ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း ရငဲရွာတွင် အိမ်မီးလောင်နေ

Dawei Watch

December 21, 2023

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာတွင် ယခုည နေအိမ်တစ်ဆောင်မီးလောင်ကျွမ်းနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မီးလောင်နေတာတော့ မှန်တယ်။ တစ်ဆောင်ပဲ လောင်တာပါ။ တဲအိမ်လေးပါ” ဟု ရငဲရွာခံ လူငယ်တစ်ဦးက ယခု ဒီဇင်ဘာလ ၂၁ရက် ည ၁၀ နာရီအချိန်က ပြောဆိုသည်။ မီးလောင်ကျွမ်းရသည့်အကြောင်းအရင်းကို သေချာမသိရသေးကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် မီးလောင်မှုကို ဝိုင်းဝန်းကူညီ ငြှိမ်းသတ်နေကြရသဖြင့် အသေးစိတ် အခြေအနေအား မေးမြန်း၍ မရသေးပေ။

ထိုင်းအစိုးရက နှစ်သစ်ကူးလက်ဆောင်အဖြစ် စက်သုံးဆီနှင့် မီတာခ လျှော့ချပေး

Dawei Watch

December 21, 2023

ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက တင်သွင်းထားသော နှစ်သစ်လက်ဆောင်အဖြစ် စက်သုံးဆီနှင့် လျှပ်စစ်မီတာခလျှော့ချရေးအဆိုကို အစိုးရအဖွဲ့က ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ ဒီဇယ်ဈေးနှုန်းကို တစ်လီတာ ဘတ် ၃၀ အောက်သာထားရှိရန်၊ ဓါတ်ဆီဈေးနှုန်းကိုလည်း ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဆက်တိုက်လျှော့ချ ပေးသွားရန်နှင့် တစ်လ ယူနစ် ၃၀၀ ထက်မကျော်သော အိမ်သုံးလျှပ်စစ်မီတာခများကို တစ်ယူနစ် ၃ ဒသမ ၉၉ ဘတ်အတိုင်း ထားရှိပေးရန် ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုပေးခဲခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ “ဒါက ဝန်ကြီးဌာနကပေးတဲ့ နှစ်သစ်လက်ဆောင်တွေအနေနဲ့ ဈေးလျှော့ချပေးတာပါ။ ဒါက ရေတိုအတွက်ပါပဲ။ ရေရှည်အတွက်လည်း ပြည်သူတွေ အကျိုးရှိစေမဲ့ နည်းလမ်းတွေ ရှာနေတုန်းပါပဲ” ဟု ဝန်ကြီးက ဆိုသည်။ ယင်းအပြင် […]

ရော်ဘာကြိတ်စက်ထဲ ဆံပင်ညှပ်ပါပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ဦးခေါင်းဒဏ်ရာရ

Dawei Watch

December 21, 2023

ရေဖြူမြို့နယ်တွင် ရော်ဘာပြားကြိတ်သည့် စက်ထဲ ဆံပင်ညှပ်ပါသွား၍ ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာရကြောင်း မိသားစုဝင်များထံမှ သိရသည်။ ရေဖြူမြို့နယ် ကံပေါက်ဒေသ ရေငံရွာတွင် ရော်ဘာလုပ်ငန်းလာရောက်လုပ်ကိုင် မအိဖြိုးဝေသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက စက်မှထွက်လာသည့် ရော်ဘာပြားကို အခြောက်လှန်းရန် ယူစဉ် ဆံပင်ပြေကျပြီး ဆံပင် စက်ထဲညှပ်ပါသွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ ဦးရေပြား၊ နာရွက်နှစ်ဘက်၊ ဝဲဘက်ပါး၊ ဝဲဘက် လက်ခလယ်နှင့် လက်သူကြွယ်တို့တွင် ထိခိုက်ဒဏ်ရာ အပြင်းထန်ရရှိထားကြောင်း ၎င်းက ဆိုသည်။ “စက်က ဟွန်ဒါစက်။ ဆံပင်က ဒလိမ့်တုံးထဲလိမ့်ပါတာမဟုတ်ဘူး။ ဘေးက လက်ကိုင် ဘီးထဲ လိမ့်ပါသွားတာ။ ထိပ်ကစပြီး လည်ပင်းအထိ အရေပြားတွေ လန်သွားတယ်။ ဘယ်ဘက်နားရွက် ညာဘက်နားရွက်လည်းပါသွားတယ်။ လက်ချောင်းတွေလည်းပြတ်သွားတာ” ဟု မိသားစုဝင်က […]

သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံး

Dawei Watch

December 21, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမှိန်ကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ သထုံအခြေစိုက် စစ်ကောင်စီတပ် ခမရ-၂၄ တပ်ရင်းက ဒီဇင်ဘာလ ၁၉ ရက်နေ့ ည ၁၁ နာရီခွဲခန့်က လူနေကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံ သိရသည်။ လက်နက်ကြီးကျည် ကျုံမှိန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး နော်ဖေတမော ကျည်စထိမှန်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လက်နက်ကြီးထိပြီး ဆုံးသွားတဲ့ အမျိုးသမီးက ကိုယ်ဝန်နဲ့ပါ။ သုံးနှစ်ကလေးတစ်ဦးလည်း ရှိနေတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ပြီးခဲ့သည့် မတ်လအတွင်းကလည်း ကျုံမှိန်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် […]

ထိုင်းတွင် မြန်မာလုပ်သားနှစ်ရာကျော် လုပ်အားခ ဘတ်လေးသန်းကျော်မရ၊ အလုပ်လည်း အထုတ်ခံရ

Dawei Watch

December 21, 2023

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား နှစ်ရာကျော်သည် လုပ်အားခ ဘတ် လေးသန်းကျော်လည်း မရရှိသည့်အပြင် အလုပ်လည်း အထုတ်ခံထားရကြောင်း မြန်မာအလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော Union Brothers ပြည်သူ့အကျိုးဆောင်အဖွဲ့ထံမှ သိရသည်။ ရယောင်းခရိုင် နိခုံးဖတ်ထနာဒေသရှိ APL ကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၂၁၂ ဦး၏ လုပ်အားခများကို သူဌေးက ထုတ်မပေးခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ အလုပ်သမားများ၏ လုပ်ခလစာ နှစ်လစာမှ သုံးလစာအထိ ရရှိရန် ကျန်ရှိနေပြီး တစ်ဦးလျှင် အနည်းဆုံး ဘတ် နှစ်သောင်းကျော် ရရှိမည်ဖြစ်သဖြင့် စုစုပေါင်း ဘတ် ၄ သန်းကျော်ရှိကြောင်း အလုပ်သမားများက ပြောသည်။ လုပ်အားခ မရဘဲ နှစ်လကျော်ကြာပြီးနောက် လုပ်အားခပေးရန် မြန်မာအလုပ်သမားများက ဆန္ဒပြတောင်းဆိုရာ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အလုပ်ထုတ်ခံရကြောင်း ၎င်းတို့က ဆိုသည်။   အလုပ်ထုတ်ခံရပြီးနောက် အခန်းရှိ ရေ၊ မီး အားလုံးလည်း ဖြတ်တောက် ခံထားရကြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။ “အခု စားဖို့ သောက်ဖို့တောင်မှ အခက်အခဲဖြစ်နေတာပေါ့။ လုပ်အားခလည်း မရဘူး။ မိသားစုကို […]

သထုံက လူမှုကူညီရေးအသင်းဥက္ကဋ္ဌတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

December 21, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်အခြေစိုက် ရှင်သန်ခြင်းတွဲလက် လူမှုကူညီကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်စောစုစုထွေးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒေါ်စောစုစုထွေးသည် ပြည်သူ့ကာကွယ်ရေးတပ် PDF ၏ ‌ဖေ့ဘွတ်စ်လူမှုကွန်ရက်ပို့စ်အောက်တွင် မှတ်ချက် ဝင်ရေးခဲ့သည် ဟုဆိုကာ ဒီဇင်ဘာလ၁၆ ရက်နေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ ဓမ္မဝတီမြို့သစ်ရှိ ၎င်း၏နေအိမ် တွင် စစ်ကောင်စီတပ် က လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “အမြန်ပြန်လည်ဆုံတွေ့ပါစေ” ဆိုသည့် မှတ်ချက်ရေးသားခဲ့သောစာကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ ဖြန့်ဝေပြီး ဒေါ်စောစုစုထွေးကို ဖမ်းဆီးပေးရန် ရေးသားကြပြီးနောက် စစ်ကောင်စီတပ်တို့ လာရောက်ဖမ်းဆီးသွားကြောင်း သထုံဒေသခံတစ်ဦးက ပြောသည်။ “PDF ပို့စ်အောက်မှာ မှတ်ချက်ဝင်ရေးမိလို့ ဖမ်းခံရတယ်လို့ ပြောတယ်။ စစ်လော်ဘီ တယ်လီဂရမ်မှာလည်း သူ့ကို (ဒေါ်စောစုစုထွေး) ကို ဖမ်းဖို့ တင်ထားပြီးနောက်မှာ […]

လောင်းလုံးမြို့ပေါ်ပစ်ခတ်မှု အရပ်သားများအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံး

Dawei Watch

December 21, 2023

လောင်းလုံးမြို့ပေါ် တွင် ပစ်ခတ်မှုဖြစ်ပြီး အရပ်သားများအပါအဝင် နှစ်ဖက်ထိခိုက်သေဆုံးကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရှိရသည်။ လောင်းလုံးမြို့အဝင် သဗျာရွာ အုန်းသီးဆိုင်းဘုတ်အနီး ‌ ဒီဇင်ဘာလ ၂၀ ရက်က ပေါက်ကွဲပစ်ခတ်မှုဖြစ်ပြီး ယင်းနေ့ ညနေ ၅ နာရီကျော်တွင်လောင်းလုံးမြို့ပေါ် ပစ်ခတ်မှုဆက်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းပစ်ခတ်မှုတွင် အရပ်သားများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်၊ ပျူစောထီးအဖွဲ့ဝင်တို့ သေဆုံးခဲ့ကြကြောင်း ဒေသခံတို့က ဆိုသည်။ လောင်းလုံးမြို့အဝင် သဗျာရွာအုန်းသီးဆိုင်းဘုတ်အနီးတွင် ပေါက်ကွဲမှုမှာ ဆိုင်းဘုတ်အနီး ထောင်ထားသည့်မိုင်းအား စစ်ကောင်စီတပ်က လာရောက်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံတို့က ပြောဆိုသည်။ ထို့နောက် မိုင်းထောင်ထားသည့်နေရာအနီးတွင်တွေ့ရသည့် အမျိုးသား နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။ ပစ်သတ်ခံရသူနှစ်ဦးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။ ယင်းသို့ပစ်သတ်ပြီးနောက် အုန်းသီးဆိုင်းဘုတ်အနီးရှိ ပျဉ်ထောင်အိမ်တစ်လုံးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သေးကြောင်းလည်း […]

ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် လောင်းလုံးဒေသခံတစ်ဦး သေဆုံး

Dawei Watch

December 21, 2023

လောင်းလုံး ဒေသခံတစ်ဦးသည် ရေဖြူမြို့နယ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၉ရက်နေ့က ရေဖြူမြို့နယ် ကျခတ္တာပင်အင်းရွာအနီး ဆိုင်ကယ်စီးလာ သည့် အမျိုးသားနှစ်ဦးကို ရပ်တန့်စစ်ဆေးရာမှ ပြန်လှည့်ပြေးသည်ဟုဆိုကာ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “‌အော်ပြီး ရပ်ခိုင်းတာ။ သူတို့က လှည့်ပြေးရာမှာ ပစ်ခံရတာ” ဟု ၎င်းက ပြောသည်။ သေဆုံးသူမှာ လောင်းလုံးမြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အတူလိုက်ပါလာသည့် အမျိုးသားမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ ထိုနေ့က စစ်ကောင်စီတပ် စစ်ကြောင်းသည် ကျခတ္တာပင်အင်းရွာကို ရောက်လာပြီး ပစ်ခတ် ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သောကြောင့် ‌ရွာခံများလည်း […]