ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကလိန်အောင်သံပုရာသီး ရာသီအဖွင့်စျေးကောင်း

Dawei Watch

November 3, 2023

ယခုနှစ်ပွင့်လင်းရာသီအဖွင့်တွင် ထားဝယ်ခရိုင် ၊ ကလိန်အောင်ဒေသထွက် သံပုရာသီးများ စျေးကောင်းရနေသည်ဟု ကလိန်အောင်ဒေသခံ သံပုရာခြံလုပ်ငန်းရှင်များထံက သိရသည်။ “ အခုနှစ်လို အဖွင့်စျေးကောင်းတာ မကြုံဖူးဘူး သံပုရာသီးတစ်လုံးကို ၅၀၊ ၆၀(ကျပ်) ရတယ်။ အရင်နှစ်တွေက အဖွင့်စျေး တစ်လုံးကို တစ်ဆယ်၊ နှစ်ဆယ် ပဲရတယ် “ ဟုကလိန်အောင်မြို့က သံပုရာသီး ဥယျာဥ်ခြံ ပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။ ရာသီဥတုကြောင့် ဥယျာဥ်ခြံအချို့တွင် သံပုရာပင်များ သေဆုံးခြင်းနှင့် သေဆုံးသွားသော သံပုရာပင်များနေရာတွင် သံပုရာပင်ပြန်မစိုက်ဘဲ ကွမ်း၊ရာဘာ စသဖြင့်အစားထိုးအပင်များ စိုက်ပျိုးကြခြင်းတို့ကြောင့် သံပုရာသီးအထွက်နည်းပြီး အဖွင့်စျေးကောင်းနေခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ သံပုရာပင်သည် တစ်နှစ်ပတ်လုံးမပြတ် ပွင့်သီးသော သီးနှံအမျိုးအစားဖြစ်ပြီး အောက်တိုဘာလမှ ဇွန်လအထိ အရောင်းရဆုံးကာလဖြစ်ပြီး သံပုရာသီးအရှားဆုံးကာလဖြစ်သည့် မတ်လတွင် သံပုရာသီးတစ်လုံးလျှင် ၂၀၀ ကျပ်အထိစျေးကောင်းရကြောင်း သံပုရာစိုက်တောင်သူများကဆိုသည်။ ကလိန်အောင်ဒေသတွင် […]

ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် အရပ်သားထိခိုက်သေဆုံး

Dawei Watch

November 2, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အရပ်သား တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း များပြားကြောင်း မြို့ခံတို့က ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့‌ပေါ်နှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းအဖွဲ့တို့က နိုဝင်ဘာလ ၁ ရက်နေ့ ည ၈ နာရီခန့်ကတည်းက ပစ်ခတ်တိုက်ခဲ့ပြီး နိုဝင်လာလ ၂ ရက်နေ့အထိ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲကြောင့် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျပြီး အရပ်သား တစ်ဦး သေဆုံးသွားကာ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိကြောင်း မြိုခံတို့က ပြောဆိုသည်။ နေအိမ်ထိခိုက်ပျက်စီးမှုလည်းရှိကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့ည ၈ နာရီလောက်ကတည်းက ပစ်သံကြားရတယ်။ သိသလောက်ကတော့ အရပ်သား တစ်ဦး သေသွားတယ်။ ဘယ်သူမှ ဘယ်မှ […]

ကျိုက်ထိုတွင် ခရီးသည်တင်ကား မိုင်းဆွဲခံရပြီး ခရီးသည်ရှစ်ဦးဒဏ်ရာရ

Dawei Watch

November 2, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျွန်းတောကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် နိုဝင်ဘာလ ၁ ရက်နေ့ညက ခရီးသည်တင်မှန်လုံကားတစ်စီး ‌မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခရီးသည် ရှစ်ဦး မိုင်းစထိမှန်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသည့် ‘အောင်ကျော်မိုး’ ခရီးသည်တင်မှန်လုံကားသည် ယမန်နေ့ ည ၉ နာရီခွဲခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး PT Power စက်သုံးဆီအရောင်းဆိုင်အနီးအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။ ခရီးသည်တင် မှန်လုံကားပေါ်တွင် ခရီးသည် ၄၀ ခန့် စီးနင်းလိုက်ပါလာခြင်းဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး အဖွဲ့တို့ထံမှ သိရသည်။ ယင်းအနက်မိုင်းစထိမှန်ပြီး အသက် ၄၅ နှစ်အရွယ် ဦးဝင်းကြိုင်၊ အသက် ၃၈ နှစ်အရွယ် ဦးအုန်းသန်း၊ အသက် ၂၃ နှစ်ရှိ ကိုဆန်းမင်းနှင့် အသက် ၁၈ နှစ်ရှိ […]

စစ်ကောင်စီတပ်သားနှစ်ဦး CDM လုပ်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

Dawei Watch

November 2, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာ (၅၆၁) တပ်ရင်းက တပ်သားနှစ်ဦး ထွက်ပြေးလာပြီး CDM လုပ်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၂ရက်နေ့တွင် ထုတ်ပြန်သည်။ တပ်သား ထွန်းလင်းပိုင်နှင့် တပ်သား ထက်မြတ်သူတို့သည် အောက်တိုဘာလ ၃၁ ရက်တွင် ထွက်ပြေးလာပြီး နိုဝင်ဘာ ၁ ရက်နေ့တွင် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်နှင့် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၂) တပ်ခွဲ (၁) ထံ ပူးပေါင်းလာကြောင်း ဖော်ပြသည်။ စစ်ကောင်စီ တပ်တွင်းဖိနှိပ်ခြင်း၊ ပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများကြောင့် အဆိုပါတပ်သားနှစ်ဦး ထွက်ပြေးကာ လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထွက်ပြေးလာသည့် ရဲဘော်နှစ်ဦးအား ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင် (အဖွဲ့) နှင့် ချိတ်ဆက်ကာ ၎င်းတို့၏ […]

ထိုင်းတွင် ကားတိမ်းမှောက်ပြီး ရိုဟင်ဂျာ ၁၈ဦး ဒဏ်ရာအပြင်းအထန်ရ

Dawei Watch

November 2, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော ရိုဟင်ဂျာများ စီးလာသောကား တိမ်းမှောက်ပြီး ၁၈ ဦး ဒဏ်ရာအပြင်းအထန်ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ချွန်ဖော်ခရိုင် ပထီးဝူဒေသ စစ်ဆေးရေးဂိတ်အလွန် လမ်းဘေးတွင် အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ကားပေါ်တွင် အသက် ၁၅ နှစ်အရွယ် ရိုဟင်ဂျာ ဆယ်ကျော်သက်များအပါအဝင် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီး ၁၀ဦး လိုက်ပါလာကြောင်း ဖော်ပြသည်။ ဒဏ်ရာရသူများကို ရှေးဦးကုသပေးပြီးနောက် အုပ်စုခွဲ၍ အနီးရှိ ဆေးရုံ ၄ ရုံသို့ ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများက ဆိုသည်။ အသက် ၂၀ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားသမားသည် မြန်မာအလုပ်သမားများကို ရတ်ခ်ျဘူရီခရိုင်မှတစ်ဆင့် […]

မလေးရှားပို့မည့် ကျပ်ဘီလီယံတစ်ရာကျော်တန်ဖိုးရှိမူးယစ်ဆေး ကော့သောင်းတွင် ဖမ်းမိ

Dawei Watch

November 2, 2023

မလေးရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးတို့အား အောက်တိုဘာလ ၃၀ ရက်နေ့က ကော့သောင်းမြို့တွင် ဖမ်းမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာတွင် စစ်ကောင်စီ ရေတပ်က ဖမ်းမိခဲ့ကြောင်း စစ်ကောင်စီ အာဘော် MRTV သတင်းဌာနက ထုတ်ပြန်သည်။ သတင်းအရ ပင်လယ်ပြင်အတွင်း ပိတ်ဆို့ရှာဖွေရာမှ မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းသည့် စက်လှေ တစ်စီးပေါ်က လှေသား ၇ ဦးတို့နဲ့အတူ GUANYINWANG စာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ် ကာလတန်းဖိုးအားဖြင့် ငွေကျပ် ၁၀၄ ဘီလီယံခန့်အား ဖမ်းမိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဖမ်းမိသူတို့၏ ထွက်ဆိုချက်အရ ညီညီဆိုသူမှ မလေးရှားရှိ မူးယစ်ဂိုဏ်းတို့နှင့် […]

ရှမ်းမြောက်တွင် မြို့သုံးမြို့ကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း စစ်ကောင်စီဝန်ခံ

Dawei Watch

November 2, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နယ်စပ်ဂိတ်ရှိသည့် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ် (ပန်ဆိုင်း) မြို့တို့ကို လက်လွှတ် လိုက်ရပြီဖြစ်ကြောင်း စစ်ကောင်စီက ဝန်ခံလိုက်သည်။ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုဝင်ဘာလ ၁ရက်နေ့တွင် ပြောဆိုခြင်း ဖြစ်သည်။ “ဒီအချိန်မှာတော့ ကျွန်တော်တို့ အစိုးရရယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေ လက်လွှတ် ခဲ့ရတဲ့ နေရာတွေရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ်၊ ဒီသုံးမြို့တော့ရှိပါတယ်” ဟု ၎င်းက ပြောသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အားလုံးနီးပါး ထိန်းချုပ်ခံထားပြီဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းမှာ မမှန်ကြောင်းလည်း ပြောဆိုသည်။ အောက်တိုဘာလ ၂၇ ရက်နှင့် ၂၈ ရက်တွင် ချင်းရွှေဟော်၊ မုံးကိုး၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုးမြို့နယ်တို့တွင် တိုက်ခိုက်ခံရပြီး ၂၉ ရက်တွင် သိန္နီ၊ […]

စစ်ကောင်စီစခန်း ၈၇ခုကို သိမ်းထားပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်များ အလင်းဝင်ဟု MNDAA ထုတ်ပြန်

Dawei Watch

November 1, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စခန်း ၈၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်နှင့် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ လက်နက်ချ အလင်းဝင်လာကြောင်း ကိုးကန့်တပ်MNDAA က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်ဖြစ်သည့် ယနေ့ နိုဝင်ဘာလ ၁ရက်နေ့တွင် တပ်စခန်းခုနစ်ခုသိမ်းဆည်းနိုင်ခဲ့ပြီး ယနေ့အထိ တပ်စခန်း ၈၇ ခု တိုက်ခိုက်သိမ်းယူနိုင်ခဲ့ကြောင်း ကိုးကန့်တပ်က ထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ်အဖွဲ့သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA၊ တအာင်းတပ်TNLA ၊ ရခိုင်တပ် AA တို့က ပူးပေါင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကိုးကန့်၊ မုံးကိုး ၊ သိန္နီတို့တွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကစစ်ဆင်ရေး ဆက်လက်လုပ်ဆောင်နေကြောင်းလည်း ဖော်ပြသည်။ ကိုးကန့်ခရိုင် တုန်ရှမ်ဒေသ ဟိုကျီတုံနေရာရှိ စစ်ကောင်စီတပ်စခန်းများကို […]