမဘဏ်မှာမူ စစ်အာဏာသိမ်းပြီးနောက်လပိုင်းအကြာ ဘဏ်အဆောက်အအုံတွင် စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲပြီးကတည်းက ရပ်နားထားသည်မှာ ၂ နှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။ လက်တလောအခြေအနေတွင် ကံပေါက်ဒေသရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများအားလုံး ရပ်နားထားသည့် အခြေအနေရောက်ရှိနေပြီး […]


