BREAKING
November 5, 2025

သတင်း

မြိတ်-တနင်္သာရီလမ်းတွင် စစ်ယာဥ်တန်းကို သုံးနေရာဆက်တိုက် မိုင်းဆွဲတိုက်ခိုက်

Dawei Watch

May 31, 2023

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းတွင် စစ်ယာဥ်တန်း သုံးနေရာဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့ သွားသည့် စစ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့နံနက်တွင် သုံးနေရာဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ ကပြောသည်။ “ချောင်းညီကို၊ ရန်းဖို၊ဘန်းလမွှတ် အဲဒီအနားတဝိုက်မှာ အဆွဲခံရတယ်။ မိုးတောင်မလင်းသေးဘူး။ ကားတစ်စီးတော့ (လိပ်နေ) ပက်လက်လန်နေတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ သို့သော် ပက်လက်လန်နေသည့် ကားအမျိုးအစားကို မသိရှိရသလို အသေးစိတ်အခြေအနေကိုလည်း သိရှိရခြင်း မရှိပေ။ မိုင်းဆွဲခံရသည့် ယာဥ်တန်းတွင် ဗီဂိုကားတစီး၊ စစ်ကားကြီးနှစ်စီးနှင့် ကျောက်တင်ကားကြီး တစ်စီးပါဝင်သည်ဟု ဒေသခံများ ကပြောသည်။ မိုင်းဆွဲခံရပြီးနောက် ယင်းနေရာအနီးတောအတွင်းသို့ လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့် အသံများကိုလည်း ကြားခဲ့ရသည်ဟု ဒေသခံများကပြောသည်။ “ပစ်လိုက်တာကတော့ သဲကြီးမဲကြီးကို ပစ်တာ”ဟု ဒေသခံနောက်တဦး ကပြောသည်။ မိုင်းဆွဲခံရသည့်အတွက် အထိအခိုက်သေဆုံးမှုကိုတော့ […]

လောင်းလုံး သောကြာပြင်ရွာတွင် ထွေအုပ်ဝန်ထမ်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

May 31, 2023

လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း အမျိုးသမီးတစ်ဦး ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၀ ကျော်ရှိ ‌ထွေအုပ်ဝန်ထမ်း ဒေါ်ဆွေဆွေမိုးသည် သာရဂမြို့ဟောင်းရွာစာရေးမဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် သောကြာပြင်ရွာရှိ ဆွေမျိုးအိမ်တွင် လာရောက်နေထိုင်နေကြောင်း ဒေသခံအချို့က ဆိုသည်။ အာဏာသိမ်းပြီးနောက် အလုပ်ထွက်လိုက်သည်ဟုပြောဆို‌သော်လည်း နောက်ပိုင်းတွင် လောင်းလုံးမြို့နယ် ထွေအုပ်ရုံးတွင် အလုပ်ဆင်းနေသည်ကိုမြင်တွေ့နေရကြောင်း သောကြာပြင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အရင်တုန်းက မှတ်ပုံတင်တွေ ထောက်ခံစာတွေလုပ်ပေးတယ်။ ကိုဗစ်ဆေးလက်မှတ်သွားထုတ်ချိန်ဆိုလည်း သူ့ကို မြင်ရတယ်။ ပုံမှန်ရုံးကိုသွားနေတာပဲ။ ရုံးကိုသွားနေလို့ သူ့ကိုဆိုင်ကယ်နဲ့ နောက်ကနေလိုက်ပြီး သတိပေးနေတယ်ဆို ပြောတယ်” ဟု ၎င်းက ပြောသည်။ ဒေါ်ဆွေဆွေမိုး အလုပ်ကအပြန် အိမ်ထဲဝင်မည့်အချိန် ဆိုင်ကယ်ဦးထုပ်ဆောင်းထားသူ အမျိုးသားနှစ်ဦးက […]

ထိုင်းတွင် သက်တမ်းကုန် MoU မြန်မာလုပ်သားများ ဇူလိုင် ၃၁ အထိ နေထိုင်လုပ်ကိုင်ခွင့်ရ

Dawei Watch

May 31, 2023

ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံအစိုးရသဘောတူညီချက် MOU စနစ်ဖြင့် တရားဝင်လာရောက်လုပ်ကိုင်နေပြီး သက်တမ်း လေးနှစ်ပြည့်သွားပြီဖြစ်သည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို လာမည့်ဇူလိုင်လ ၃၁ ရက်အထိ နေထိုင်ခွင့်ပြုကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောသည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား သုံးနိုင်ငံက MoU စနစ်ဖြင့် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်ကို အစိုးရအသစ်ဖွဲ့နိုင်သည့်အချိန်အထိ ၎င်းတို့၏ စာချုပ်သက်တမ်းကို ထပ်တိုးနေထိုင်ခွင့်ပြုကြောင်း ဒုဝန်ကြီးချုပ် Wissanu Krea-ngam က ဆိုသည်။ သက်တမ်းကုန် MoU ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်လုပ်ကိုင်ခွင့် ထပ်မံသက်တမ်းတိုးပေးရန် အလုပ်သမား ဝန်ကြီးဌာန၏ တောင်းဆိုချက်ကို အစိုးရအဖွဲ့က ယခင်က ငြင်းဆန်ထားသော်လည်း မေလ ၃၀ ရက်နေ့ အစည်းအဝေးတွင် ယခုကဲ့သို့ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အလုပ်လုပ်ခွင့်ကို နှစ်လသာ […]

မင်းရပ်ကူးတို့ရှိ စစ်ကောင်စီဂိတ်တွင် စစ်သားများမရှိတော့ဟုဆို

Dawei Watch

May 31, 2023

ထားဝယ်မြို့၊ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့စစ်ဆေးရေး ဂိတ်စခန်းတွင် စစ်ကောင်စီတပ်သားများ မရှိတော့ဟု ထားဝယ်မြို့ခံ အချို့ထံမှသိရသည်။ လွန်ခဲ့သည့် သုံးရက်ခန့်မှစပြီး ယာယီကင်းတဲများ ဖျက်သိမ်းထားသည်ကို‌ တွေ့ရပြီး စစ်ကောင်စီတပ်သားများလာရောက် နေထိုင်သည်ကို မတွေ့ရတော့ကြောင်း ထားဝယ်မြို့ခံတစ်ဦးကပြောသည်။ ” လမ်းမပေါ်မှာ ဘယ်ရီဂိတ် တွေမရှိတော့ဘူး ၊သဲအိတ်တွေပဲရှိတော့တယ်။ စစ်‌ကောင်စီတပ်သားတွေ မတွေ့ရ တော့တာ  သုံးလေးရက်ရှိနေပြီ”ဟု အထက်ပါမြို့ခံကပြောသည်။ အဆိုပါစစ်ဆေးရေးဂိတ်သည် အာဏသိမ်းပြီးမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ကြက်စားပြင်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအနီး ထားဝယ်မြစ် ကမ်းနဘေး ၊မင်းရပ်ကူးတို့ ဆိပ်ကမ်းတွင် ရှိသည်။ ယင်းဂိတ်မှာ ဒေသခံပြည်သူများ၏ ရေကြောင်းသွားလာမှုကို စောင့်ကြည့်ခြင်းအပြင် စစ်ကောင်စီတပ်က ရေကြောင်းအသုံးပြု စစ်ရေးလှုပ်ရှားမှုများတွင် ဆိပ်ခံတံတားအဖြစ် အသုံးပြုလေ့ရှိသည်။ အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများ စတင်လာချိန်တွင် ခရီးသွားပြည်သူများကို စစ်ဆေးခြင်းမျိုးရှိသော်လည်း နောက်ပိုင်း စစ်ဆေးသည်ကိုမတွေရတော့ဟု ထားဝယ်မြို့ခံများ၏ ပြောကြားချက်အရသိရသည်။

ကံပေါက်တွင် စစ်ကားတစ်စီးမိုင်းဆွဲခံရ

Dawei Watch

May 31, 2023

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာထိပ်တွင် ယနေ့ မေလ ၃၁ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ကလိန်အောင် – ကံပေါက်လမ်းပိုင်း ကံပေါက်ကျေးရွာအုပ်စု ဆိုင်းဘုတ်စိုက်ထူထားသည့် ပြင်ပို့တောင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းဆွဲခံရပြီးနောက် ဒဏ်ရာရရှိသူများကို စစ်တပ်ကားနောက်တစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ပြင်ဘို့တောင် အနားမှာ စစ်ကားတစ်စီး မနက်က မိုင်းဆွဲခံရတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောသည်။ ထိခိုက်မှုအသေးစိတ်နှင့် မည်သည့်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်သည်ကိုမူ မသိရသေးပေ။ ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် တောင်ရင်းအင်းရွာလမ်းဆုံ၊ ပြင်ပို့တောင်၊ ကလိန်အောင်တံတား၊ ကျောက်မတ္တပ်ဘုရားနှင့် ကျောက်ရှပ်ရွာအနီးတွင် စစ်ကောင်စီတပ်သားအများအပြား နေရာယူထားကြောင်း ဒေသခံအချို့က ပြောသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ပြင်ပို့တောင်အနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ကလိန်အောင်-ကံပေါက် […]

သင်္ကန်းတုံးရွာထဲဝင်လာသည့် ကလေးငယ်တစ်ဦးအပါအဝင် စစ်ဘေးရှောင်လေးဦးပစ်ခတ်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

Dawei Watch

May 31, 2023

ထားဝယ်မြို့နယ် သင်္ကန်တုံးရွာထဲဝင်လာသည့် ဒေသခံစစ်ဘေးရှောင်လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မေလ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် သင်္ကန်းတုံးရွာက စစ်ဘေးရှောင်နေရသူအချို့ လိုအပ်သည့်ပစ္စည်းများ ရွာထဲဝင်ယူသည့်အချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ လတ်တ‌လော စုံစမ်းမေးမြန်းမှုအရ သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရရှိသူ နှစ်ဦးရှိကြောင်း ဒေသခံအချို့က ပြောဆိုကြပြီး သေဆုံးသူနှစ်ဦးနှင့် ပတ်သတ်၍ အတည်မပြုနိုင်သေးပေ။ ဒဏ်ရာရသူနှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်းအရွယ် ဒေါ်နန်းထွေးဆိုသူနှင့် ၎င်း၏သားဖြစ်သူ အသက် ၁၀ နှစ် ဝန်းကျင်အရွယ် ကလေးငယ်တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကလေးမှာ ခြေထောက်မှာထိတယ်။ သူ့အမေမှာကတော့ ဒဏ်ရာပြင်းတယ်လို့ပြောတယ်။ အခုထားဝယ်‌ကို ဆေးရုံတင်သွားကြပြီ” ဟု ၎င်းက ဆိုသည်။ သင်္ကန်တုံးရွာ […]

လောင်းလုံးတွင် အဖမ်းခံထားရသူများသဖြင့် အချုပ်ခန်း ပြည့်လျှံနေဟုဆို

Dawei Watch

May 31, 2023

လဝကရုံးနှင့် မြို့မရဲစခန်းအပါအဝင် လောင်းလုံးမြို့ပေါ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူများပြား‌နေသဖြင့် အချုပ်ခန်းပင် ပြည့်လျှံနေကြောင်း မြို့မရဲစခန်းနှင့် နီးစပ်သူအချို့က ပြောသည်။ မြို့မရဲစခန်းရှိ အချုပ်ခန်းတွင် မဆံ့တော့သဖြင့် ဖမ်းဆီးထားသူအချို့ကို ထောင်အချုပ်ကားပေါ်တွင်ပင် ထိန်းသိမ်းထားသည်ကို တွေ့ရကြောင်း ‌၎င်းတို့က ပြောဆိုသည်။ “အပြင်မှာလည်း ဒီလိုပဲပြောနေကြတယ်။ အချုပ်ခန်းတောင် (နေရာ) မလွတ်တော့လို့ ထောင်ကားပေါ်မှာတောင် အယောက်သုံးဆယ်လောက်ရှိတယ်တဲ့။ လက်ထိပ်ခတ်ပြီး (အချုပ်ကားကို) အပြင်ကနေ သော့ခတ်ထားတယ်လို့‌ပြောနေကြတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ မေလ ၂၃ ရက်က လောင်းလုံးမြို့မရဲစခန်း၊ လဝကရုံးနှင့် စစ်‌ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့နှစ်ခုက ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့ပြီး လဝက ဒုဦးစီးမှူးတစ်ဦးသေဆုံးခဲ့သည်။ ယင်းနေ့ညအချိန်တွင်ပင် လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများ စတင်ပြုလုပ်ခဲ့သည်။ ယင်းနောက် မေလ ၂၆ ရက်က စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲကလေးနှင့်အဖွဲ့ကို […]

ထားဝယ်မြို့ခံ အမျိုးသားနှစ်ဦး စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံး

Dawei Watch

May 31, 2023

ထားဝယ်မြို့ခံ အမျိုးသားနှစ်ဦး မေလ ၃ဝရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။ မေလ ၃၀ ရက် ည ၉ နာရီခွဲခန့်က ဘုံမ္မော်ရပ်ကွက် စောမိညိုလမ်းဆုံဘက်က သေနတ်သံများ အချက်ရေ ၅၀ ခန့်ကြားရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “ညက သေနတ်သံ ဖောင်း… ဖောင်း… ဆိုပြီး နှစ်ချက်ကြားတယ်။ ပြီးမှ သေနတ်သံတွေ ထပ်ကြားတယ်ပေါ့နော်” ဟု ကြက်စားပြင်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ လမ်းဘေးခွေးများကို ခွေးစာကျွေးရန် ဆိုင်ကယ်ဖြင့် သွားသည့် အမျိုးသားနှစ်ဦးသည် စစ်ကောင်စီလှည့်ကင်းနှင့် တွေ့ပြီး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။ သေဆုံးသူတစ်ဦးမှာ ထားဝယ်မြို့ ဇရစ်ရပ်တွင် နေထိုင်သည့် အသက် ၃၇ နှစ်ခန့်ရှိ […]