ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဆမီးမြို့ ဗျူဟာကုန်းကို AA တိုက်ခိုက်၊ ဆမီးဒေသခံအားလုံးနီးပါးထွက်ပြေးရ

Dawei Watch

December 17, 2023

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ရှိ ဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်နေပြီး ဆမီးဒေသခံ အားလုံးနီးပါး ထွက်ပြေးနေရကြောင်း AA ထုတ်ပြန်ချက်နှင့် ဒေသတွင်းသတင်းများ၏ ဖော်ပြချက်အရ သိရသည်။ ဆမီးမြို့တွင် အခိုင်အမာ စခန်းချထားသည့် စစ်ကောင်စီ၏ ဗျူဟာကုန်းကို ဒီဇင်ဘာလ ၁၄ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ယင်းနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် အမြောက်အများ ပစ်ခတ်ခဲ့ပြီး ဆမီးဒေသခံ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုက်ပွဲပြင်းထန်လာလျှင် လမ်းပိတ်ဆို့ခံရမည်ကို စိုးရိမ်သဖြင့် တိုက်ပွဲစတင်ဖြစ်ပွားချိန်ကပင် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ကြကြောင်း ဒေသခံများ၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသတွင်း သတင်းအချို့တွင် ဖော်ပြသည်။ ဆမီးမြို့တွင် လူဦးရေ […]

စစ်ကောင်စီကို အခွန်မပေးရေး မြန်မာလုပ်သားများ ဘန်ကောက်တွင် ဆန္ဒပြ

Dawei Watch

December 17, 2023

စစ်ကောင်စီသံရုံးကို ဝင်ငွေခွန်မပေးရေးအတွက် မြန်မာအလုပ်သမားများ ယနေ့ (ဒီဇင်ဘာ ၁၇) နေ့လယ်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့ (UN) တွင် ဆန္ဒပြခဲ့ကြသည်။ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းရောက်မြန်မာအလုပ်သမားများ ဝင်ငွေခွန် ၂ ရာခိုင်နှုန်ပေးချေရန် ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းကြောင့် ဆန္ဒပြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ စစ်ကောင်စီသံရုံးကလည်း နိုင်ငံကူးလက်မှတ်စာအုပ်လဲလှယ်သူများအား ဝင်ငွေခွန် သုံးလစာ ဘတ် ၄၅၀ ကို ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ မဖြစ်မနေ ပေးဆောင်ခိုင်းနေကြောင်း သံရုံးနှင့် နီးစပ်သူများထံမှ သိရသည်။ မြန်မာအလုပ်သမား ၅ သန်းခန့်ရှိသော ထိုင်းနိုင်ငံတွင် တစ်လလျှင် ဘတ် ၁၅၀ နှုန်းဖြင့် ကောက်ခံခြင်းသည် အလုပ်သမားများကို အကျပ်အတည်းတွေ့အောင် လုပ်ခြင်းနှင့် ဝင်ငွေဂုတ်သွေးစုပ်ခြင်းသာဖြစ်ကြောင်း ဆန္ဒပြမှုကို ဦးဆောင်သူ […]

ထားဝယ်တွင် ဒေသခံပန်းချီဆရာများ၏ ပန်းချီပြပွဲ ပြုလုပ်

Dawei Watch

December 17, 2023

ထားဝယ်မြို့၊ လှိုင်းခတ်သံပန်းချီပြခန်းတွင် ဒေသခံပန်းချီဆရာ ၈ ဦး၏ ပန်းချီပြပွဲကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၇ ရက်နေ့အထိ ၄ ရက်တာ ကျင်းပနေသည်။ ပြပွဲတွင် ပန်းချီကားရောင်းချခြင်းနှင့်အတူ လက်တွေ့ပန်းချီ ရေးဆွဲပြခြင်းများလည်း ထည့်သွင်းပြုလုပ်နေသည်။ ယခုပန်းချီပြပွဲသည် ကိုဗစ်ကပ်ဘေးကာလနောက်ပိုင်း ထားဝယ်မြို့တွင် ပထမဆုံးပြန်လည်ကျင်းပသည့် ပန်းချီပြပွဲ ဖြစ်သလို လှိုင်းခတ်သံပန်းချီပြခန်း၏ ပွဲဦးထွက်ပန်းချီပြပွဲလည်းဖြစ်သည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

December 16, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာတဲ့ မြန်မာ မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်ကို ကျော်ပြီး ကမ္ဘာမှာ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်လာပါတယ်။ ဒီနှစ်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှု ၃၆ရာခိုင်နှုန်းတိုးလာပြီး တစ်နှစ်အတွင်း တန်ပေါင်းတစ်ထောင်ကျော် ထုတ်လုပ်ခဲ့ တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီဇင်ဘာလ ၁၂ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု သုံးနှစ်ဆက်တိုက် တိုးလာပြီး ဒီနှစ်မှာ အများဆုံးဖြစ်လာ ပါတယ်။ အာဖဂန်နစ္စတန်မှာ မူးယစ်ဆေးဝါး တားမြစ်ပိတ်ပင်မှုတွေကြောင့် ဘိန်းစိုက်ပျိုးမှု လျော့ကျလာချိန် လက်နက်ကိုင် ပဋိပက္ခ ပြင်းထန်နေတဲ့ […]

ခုနှစ်လောင်းပြိုင်လူသတ်မှုတွင် ပါဝင်ခဲ့သည်ဆိုသူတစ်ဦးကို ပုလောစစ်ကြောင်း ၁ ဖမ်းဆီး

Dawei Watch

December 16, 2023

ပုလောမြို့နယ်တွင် လွန်ခဲ့သည့် ၁၀ လခန့်ကဖြစ်ပေါ်ခဲ့သော ခုနှစ်လောင်းပြိုင်လူသတ်မှုတွင် ပါဝင်ခဲ့သည်ဆိုသူတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ပုလောစစ်ကြောင်း- ၁ က ထုတ်ပြန်လိုက်သည်။ သတ်ဖြတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့သူ အသက် ၅၅ နှစ်အရွယ် ဦးဝင်းထွန်းကို ပုလောစစ်ကြောင်း-၁ က ညောင်ရှင်ကုန်းရွာတွင် ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီခန့်တွင် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ခုနှစ်လောင်းပြိုင် လူသတ်မှုတွင် ဦးဝင်းထွန်း ကိုယ်တိုင်ပါဝင်ခဲ့သည်ကို ကိုယ်တိုင်ဝန်ခံထားပြီး အခြားသူများကိုလည်း စစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည့် ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ပုလောမြို့နယ်၊ ပလောက်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာအုပ်စု ညောင်ရှင်ကုန်းရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ ဇနီးနှင့် သမီးဖြစ်သူ၊ မြေးဖြစ်သူတို့ကို လက်နက်ကိုင်လူတစ်စုက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၁ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

December 16, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဘုရင်စနစ်ကို အသရေဖျက်မှုဖြင့် ထိုင်းလူငယ်အမတ်တစ်ဦး ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရ ထိုင်းနိုင်ငံက လူငယ်အမျိုးသမီး လွှတ်တော်အမတ်တစ်ဦးက ဘုရင်၊ မိဖုရားတွေကို ဂုဏ်ညှိုးနွမ်းအောင် လုပ်ဆောင်ခဲ့လို့ဆိုပြီး ဥပဒေ ၁၁၂ အရ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံလိုက်ရပါတယ်။ အသက် ၂၉ နှစ်အရွယ် အိုက်စ် (Ice) ဟာ ဘုရင်စနစ်ကို ဝေဖန်တဲ့ ပို့စ်တွေကို လူမှုကွန်ရက်မှာ တင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။ သူမကတော့ မပြစ်မရှိတဲ့ကြောင်း ထွက်ဆိုပါတယ်။ အခုတော့ အယူခံဝင်နိုင်ဖို့ နောက်တစ်ကြိမ် ကျူးလွန်မှုမလုပ်ပါဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ အာမခံလျှောက်ထားရပါတယ်။ အိုက်စ် […]

မောရဝတီရေတပ်စခန်းဌာနချုပ်ကို ဗုံးချတိုက်ခိုက်

Dawei Watch

December 16, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုတွင် အခြေစိုက်ထားသည့် မောရဝတီရေတပ်စခန်းဌာနချုပ်(ဟိန္ဇဲဒေသ) အတွင်းသို့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။ ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းတွင် ဗုံးချတိုက်ခိုက်ခံရ၍ ပေါက်ကွဲမှုဖြစ်ပြီးနောက် ကံပေါက်တိုက်နယ် အဝင်လမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ချလိုက်ကြောင်း ယာဥ်မောင်းများထံမှသိရသည်။ “ ရေတပ်ထဲမှာပေါက်ကွဲသံတွေ ကြားပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ ပြီးတာနဲ့ကျောင်းပိတ်ပြီး ကျောင်းသားတွေကို ပြန်လွှတ်ပေးလိုက်တယ်” ဟု အုန်းပင်ကွင်းရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။ ရေတပ်စခန်းဌာနချုပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ အိန္ဒရာဇာကျေးရွာအုပ်စု ၊ ဆင်ကူးရွာရှိ ဥယျာဥ်ခြံတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ ကျွဲသုံးညီမရွာဘက်က လှေတွေလည်း တက်လာလို့မရဘူး၊ ပင်လယ်ဝဘက်မှာ လက်နက်ကြီးတွေထုနေတယ်” ဟု စက်လှေသမားတစ်ဦးက ဒီဇင်ဘာလ ၁၅ ရက်ညက ပြောသည်။ လမ်းပိတ်ဆို့ထားမှုကို ဒီဇင်ဘာလ […]

လောင်းလုံးက ကျေးရွာများကို စစ်ကောင်စီခြိမ်းခြောက်

Dawei Watch

December 15, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသို့ ဝင်ရောက်ပြီး ပြည်သူပိုင်ဆိုင်ကယ်၊ ရွှေနှင့်ပိုက်ဆံများကို သိမ်းဆည်းယူဆောင်သွားသည့် စစ်ကောင်စီတပ်က PDF အားပေးပါက ကျေးရွာကို ဖျက်ဆီးပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံများကပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နှင့်ကပ်လျက် စစ်ပြဲကျေးရွာသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ဝင်ရောက်လာသည့်အချိန်မှစပြီး နေ့လယ်ပိုင်းအချိန်အထိ စစ်ပြဲကျေးရွာအုပ်စုထဲရှိ ရှေ့ဖက္ကား၊ ပိန်းရှောင်၊ အနောက်ပိုင်း၊ အရှေ့ပိုင်း ကျေးရွာတို့မှ ပြည်သူပိုင် ဆိုင်ကယ်နှင့် ရွှေ၊ ပိုက်ဆံများကို သိမ်းဆည်ယူဆောင်သွားခဲ့သည်ဟု ဒေသခံတို့ကဆိုသည်။ ဆိုင်ကယ်အစီးရေ သုံးဆယ်ခန့် အနည်းဆုံး ပါသွားသည်ဟုဆိုသည်။ “လိုင်စင်ရှိတဲ့ဆိုင်ကယ်ရော၊ မရှိတာရော တွေ့တာအကုန်သိမ်း၊ အကုန်ယူ။ လူမရှိတဲ့အိမ်တွေထဲမှာလည်း ဝင်ရှာသွားတာ ခြေသုပ်ပိုင်းတွေပါ မကျန်ဘူးရှာထားတာ။ ရွှေတွေ့ရွှေယူ၊ ပိုက်ဆံတွေ့ ပိုက်ဆံယူပဲ” ဟု ပိုက်ဆံနှစ်သိန်းကျပ် ပါသွားသည့် ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။ […]