ခမ်းပါတ်မြို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းယူ
Dawei Watch
November 7, 2023စစ်ကိုင်းတိုင်း တမူးခရိုင် ကလေး-တမူး အာရှလမ်းမပေါ်ရှိ ခမ်းပါတ်မြို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တော်လှန်ရေးအဖွဲ့များက သိမ်းယူလိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။ KIA နှင့် တော်လှန်ရေးအဖွဲ့များဖြစ်သည့် တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် (၁) စစ်ဒေသ လက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့က ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ခမ်းပာတ်မြို့ကို နိုဝင်ဘာလ ၃ ရက်မှ စတင်၍ စတင်တိုက်ခိုက်ခဲ့ပြီး ငါးရက်အကြာတွင် မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း […]


