ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ် ကျောက်ရပ်တွင် နေအိမ်သုံးလုံးမီးလောင်

Dawei Watch

December 19, 2023

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်တွင် နေအိမ်သုံးလုံးမီးလောင်ကြောင်း ဒေသခံများထံက သိရသည်။ နံနက် ၉ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းပြီး ၂၅ မိနစ်ခန့်အကြာတွင် မီးသတ်ကားများရောက်ရှိလာကာ မီးငြှိမ်းသတ်နေကြောင်း ရွာသားများကပြောသည်။ မီးသတ်ကားများ ရောက်ရှိချိန် စငြိမ်းနေပြီဖြစ်ပြီး မီးသတ်ကားများ ရောက်ရှိငြှိမ်းသတ်ပြီးနောက် မီးငြိမ်းသွားကြောင်း ရွာသားတို့က ဆိုသည်။ မီးမလောင်မီ လျှပ်စစ်မီး ပြတ်တောက်သွားပြီးနောက် မီးခိုးများတက်လာသည်ကိုမြင်ရကြောင်း ရွာသားတစ်ဦးကပြောသည်။ မီးလောင်ကျွမ်းသည့် အကြောင်းအရင်းနှင့် ပျက်စီးမှုတန်ဖိုးကို မသိရသေးပေ။ ယမန်နေ့ညကလည်း ထားဝယ်မြို့၊ ဇရစ်ရပ် ၊စည်ပင်သာယာဈေးကြီးအနီးတွင် နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့သေးသည်။ ကျောက်ရပ်ရွာတွင် နေအိမ်သုံးလုံးမီးလောင်နေစဥ် ထားဝယ်မြို့၊ အိုးလုပ်ပြင်ရပ်ကွက်တွင် မီးလန့်မှုလည်းဖြစ်ပွားခဲ့သေးသည်။

ရေးတွင် မီတာခ နှစ်ရာကျပ်ထပ်တက်ပြီး တစ်ယူနစ် နှစ်ထောင်ကျပ်ဖြစ်လာ

Dawei Watch

December 19, 2023

မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်အတွင်း ဒီဇင်ဘာလမှစပြီး လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၂၀၀ ဈေးထပ်တက်မည်ဖြစ်ပြီး မီတာခ တစ်ယူနစ် ၂၀၀၀ ကျပ်အထိ ဖြစ်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ စက်သုံးဆီ ဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန်ခက်ခဲလာခြင်းကြောင့် ဒီဇင်ဘာလအတွက် သုံးစွဲခကို တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း မီးလင်းရေးကော်မတီက ဒီဇင်ဘာလဒုတိယအပတ်အတွင်းက ကြေညာထားသည်။ မီတာခ တစ်ယူနစ် ၁၈၀၀ ကျပ် ကောက်ခံနေရာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကောက်ခံမည့် ဒီဇင်ဘာလ ဓာတ်အားသုံးစွဲခများကို ရေးမြို့နယ်အတွင်း လျှပ်စစ် ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က တစ်ယူနစ် ၂၀၀၀ ကျပ် တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ဖော်ပြသည်။ အာဏာမသိမ်းခင်က ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာ တစ်ယူနစ် ကျပ် ၃၀၀ နှင့် ၅၀၀ အကြားသာရှိပြီး အာဏာသိမ်းမှုဖြစ်ပြီးနောက် ဆက်တိုက်မြင့်တက်လာသည့် […]

ညောင်ဇင်ရွာတွင် စစ်ကောင်စီတပ် နေအိမ်များကိုစစ်ဆေးနေချိန် မိုင်းကွဲ၊ အရပ်သားတစ်ဦး ဒဏ်ရာရ

Dawei Watch

December 18, 2023

သရက်ချောင်းမြို့နယ် ညောဇင်ရွာတွင် စစ်ကောင်စီတပ်က နေအိမ်များကို စစ်ဆေးနေချိန် မိုင်းပေါက်ကွဲပြီး လမ်းသွားလမ်းလာ အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၄၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ညောင်ဇင်ရွာကို ဒီဇင်ဘာလ ၁၇ရက် နံနက် ၈ နာရီခန့်တွင် ကား ၃ စီးဖြင့် ရောက်ရှိလာကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းနောက် နေ့လယ် ၁၂ နာရီခန့်တွင် ညောင်ဇင်ရွာမြောက်ဘက်ပိုင်း လမ်းမဘေးရှိ နေအိမ်များကို ဝင်ရောက်ကာ စစ်ကောင်စီ တပ်သားများက ဖုန်းနှင့် အိမ်ထောင်စုစာရင်းများကို စစ်ဆေးနေချိန် မိုင်းပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ညောင်ဇင်ရွာဈေးနှင့် စာသင်ကျောင်းကြားရှိ တံတားငယ်တွင် မိုင်းပေါက်ကွဲခြင်းဖြစ်ပြီး လမ်းသွားလမ်းလာ အမျိုးသားတစ်ဦးက ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “လမ်းမတန်းက အိမ်တွေကို စစ်ပြီးတာနဲ့ပဲ ပေါက်ကွဲသံကြားတာပဲ။ […]

ကံပေါက်တွင် ညဘက်နေအိမ်အချို့ ဝင်ရောက်ရှာဖွေခံရပြီး ဒေသခံလေးဦးဖမ်းဆီးခံရ

Dawei Watch

December 18, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ရွာတွင် နေအိမ်သုံးလုံးထက်မနည်းကို မောရဝတီရေတပ်က ဝင်ရောက်ရှာဖွေပြီး ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးတို့ကို ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။ ဒီဇင်ဘာလ ၁၇ ရက် ညက လှည်းကုန်းရပ်ကွက်၊ မဂ္ဂင်ရပ်ကွက်နှင့် မိကျောင်းအိုင်ရပ်ကွက်များတို့တွင် ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ဖမ်းဆီးခံရသူတို့မှာ မသဲစုမိုး၊ မသန်းသန်းစိုး၊ ကိုသားကြီးနှင့် ၎င်း၏ဇနီးဖြစ်သူတို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ညက တစ်ညလုံး လမ်းပတ်ပြီး စစ်ကား ၂စီးနဲ့ အိမ်တွေဝင်စစ်သွားတယ်။ ပထမဆုံး လှည်းကုန်းက အိမ်တစ်အိမ်ကို အရင်ဝင်ပြီးမှ ကိုယ်ဝန်သည်တစ်ယောက်ခေါ်ပြီး သူ့တူမ (မသဲစုမိုး) ရဲ့ အိမ်ကို လိုက်ပြခိုင်းတယ်။ ပြီးမှနောက်အိမ်တွေ ထပ်ဝင်တယ်။ ကိုယ်ဝန်သည်ကိုတော့ ဖမ်းမသွားဘူး” ဟု လှည်းကုန်းရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။ ၎င်းတို့လေးဦးကို ဖမ်းဆီးသည့်အကြောင်းအရင်းနှင့် […]

ရခိုင်တောင်ပိုင်း ရမ်းဗြဲတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပစ်ခတ်

Dawei Watch

December 18, 2023

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့်ပစ်ခတ်ကြောင်း ဒေသခံများနှင့် ဒေသတွင်းသတင်းဌာနတို့တွင် ဖော်ပြချက်များအရ သိရသည်။ ရခိုင်ပြည်နယ်တွင် မြောက်ပိုင်းတွင်သာ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိရာမှ လက်ရှိတွင် တောင်ပိုင်းမြို့နယ်များတွင်ပါ ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတို့တွင် ဖော်ပြသည်။ ယခင်တိုက်ပွဲကာလများတွင် ရမ်းဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်သည့် Development Media Groupက ဖော်ပြသည်။ ယနေ့ ဒီဇင်ဘာလ ၁၈ ရက် နံနက် ၇နာရီကျော်တွင် ရမ်းဗြဲမြို့ မြို့မစျေးကြီးအနီး သိမ်တောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်နှင့် ဒေသခံတို့ထံမှ သိရသည်။ ယင်းနောက် နေ့လယ် ၁၂နာရီဝန်းကျင်တွင် […]

ထိုင်းတွင် တရားမဝင် မြန်မာလုပ်သားများစီးလာသည့်ကားကို ကုန်ကားဝင်တိုက်၊ မြန်မာ ၁၆ဦး ဖမ်းဆီးခံရ

Dawei Watch

December 18, 2023

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါစီးနင်းလာသည့် ဗန်ကား ကားတိုက်မှုဖြစ်ပွားပြီးနောက် ကားပေါ်ပါ မြန်မာအလုပ်သမား ၁၆ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နခွန်စီထမရတ်ခရိုင် ထုန်းယိုင်ဒေသ ပလိပ်ရွာအနီးတွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ကားတိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။  ပစ်ကပ်ကားတစ်စီးက လမ်းချော်ကာ လမ်းဘေးထိုးကျသွားသဖြင့် မြန်မာအလုပ်သမားများပါသော ကားက အရှိန်လျှော့လိုက်ရာမှ ၂၂ ဘီးတပ် ကုန်တင်ကားတစ်စီးက အနောက်က ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ကုန်တင်ကားနှင့် တိုက်မိပြီးနောက် ကားပေါ်ပါလာသော မြန်မာအလုပ်သမား ၁၆ ဦးစလုံးသည် ဒဏ်ရာရရှိ ခဲ့သော်လည်း တရားမဝင် လာရောက်ကြသူများဖြစ်သဖြင့် အနီးရှိ တောထဲသို့ ထွက်ပြေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ အစစ်ဆေးမခံဘဲ ထွက်ပြေးခဲ့ကြသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း‌ သတင်းများတွင် ဖော်ပြသည်။ နယ်မြေကျွမ်းကျင်မှုမရှိသဖြင့် တောထဲတွင် ပုန်းနေသော မြန်မာအလုပ်သမား အမျိုးသား ၁၁ ဦး၊ […]

ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NUG ၏ဒေါနတပ်ခွဲ ၄ အဖြစ် ပြောင်းလဲဖွဲ့စည်း

Dawei Watch

December 18, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသအခြေစိုက် ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က အမျိုးသားညီညွှတ်ရေးအစိုးရ ၊ တောင်ပိုင်းစစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ် ၃ ၊ ဒေါနစစ်ကြောင်း၏ တပ်ခွဲ၄ အဖြစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စတင်ပြောင်းလဲဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်က သတင်းထုတ်ပြန်သည်။ “ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်ကနေ ဒေါနစစ်ကြောင်း တပ်ခွဲ ၄ အဖြစ်တာဝန်ပေးတာပါ။ အသေးစိတ် အချက်အလက် အင်အား ကိုယ်ရေး အချက်အလက် အားလုံးတင်ပြီးမှ တပ်ခွဲအဖြစ် ချတာပါ ။ တပ်ခွဲစုစည်းမှုအတွက် တစ်လခွဲလောက်ကြာတယ်။ တည်ဆောက်နေတာကတော့ အချိန်ရှစ်လလောက် သင်တန်း လက်နက် လူအင်အား ပြင်ဆင်ပြီး အခု ပြန်စတာပါ “ ဟု ကံပေါက်ဒေသ […]

နမ့်ဆန်မြို့ရှိ စစ်ကောင်စီစခန်းအားလုံးကို တအာင်းတပ်သိမ်းယူ

Dawei Watch

December 17, 2023

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးနှင့် ဌာနဆိုင်ရာရုံးများကိုသိမ်းယူကာ မြို့ကို အလုံးစုံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တအာင်းတပ်မတော် TNLA က ယနေ့ ဒီဇင်ဘာလ ၁၇ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ နမ့်ဆန်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို တအာင်းတပ်က ဒီဇင်ဘာလ ၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ခြောက်ရက်ကြာ တိုက်ခိုက်ပြီးနောက် တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၁၅ ရက် ညနေပိုင်းတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်စခန်းများ၊ ရွှေဖီဦး လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတို့ကို အလုံးစုံသိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်းလည်း ဆိုသည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ထံမှ ဟောင်ဝစ်ဇာ အမြောက် လေးစင်း၊ လက်နက်မျိုးစုံ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံနှင့် စစ်သုံးဆောင်ပစ္စည်းများစွာ သိမ်းဆည်းရရှိကြောင်း ထုတ်ပြန်ထားသည်။ ယင်းအပြင် စစ်ကောင်စီတပ်သားအလောင်း […]