ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် ဆန်သယ်လာသည့် ကားနှစ်စီးအဖမ်းခံရ

Dawei Watch

November 4, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတားတွင် ဆန်တင်လာသည့် ကားနှစ်စီးအဖမ်းခံရကြောင်း ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက မြိတ်မြို့မှ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုသို့ ဆန်တင်လာသည့် ခရီးသည်တင်ကားနှစ်စီးကို ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရကြောင်း ၎င်းတို့က ဆိုသည်။ “ငါးမိုင်က ကားတစ်စီးနဲ့ သဘော့လိပ်က ကားတစ်စီးကို ဆန်အိတ်အများကြီးတင်လာတယ်ဆိုပြီး စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်) က ဖမ်းလိုက်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တနင်္သာရီမြို့ စရဖရုံးတွင် ကားသမားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် နေ့ချင်းပြန်လွှတ်ပေးခဲ့ပြီး ဆန်အိတ်လေးဆယ်ခန့်ကိုမူ ပြန်မရတော့ဟု ကြားသိရကြောင်း ဒေသခံများက ပြောဆိုသည်။ “လူကိုတော့ ပြန်လွှတ်လိုက်တယ်။ ဆန်ကတော့ ကားနှစ်စီးပေါင်း သုံးဆယ့်ရှစ်အိတ်တော့ ပြန်မရတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တနင်္သာရီမြို့နယ်၊ တကူကျေးရွာဘက်ကို ဇဝဲဂိတ်မှ […]

စိန်ခေါ်ပွဲ ထိုးရန် ကမ္ဘောဒီးယားနိုင်ငံရောက်လာသည့် ဒေဝ

Dawei Watch

November 4, 2023

ကမ္ဘောဒီးယားလက်ဝှေ့အကျော်အမော် ပရွမ်းဆမ်းနန်နှင့် စိန်ခေါ်ပွဲထိုးသတ်ရန် ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်လာခဲ့ပြီဖြစ်သော မြန်မာ့လက်ဝှေ့ချန်ပီယံဟောင်း ဒေဝကို ကမ္ဘောဒီးယားနိုင်ငံရှိ ပရိသတ်များနှင့် မီဒီယာများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ဒေဝ(ခ)ဒေ့ဗ်လက်ဒက် သည် မြန်မာ့လက်ဝှေ့ချန်ပီယံရွှေခါးပတ်ကို မြန်မာလူမျိုး မဟုတ်သည့် နိုင်ငံခြားသားများအနက်မှနေ၍ ပထမဆုံး ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ယခုထိုးသတ်မည့် ပရွမ်းဆမ်းနန်နှင့် စိန်ခေါ်ပွဲစဉ်မှာ ဒေဝအတွက် ကစားသမားဘဝကို နှုတ်ဆက်မည့် နောက်ဆုံးပွဲစဉ်ဖြစ်လာတော့မည်လည်းဖြစ်သည်။ ဒေဝ သည် ကမ္ဘောဒီးယားသို့ ရောက်လာခဲ့အပြီးတွင် လေဆိပ်၌ ၎င်းကို ကြိုဆိုနေသည့် ပရိသတ်များနှင့် မီဒီယာများကို နှုတ်ဆက်ခဲ့ကာ မီဒီယာများက မေးမြန်းသည့်မေးခွန်းများကိုလည်း ဖြေကြားပေးသွားခဲ့သည်။ ဒေဝနှင့် ပရွမ်းဆမ်းနန်တို့ ထိုးသတ်မည့် စိန်ခေါ်ပွဲစဉ်သည် အရှေ့တောင်အာရှ လက်ဝှေ့သမိုင်းတွင် အကြီးကျယ်ဆုံးပွဲစဉ်ဖြစ်လာလိမ့်မည်ဟု သတ်မှတ်ညွှန်းဆိုခံထားရပြီး ပုဝါမကူ ရေမရှူ အနားမတောင်းစနစ်ဖြင့် တစ်ချီတည်း အပြီးသတ်ထိုးသတ်ရမည့်ပွဲစဉ်ဖြစ်နေသည်မှာ ယခုပွဲစဉ်၏ထူးခြားချက်ပင်ဖြစ်သည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

November 3, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၈ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ အမေရိကန်တွင် သေနတ်သမားအလောင်းကို တွေ့ရှိ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းက Maine ပြည်နယ် Lewiston မြို့မှာ လူ ၁၈ ဦးကို သေနတ်ပစ်သတ်ခဲ့တဲ့ Robert Card ကို သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ သူ့ကိုယ်သူ ပစ်ခတ်တဲ့ဒဏ်ရာနဲ့ သေဆုံးခဲ့ပုံရတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ Card ရဲ့ ရုပ်အလောင်းကို Lisbon မြို့မှာ တွေ့ရှိခဲ့ပါတယ်။ Robert Card ရဲ့ အန္တရာယ်ကို စိုးရိမ်စရာ မရှိတော့ပါဘူး။ ထိခိုက်ဆုံးရှံးမှုတွေကို ပြန်လည် ကုစားရမယ့် အချိန် ဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက […]

ရှမ်းမြောက်တွင် စစ်ဘေးရှောင်နှစ်သောင်းကျော်တိုးလာကြောင်း ကုလထုတ်ပြန်

Dawei Watch

November 3, 2023

တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် ၂၃၀၀၀ ကျော် တိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်သည်။ လတ်တလောတွင် စစ်ဘေးရှောင် နှစ်သောင်းကျော်တိုးလာသဖြင့် စစ်ဘေးရှောင် ၃၇၄၀၀ ကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း နိုဝင်ဘာလ ၂ရက်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် ၂၂ခုအနက် ကိုးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ခမ်းနှင့် မူဆယ်မြို့နယ်တွင် တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ကြောင်း ဖော်ပြသည်။ စစ်ဘေးရှောင်များ တိုးမြင့်လာသဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်ချက်များလည်း မြင့်တက်နေကြောင်း ဖော်ပြပါရှိသည်။ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖက်လုံးက လမ်းပိတ်ခြင်း၊ စစ်ဆေးရေးဂိတ်များ ပိုမို တိုးမြှင့်ခြင်းကြောင့် အရပ်သားသွားလာရေးနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးကို ထိခိုက်နေကြောင်းလည်း ရေးသားထားသည်။ […]

KIAနှင့် ပူးပေါင်းအဖွဲ့ ကောလင်းမြို့ကိုဝင်တိုက်၊ တမူး၊ ကလေးတို့တွင်လည်း တိုက်ပွဲဖြစ်

Dawei Watch

November 3, 2023

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို KIA၊ AA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး တမူးနှင့် ကလေးမြို့နယ်ထဲတွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၃ရက် နံနက် ၄နာရီဝန်းကျင်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ရက္ခိုင့်တပ်တော် AA၊ ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းဆိုသည်။ ကောလင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို သိမ်းပိုက်ထားကြောင်းလည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ စစ်ကောင်စီတပ်ဘက်က ဂျက်တိုက်လေယာဉ်များဖြင့် နံနက်ပိုင်း ပြန်လည်တိုက်ခိုက်ကြောင်း Kawlin Revolution-KR ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ တမူးမြို့နယ် ခါမ်းပတ်မြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများနှင့် ကလေးမြို့နယ်ထဲတို့တွင် ABSDF ၊ PDF တပ်ဖွဲ့နှင့် CDF (တွန်းဇံ) တပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံ […]

မြိတ်မြို့ပေါ်တွင် စစ်ကောင်စီက လုံခြုံရေး အစီအမံများ ထပ်တိုးပြုလုပ်

Dawei Watch

November 3, 2023

မြိတ်မြို့ပေါ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး စစ်ကောင်စီက လုံခြုံရေးအစီအမံများ ထပ်တိုးပြုလုပ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။ မြိတ်ကမ်းနားလမ်း မီးပုံးတိုင်အနီးတွင် သဲအိတ်များဖြင့် စစ်ကောင်စီ၏ ရဲတပ်ဝင်အချို့မှ လုံခြုံရေးရယူထားခြင်းနှင့် အသွားအလာများသည့် လမ်းဆုံလမ်းခွတို့တွင် သံဆူးကြိုးနှင့် ဖြူနီမျဉ်းပါ ဘယ်ရီဂိတ်များ လိုက်လံချထားကြောင်း မြို့ခံအချို့က ပြောပြသည်။ “ဂိတ်‌တွေချထားတာ တစ်မြို့လုံးနီးပါးပဲ၊ ချထားရုံပဲရှိသေး၊ အတားအဆီးပြုလုပ်တာ မရှိသေးဘူး” ဟု မြစ်ငယ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ မြို့အပေါ်အနှံ့ ဘယ်ရီဂိတ်တို့ကို ယခင်က ချထားဖူးခြင်းမရှိကြောင်း မြို့ခံအချို့က ပြောပြသည်။ “အာဏာသိမ်းတုန်းက တစ်နိုင်ငံလုံး တစ်မြို့လုံး ဆန္ဒထွက်ပြတဲ့အချိန်က ကမ်းနားလမ်းဘက်မှာ ဂိတ်တွေတစ်ခါချထားဖူးတယ်။ ရဲစခန်းနဲ့ စစ်တပ်ဂိတ် အရှေ့တွေမှာလည်း တွေ့ရတယ်။ မြို့ထဲ လမ်းတွေမှာ ဒီလိုချထားတာတွေ တစ်ခါမှ မတွေ့ဖူးဘူး” ဟု ထားဝယ်စုရပ်ကွက်နေသူတစ်ဦးက […]

လောင်းလုံးတွင် အရပ်ဝတ်ဖြင့်လာသည့်စစ်ကြောင်း အမျိုးသမီးငယ်တစ်ဦးနှင့် ဖခင်ဖြစ်သူတို့ကို ဖမ်းခေါ်

Dawei Watch

November 3, 2023

လောင်းလုံးမြို့နယ် အရှေ့သဗျာ (ခေါ်) ပဉ္စသီမော်ရွာ မြောက်ဘက်ပိုင်းသို့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကြောင်းဝင်လာစဉ် အမျိုးသမီးငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သားများသည် အနက်ရောင်အရပ်ဝတ်များ ဝတ်ဆင်ထားပြီး ဖုန်းအသုံးပြုနေသည့် အသက် ၂၀ကျော်အရွယ် အဆိုပါအမျိုးသမီးနှင့် ၎င်း၏ မိဘနှစ်ဦးဖြစ်သူတို့ကို စစ်ဆေးဖမ်းဆီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် မိခင်ဖြစ်သူကို ပြန်လွှတ်ပေးကာ ဖခင်ဖြစ်သူ ဦးစုကမ်းနှင့် သမီးဖြစ်သူတို့ကို ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ပြောဆိုသည်။ “လောင်းလုံးမှာလို့တော့ ကြားရတယ်။ ဘယ်မှာ စစ်ဆေးနေတာလဲဆိုတာကိုတော့ မသိသေးဘူး” ဟု သဗျာရွာသား တစ်ဦးက ပြောသည်။ လောင်းလုံးအခြေစိုက်တပ် ခလရ (၁၀၄) က စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ထားဝယ်-လောင်းလုံး လမ်းမကြီး၏ အနောက်ဘက် […]

ပုလောထွက် ကွမ်းသီးနှင့်ရော်ဘာများ သယ်ယူခွင့်ပိတ်

Dawei Watch

November 3, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်ကျေးရွာများမှ ထွက်ရှိသည့် ကွမ်းသီးနှင့်ရော်ဘာများကို စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များက ပုလောမြို့တွင်းသို့ သယ်ယူခွင့်ပိတ်လိုက်ကြောင်း ဒေသခံများ ထံမှသိရသည်။ ကွမ်းသီးနှင့်ရော်ဘာ သယ်ယူရောင်းချမှုကို ယခင်ကခွင့်ပြုထားသော်လည်း လက်ရှိတွင် ပုလောမြို့အတွင်းသို့ သယ်ခွင့်မပေးတော့ဟု ဒေသခံများကပြောသည်။ “ကွမ်းသီးရယ်၊ရော်ဘာခွက်ချေး(ရော်ဘာခွက်ခဲ)ရယ် ပေးမသယ်တော့ဘူး။ အရောင်းအဝယ်လည်း မရှိကြတော့ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာနေ ဒေသခံများ စိုက်ပျိုးထုတ်လုပ်ထားသော ကွမ်းသီးနှင့်ရော်ဘာများကို ယခင်က ပုလောမြို့တွင်သွားရောက် ရောင်းချနေကြခြင်းဖြစ်သည်။ “မြို့ထဲသယ်ခွင့်မပေးတာ တစ်ပတ်လောက်ရှိပြီ။လက်ရှိမြိတ်ဖက်မှာ တစ်ချို့သွားရောင်းနေကြတယ်။ ရော်ဘာကတော့ (မြိတ်)ရှောင်ကွင်းလမ်းက ငါးအင်းရွာစက်ရုံမှာ သွားရောင်းကြတာများတယ်”ဟု ဒေသခံနောက်အမျိုးသားတစ်ဦး ကပြောသည်။ ပုလောမြို့နှင့် မြိတ်မြို့သည် မိုင် ၅၀ ကွာဝေးပြီး သယ်ယူစရိတ် ပိုမိုကုန်ကျနေ၍ တွက်ခြေမကိုက်ဟု ဒေသခံများကဆိုသည်။ Dawei Watch ၏ မေးမြန်းစုံစမ်းချက်အရ ပုလောဘက်မှ ရော်ဘာ၊ကွမ်းသီးများကို မြိတ်ဘက်သို့လည်း […]