ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးသဗျာရွာ အုန်းသီးဆိုင်းဘုတ်အနီး အမျိုးသားအလောင်း လာကောက်သူမရှိ

Dawei Watch

December 21, 2023

လောင်းလုံးမြို့အဝင် အုန်းသီးဆိုင်းဘုတ်အနီးတွင် သွေးအိုင်ထဲလဲကျသေဆုံးနေသည့် အမျိုးသားအလောင်းကို လာရောက်ကောက်ယူသူမရှိဘဲဖြစ်နေကြောင်း ဒေသခံအချို့ထံမှသိရသည်။ ယင်းအမျိုးသားအလောင်းမှာ ယနေ့ ဒီဇင်ဘာ ၂‌၁ ရက် နံနက် ၈ နာရီ မိနစ် ၅၀ အချိန်အထိ လမ်းမပေါ်တွင်ရှိနေဆဲဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများကဆိုသည်။ “အပေါ်ပိုင်းမှာ အင်္ကျီမရှိဘူး။ အောက်ပိုင်းမှာတော့ ဘောင်းဘီအပြာရောင်လိုလို၊ အစိမ်းရောင်လိုလိုဝတ်ထားတယ်။ သွေး‌အိုင်ထဲမှာ။ သွေးကတော့ခြောက်နေပြီ” ဟု ယနေ့ နံနက် ၈ နာရီ မိနစ် ၃၀ အချိန်က ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားသူတစ်ဦးကဆိုသည်။ အုန်းသီးဆိုင်းဘုတ်အနီးရှိ နေအိမ်များအားလုံး ပိတ်ထားကြပြီး လမ်းသွား၊ လမ်းလာလည်း မရှိသလောက်နည်းပါးနေကြောင်း ၎င်းကဆိုသည်။ ယင်းဆိုင်းဘုတ်အနီးတွင် ထောင်ထားသော မိုင်းများကို စစ်ကောင်စီတပ်က ဖောက်ခွဲဖျက်စီးမှု မနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သလို့ ညပိုင်းတွင်း လောင်းလုံးမြို့အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည်။ မနေ့ (ဒီဇင်ဘာ […]

လောက်ကိုင်မြို့တွင် တိုက်ပွဲပြန်ဖြစ်

Dawei Watch

December 20, 2023

တရုတ်ကြားဝင်ညှိနှိုင်းပေးသဖြင့် အပစ်ရပ်ထားသည့် လောက်ကိုင်မြို့တွင် ဒီဇင်ဘာလ ၁၉ရက်မှစတင်ကာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) က ထုတ်ပြန်သည်။ ကိုးကန့်ဒေသတွင် ဒီဇင်ဘာလ ၁၀ရက်ညနေပိုင်းမှစတင်ပြီး အပစ်အခတ်ရပ်စဲသွားပြီးနောက် ဒီဇင်ဘာလ ၁၈ရက်ညနေပိုင်းတွင် စစ်ကောင်စီတပ်ဘက်က ဂျက်လေယာဉ်ဖြင့် MNDAA ၏ ခံတပ်ကို သုံးကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAA အာဘော် ကိုးကန့်မီဒီယာတွင် ရုပ်သံမှတ်တမ်းနှင့်တကွ ဖော်ပြသည်။ ယင်းအပြင် စစ်ကောင်စီတပ်သည် ကွမ်ရင်ရှမ် (တရုတ်ဘုံကျောင်း) နှင့် ဖီဖာရွှေနေရာမှနေ၍ လက်နက်ကြီးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြသည်။ ယင်းနောက် ကိုးကန့်ဒေသ လောက်ကိုင်မြို့နယ် လောက်ရှမ့်ထန်ဒေသ တစ်ကြောတွင် ဒီဇင်ဘာလ ၁၉ရက် နေ့လယ်ပိုင်းမှစတင်ကာ တိုက်ပွဲစတင်ဖြစ်ပွားကြောင်း MNDAA က ဆိုသည်။ တရုတ်ကြားဝင် စေ့စပ်ပေးမှုကြောင့် MNDAA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် […]

သရက်ချောင်း၊ မင်းဒပ်ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဝင်ရှာပြီး ပစ္စည်းများယူသွား 

Dawei Watch

December 20, 2023

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာက နေအိမ်များကို ဒီဇင်ဘာလ ၁၉ရက်တွင် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၁၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ထားဝယ်-မြိတ်သွားကားလမ်းဘေးရှိ မင်းဒပ်ရွာကို ဒီဇင်ဘာလ ၁၈ရက် နံနက်ပိုင်းက လက်နက်ကြီးနှစ်လုံး ပစ်ခတ်ပြီးနောက် လက်နက်ငယ်များ ပစ်ခတ်ကာ ရွာထဲဝင်လာကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ ပစ်ခတ်ဝင်လာသဖြင့် ဒေသခံအချို့ထွက်ပြေးကြပြီး အချို့မှာမိမိနေအိမ်တွင် နေကြကြောင်း ၎င်းတို့က ပြောဆိုသည်။ လူမရှိသည့် နေအိမ်များကို ရိုက်ဖျက်ဝင်ရောက်ရှာဖွေခဲ့ပြီး လူရှိသည့် နေအိမ်က အိမ်သားများကို အပြင်ထွက် ထိုင်ခိုင်းကာ အိမ်တွင်းကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း မင်းဒပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းသို့ ရှာဖွေပြီး ဆိုင်ကယ် လေးစီးနှင့် ရွှေငွေတို့ကို ယူဆောင်သွားကြောင်း ၎င်းက ပြောဆိုသည်။ ရွှေ၊ ငွေမည်မျှ ယူဆောင်သွားသည်ကို စာရင်းအတိအကျ မသိရသေးဟု ၎င်းက ဆိုသည်။  “ဝင်လာချိန် ခြောက်ပစ် ပစ်တော့ လူတွေကပြေးကြလွှားကြတယ်လေ။ လူတွေမရှိတော့ အိမ်က ပစ္စည်းတွေ ယူရ လွယ်တယ်လေ။ တို့အနားက ရွာတွေအားလုံး အဲဒီလိုအခြေအနေကြုံနေရတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် […]

စစ်ရေးတင်းမာနေသဖြင့် ထုံခါ- မောတောင်လမ်းပိုင်း သွားလာသူများကို သတိပေး

Dawei Watch

December 20, 2023

မြိတ်- ကော့‌သောင်းလမ်းပိုင်းတစ်နေရာဖြစ်သည့် တနင်္သာရီမြို့နယ် ထုံခါ- မောတောင်လမ်းကို ဖြတ်သန်းသွားလာသူများ အထူးသတိထားသွားလာကြရန် တောင်ပိုင်းညီနောင်များတပ်က သတိပေးထုတ်ပြန်ထားသည်။ ယင်းလမ်းပိုင်းတွင် တောင်ပိုင်းညီနောင်များတပ်နှင့် စစ်ကောင်စီတပ်တို့ ထိပ်တိုက်ရင်ဆိုင်နေကြသဖြင့် သတိထားသွားလာကြရန်  ဒီဇင်ဘာလ ၁၈ ရက်က သတိပေးထားခြင်းဖြစ်သည်။ “စစ်ရေးအခြေအနေတော့ ကျွန်တော်တို့လည်းမသိဘူး။ ခရီးသည်ကားတွေတော့ ဖြတ်သွား၊ ဖြတ်လာလုပ်နေကြတာရှိတယ်။ ဒီနေ့(ဒီဇင်ဘာ၂၀) လည်းဖြတ်နေကြတာရှိတယ်” ဟု မောတောင်မြို့ခံ ကားသမားတစ်ဦးကဆိုသည်။ တောင်ပိုင်းညီနောင်များတပ်ကမူ  ထုံခါ- မောတောင်လမ်းပိုင်းအပါအဝင် တနင်္သာရီမြို့နယ် စစ်ကောင်စီ နည်းဗျူးဟာအနီးရှိ ရေဖြူရွာ၊ တားပလပ်ရွာတို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အသေးစိတ်အခြေအနေအား သိရှိရန် တောင်ပိုင်းညီနောင်များတပ် ပြန်ကြားရေးအရာရှိကို ဆက်သွယ်နေမေးမြန်းနေဆဲပင်ဖြစ်သည်။

သံဖြူဇရပ် မြို့နယ်ထွေအုပ် ဒုဦးစီးမှူး ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ

Dawei Watch

December 20, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ကိုကို အား စစ်ကောင်စီက ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်တွင် နေထိုင်သည့် ဒုဦးစီးမှူး ဦးအောင်ကိုကိုသည် ဌာနတွင်းသတင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထံ ပေးပို့နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီက ဒီဇင်ဘာ ၁၅ ရက်နေ့ တွင် ဖမ်းဆီးခံခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ၎င်းကို သံဖြူဇရပ်တပ်နယ် ဝဲကလိစစ်ကြောရေးစခန်းတွင် ဖမ်းဆီးစစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၁၈ ရက်နေ့က သံဖြူဇရပ်မြို့မရဲစခန်းတွင် ထောင်ဒဏ် တစ်သက်အထိချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂ (က)တို့ဖြင့် အမှုဖွင့်ထားကြောင်း မြို့ခံအချို့ ဆိုသည်။ ဦးအောင်ကိုကို ဖမ်းဆီးခံရသည့်အကြောင်းအရင်းကို Dawei Watch […]

မိုင်းရှင်းနေသော စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကိုမီးရှို့

Dawei Watch

December 20, 2023

လောင်းလုံးမြို့အဝင် သဗျာရွာ အုန်းသီးပုံအနီးတွင် မိုင်းရှင်းနေသော စစ်ကောင်စီတပ်က လူမနေသည့်နေအိမ်တစ်လုံးကို မီးရှို့သွားသည်ဟု ဒေသခံများထံမှသိရသည်။ “အိမ်ကတော့ပြာကျသွားပြီ အဲဒီအိမ်မှာလူမနေ‌တာတော့ကြာပြီ ပစ္စည်းတွေ ပဲထားတော့တယ် “ဟု ၎င်းကပြောသည်။ ယနေ့(ဒီဇင်ဘာ ၂၀ ရက်)မနက်ပိုင်း ၇ နာရီကျော်ခန့်က သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်က လမ်းများပိတ်ကာ မိုင်းများရှင်းလင်းနေခြင်းဖြစ်သည်။ ယင်းနောက် မနက် ၉ နာရီကျော်ခန့်တွင် သဗျာရွာအုန်းသီးပုံ ဆိုင်းဘုတ်အနီးတွင် ထောင်ထားသည့် မိုင်းသုံးလုံးကို ဖောက်ခွဲပစ်ပြီးနောက် နေအိမ်ကို မီးရှို့သွားခဲ့ခြင်းဖြစ်သည်။

လောင်းလုံးမြို့အဝင်တွင် စစ်တပ်က မိုင်းရှင်းနေ၍ဟုဆိုကာ ဖြတ်သန်းခွင့်ပိတ်ထား

Dawei Watch

December 20, 2023

လောင်းလုံးမြို့အဝင် သဗျာရွာအုန်းသီးပုံဆိုင်းဘုတ်အနီးတွင် စစ်ကောင်စီတပ်က အင်းအားအများအပြားဖြင့် မိုင်းရှင်းလင်းရေးလုပ်နေပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။ မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည်အတွက်ကြောင့် ယနေ့နံနက် ၇ နာရီကျော်ခန့်မှစပြီး ခရီးသည်တင်ကားများနှင့် ခရီးသွားပြည်သူများကို ဖြတ်သန်းခွင့်ပိတ်ထားခြင်းဖြစ်သည်။ “အခုဆိုတစ်နာရီလောက်ရှိတော့မယ် လှည့်ပြန်တဲသူတွေကလည်း ပြန်နေပြီ အသွားရောအလာရောပဲ ပိတ်ထားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ယင်းနေရာ၌ စစ်ကောင်စီတပ်က မိုင်းသုံးလုံးကို ဖောက်ခွဲရှင်းလင်းခဲ့သေးသည်။ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ယခုမိုင်းရှင်းလင်းနေသောနေရာ၌ လောင်းလုံး(ပကဖ)တပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကြိုးကို ဖြတ်တောက်သည်ဟုဆိုကာ ဝံပုလွေတပ်စုမှ တပ်သားတစ်ဦးနှင့် အခြားတပ်ဖွဲ့က တပ်သားတစ်ဦးတို့ကို လောင်းလုံး (ပကဖ)တာဝန်ခံကဖမ်းဆီးစစ်ဆေးပြီး မနေ့(ဒီဇင်ဘာ ၁၉ ရက်နေ့)ကပြန်လွှတ်ပေးခဲ့သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် ယနေ့မနက်တွင် အဆိုပါနေရာ၌ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် မိုင်းရှင်းရန် လုပ်ဆောင်နေခြင်းဖြစ်သည်။

နမ့်ခမ်းမြို့ကို တအာင်းတပ် သိမ်းယူ

Dawei Watch

December 19, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီး ယနေ့ ဒီဇင်ဘာလ ၁၉ရက်တွင် မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၇ ရက်မှ ဒီဇင်ဘာလ ၁၉ရက်အထိ ၃၂ ရက်ကြာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စစ်ကောင်စီ စခန်းသစ်ကုန်းစခန်း အပါအဝင် ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝိတ်စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊ ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းသည် အင်အား ၉၀၀ နီးပါးရှိသည့် စကခ-၇ နှင့် လက်အောက်ခံ တပ်ဖြစ်သည့် ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ […]