ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကိုးကန့်တပ်က စစ်ဘေးရှောင်များကို တပ်သားသစ်စုဆောင်းနေဟု HRW ထုတ်ပြန်

Dawei Watch

December 22, 2023

ရှမ်းပြည်နယ်တွင် တိုက်ပွဲရှောင်လာသော စစ်ဘေးရှောင်များကို ကိုးကန့်တပ် (မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ် (MNDAA))က ပြန်ပေးဆွဲ၍ တပ်သားအဖြစ် အတင်းအကျပ် စုဆောင်းနေကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ MNDAA အနေဖြင့် အရပ်သားများ၊ စစ်ဘေးရှောင်များအပေါ် ကျူးလွန်နေသည့် ကြမ်းတမ်းသောလုပ်ရပ်များကို ချက်ချင်းရပ်သင့်ကြောင်း၊ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ၌လည်း အရပ်သားများကို အကာအကွယ်ပေးရန် နည်းလမ်းများ ချမှတ်ထားသင့်ကြောင်း HRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “MNDAA ဟာ အရပ်သားတွေကိုပြန်ပေးဆွဲတာ၊ တပ်သားအဖြစ် အတင်းအကျပ် စုဆောင်းတာတို့ကို လုပ်ဆောင်နေသလို အရပ်သားတွေကို ဆိုးဆိုးရွားရွား အန္တရာယ်ဖြစ်စေလို့ စစ်ပွဲဥပဒေကို ချိုးဖောက်နေတယ်” ဟု လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာ ဒါရိုက်တာ Elaine Pearson က ဆိုသည်။ […]

ထားဝယ် ပျားသားချောင်းရွာက အမျိုးသမီးတစ်ဦးမိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံး

Dawei Watch

December 22, 2023

ထားဝယ်အရှေ့တောဒေသ ပျားသားချောင်းကျေးရွာက အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ခြေထောက်တစ်ဖက် ဆုံးရှုံးကြောင်း ဒေသခံအချို့က ပြောသည်။ အဆိုပါအမျိုးသမီးမှာ ဒီဇင်ဘာလ ၁၈ ရက်က ၎င်း၏အမျိုးသားနှင့်အတူ တောင်ယာစပါးသွားရိတ်ပြီး ပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိခြင်းဖြစ်ကြောင်း ပျားသားချောင်းကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူ့ယောက်ျားကတော့ မထိဘူး။ မိန်းမပဲထိတာ။ ထိတာက‌ခြေကျင်းဝတ်မှာဖြစ်တာ။ သူ့ယောကျ်ားက ကျောပိုးပြီး ပြန်ခေါ်လာတယ်။ ထားဝယ်ဆေးရုံကြီးမှာပေါ့နော်၊ ခြေကျင်းဝတ်ကနေ ဖြတ်လိုက်ရတယ်လို့ပြောတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။ မိုင်းထိသည့်နေရာသည် ကျေးရွာနှင့် ၁ မိုင်ခန့်သာဝေးပြီး တောင်ယာထဲသွားသည့် လူသွားလမ်းတွင် ဖြစ်ပွားခဲ့ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အခုတောင်မှ ပြောနေကြတယ်။ ပလောပီနံဥလေး စားချင်တာတောင်မှ တောင်ယာထဲ မသွားရဲဘူးလို့၊ ခြေထောက်တစ်ဖက် ပေးလိုက်ရမှာ စိုးလို့ဆိုပြီး ထိုင်ပြီးပြောနေကြတယ်။ အားလုံးကတော့ ကြောက်နေကြတယ်ပေါ့နော်” ဟု […]

ပေါက်တောမြို့သို့ စစ်ကူလာသည့် စစ်သင်္ဘောသုံးစီးကိုပစ်ခတ်ရာ တစ်စီးထိမှန်ဟု AA ပြော

Dawei Watch

December 22, 2023

ရခိုင်ပြည်နယ် ပေါက်တောမြို့သို့ စစ်ကောင်စီတပ်က လူအင်အား၊ လက်နက်အင်အား ဖြည့်တင်းရန် စစ်သင်္ဘောသုံးစီးဖြင့် လာရောက်ချိန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တစ်စီးထိမှန်ကာ နောက်ပြန်လှည့်သွားကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဒီဇင်ဘာလ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်တွင် ပေါက်တောမြို့ပေါ်တွင် စစ်ကောင်စီတပ် လက်ကျန်တပ်ဖွဲ့ဝင်တို့နှင့် AA တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြသည်။ စစ်ကောင်စီတပ်ဘက်က ယင်းနေ့တွင် စစ်သင်္ဘောသုံးစီးဖြင့် စစ်အင်အားဖြည့်တင်းရန်လာချိန် AA က ပစ်ခတ်ရာ တစ်စီးထိမှန်သဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံး၊ ဒဏ်ရာရကြောင်း AA က ထုတ်ပြန်ထားသည်။ မြို့ပေါ်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပန်းသီးရပ်ကွက်နှင့် ရပ်ကွက် (၃) ထဲရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုလည်း ဖော်ပြသည်။ စစ်ကောင်စီတပ်သည် ပေါက်တောမြို့သို့ စစ်အင်အား၊ […]

ကစယ်ဒိုမြို့နယ်အုပ်ချုပ်ရေး ကော်မတီဝင်၏နေအိမ်ကို ကော်သူးလေတပ်က မီးရှို့ဟုဆို

Dawei Watch

December 22, 2023

ထားဝယ်မြို့နယ်၊ ဖောင်းတောကျေးရွာမှ ကစယ်ဒိုမြို့နယ်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် တစ်ဦး၏ နေအိမ်ကို ကော်သူးလေတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၂၁ ရက် ညနေပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။ ၎င်းမှာ ဖောင်းတောကျေးရွာ၏ ရပ်မိရပ်ဖဖြစ်ပြီး ရွာမှရှောင်တိမ်းနေထိုင်သည်မှာ ကြာပြီဖြစ်ကြောင်း၊ KNU တပ်မဟာ ၄ နှင့် ပတ်သက်မှုကြောင့် နေအိမ်ကို မီးရှို့တာဖြစ်နိုင်ကြောင်း အိမ်မီးရှို့ခံရသော ကစယ်ဒိုမြို့နယ် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် အမျိုးသားကဆိုသည်။ “KTLA က လာရှို့သွားတာ၊ ဘာကြောင့်ရှို့လဲဆိုတာတော့မသိဘူး၊ ၈ ယောက် လာရှို့သွားတယ်လို့ ပြောတယ်” ဟု ၎င်းကရှင်းပြသည်။ ယင်းအိမ်နှင့် ဘေးချင်းကပ်လျက်က အကိုဖြစ်သူ၏ နေအိမ်လည်း မီးလောင်ခဲ့သဖြင့် နေအိမ်နှစ်ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း ဖောင်းတောရွာက အမျိုးသားတစ်ဦးက ပြောသည်။ သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကော်သူးလေဘက်က ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။ အောက်တိုဘာလကလည်း […]

တိုက်ပွဲဖြစ်ပွားလာသဖြင့် လောင်းလုံးမြို့အနီးက ကျေးရွာဒေသခံများ ပြောင်းရွှေ့

Dawei Watch

December 22, 2023

လောင်းလုံးမြို့အနီး ကျေးရွာတို့တွင် စစ်ရေးတင်းမာနေသဖြင့် အနီးနားက ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့နေရကြောင်း စုံစမ်းသိရှိရသည်။ လောင်းလုံးမြို့နှင့် စစ်ပြဲကျေးရွာကြားတောထဲတွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီကျော်က ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ဆိုသည်။ “(စစ်ပြဲ) စမ်းသပြေရိပ်သားနားက တောထဲကို လက်နက်ကြီးတွေလာကျတယ်။ အခုဆိုရွာထဲမှာ နေလို့မရဲကြလို့ ပြောင်းတဲ့သူကပြောင်း ဖြစ်နေကြပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်ပြဲအနောက်ပိုင်း စမ်းသပြေရိပ်သာအနီးရှိ နေအိမ်များကြားထဲ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်းဆိုသည်။ ‌လူနှင့်နေအိမ်ထိခိုက်မှုမရှိကြောင်းဒေသခံတို့ကဆိုသည်။ သို့သော် စစ်ကောင်စီတပ်က တိမ်းရှောင်နေရသဖြင့် လူမရှိသည့်နေအိမ်များထဲဝင်ရောက်မွှေနှောက်‌ရှာဖွေယူဆောင်သွားပြီး ပရိဘောဂပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်းပြောဆိုသည်။ “ပစ်တာ သူတို့( စစ်ကောင်စီတပ်) တစ်ဖက်တည်းပစ်တာ။ ပစ်ပြီးတာနဲ့ အိမ်တွေထဲဝင်ပြီး လိုချင်တာအကုန်ယူသွားကြတယ်” ဟု ပစ်ခတ်မှုဖြစ်သည့်နေရာအနီးက […]

ဗောဓိကုန်းဆရာတော်စျာပန နယ်မြေမလုံခြုံသောကြောင့် နေရပ်တွင်မကျင်းနိုင်၊ ရုပ်ကလာပ်ကို နေအိမ်တွင်ထားရှိ

Dawei Watch

December 22, 2023

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားကျေးရွာ ဗောဓိကုန်းကျောင်းဆရာတော် ဘဒ္ဒန္တ ပညာစာရ၏ စျာပနကို နယ်မြေ မလုံခြုံသောကြောင့် သီတင်းသုံးရာကျေးရွာတွင် မကျင်းပနိုင်ဘဲ ထားဝယ်မြို့ပေါ်၌ ဒီဇင်ဘာလ ၂၄ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း စျာပနစီစဥ်သူများထံမှ သိရသည်။ ဆရာတော်သည် ရန်ကုန်သို့ ဆေးခန်းသွား လာရောက်ပြသစဉ် ဒီဇင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်၌ လမ်းခရီးတွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ “ထားဝယ်အထိ ပြန်ပင့်လာပြီး ဟိန္ဒားရွာက တကာတွေကို စျာပနအတွက် ရွာကိုပြန်ပင့်ဖို့ ဆက်သွယ်တယ်။ အဲဒီရက်က လမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်နေတော့သူတို့လည်း ထွက်လာမရဲကြဘူး။ ဒီကလည်း သွားမရဲကြဘူးဆိုတော့မြို့ပေါ်မှာပဲ စျာပန စီစဥ်လိုက်တယ်” ဟု ဆရာတော်၏ ဆွေမျိုးတစ်ဦးက ပြောသည်။ ဆရာတော်သည် လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာဇာတိဖြစ်ပြီး ဟိန္ဒားဗောဓိကုန်းကျောင်းတွင် နှစ်၂၀ နီးပါး […]

ထားဝယ် အောင်မင်္ဂလာရုပ်ရှင်ရုံ ပြန်ဖွင့်နိုင်ရန်ပြင်ဆင်နေ

Dawei Watch

December 22, 2023

ကိုဗစ်ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ၃ နှစ်ကျော်ပိတ်ထားသည့် ထားဝယ်မြို့ရှိ အောင်မင်္ဂလာရုပ်ရှင်ရုံ ကို ပြန်လည်ဖွင့်လှစ်နိုင်ရန်ပြင်ဆင်နေကြောင်း ရုပ်ရှင်ရုံ တာဝန်ရှိသူထံမှ သိရသည်။ ရုပ်ရှင်ပြစက်နှင့် ရုပ်ရှင်ရုံအခန်း ပြင်ဆင်မှုများပြုလုပ်နေရခြင်းကြောင့် ၂၀၂၄ ခုနှစ် မတ်လဝန်းကျင်တွင် ပြန်ဖွင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ရုပ်ရှင်ရုံတာဝန်ရှိသူကပြောသည်။ အောင်မင်္ဂလာရုပ်ရှင်ရုံ ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစပြီး ကိုဗစ်ကပ်ဘေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ရပ်နားကာ ပိတ်ထားခြင်းဖြစ်သည်။ “ လူတွေစိတ်ညစ်နေတာများပြီလေ ၊ လူတွေ အချိန်ပိုင်းလေး အပန်းဖြေစေချင်တယ်။ ပြီးတော့ ရုပ်ရှင်ပြစက်က မပြတာကြာရင်လေ မိန်းကဒ်တွေပျက်တယ် ။ အခုလည်းတစ်ကဒ်ပျက်နေတယ်။ အဲဒါကိုလည်းစိတ်ပူတယ် ။ အရမ်းသာယာနေလို့ ပြန်ဖွင့်တာမဟုတ်ပါဘူး။ အဓိကက စက်ကိုစိတ်ပူလို့ပြမှာပါ။ အရှုံးနဲ့ပြန်ဖွင့်ရမှာပါ“ ဟု ရုပ်ရှင်ရုံပြန်ဖွင့်ရသည့်အကြောင်းအရင်းကို ရုံတာဝန်ရှိသူက ပြောပြသည်။ ရုပ်ရှင်ရုံပြန်လည်ဖွင့်လှစ်ပါက ယခင်ကပွဲချိန်အတိုင်းမဟုတ်ဘဲ ပရိသတ်နှင့်ကန့်သတ်ချက်အမိန့်များ […]

ကံပေါက်တွင် အလှပြင်ဆိုင်ဖွင့်ထားသည့် အမျိုးသမီးတစ်ဦးနှင့် အစ်မဖြစ်သူတို့ ဖမ်းဆီးခံရ

Dawei Watch

December 21, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ၊ လှည်းကုန်း (၂) ရပ်ကွက်တွင် အလှပြင်ဆိုင်ဖွင့်လှစ်ထားသည့် မမော်မော်ရှိန်နှင့် ၎င်း၏ အစ်မဖြစ်သူတို့ကို ယနေ့ ဒီဇင်ဘာလ ၂၁ ရက် နေ့လယ်ပိုင်းတွင် မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “နေ့လယ်က အလှပြင်ဆိုင်နဲ့ ကပ်လျက် သူ့အစ်မအိမ်မှာ ဝင်ရှာပြီး ညီအမ နှစ်ယောက်ကိုခေါ်သွားတယ်” ဟု ကံပေါက်ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီးနှစ်ဦးအား မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဒီဇင်ဘာလ ၁၇ ရက်ကတည်းက ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံလေးဦးလည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးသလို နိုဝင်ဘာလ နောက်ဆုံးအပတ်က အဖမ်းခံထားရသည့် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်တစ်ဦးလည်း လွတ်မြောက် လာခြင်း မရှိသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။ မောရဝတီရေတပ် ဗုံးချတိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်ဒေသခံ ခြောက်ဦးရှိလာပြီ ဖြစ်သည်။