စစ်အုပ်စု ရွေးကောက်ပွဲအတုကို လေ့လာသူ မလွှတ်ဖို့ အာဆီယံကို ကုလတိုက်တွန်း
Dawei Watch
October 23, 2025စစ်အုပ်ချုပ်ရေးခိုင်မာစေပြီး နိုင်ငံတကာဖိအား လျှော့ချရန် ရည်ရွယ်ပြုလုပ်မည့် မြန်မာစစ်အုပ်စု၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို အာဆီယံခေါင်းဆောင်များက ပြတ်ပြတ်သားသား ပယ်ချရမည်ဟု ကုလသမဂ္ဂအရာရှိတစ်ဦးက အောက်တိုဘာလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလိုတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာ့အရေး ချဉ်းကပ်မှုနှင့်ပတ်သက်၍ အာဆီယံသည် အရေးကြီးသည့် လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။ “အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကိုလွန်ခဲ့တဲ့ လေးနှစ်မှာ လက်မှတ်ထိုးလိုက်ချိန်ကတည်းက ဒီဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာစစ်အုပ်စုက သရော်လာခဲ့တယ်။ အခုချိန်မှာ မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို အာဆီယံက တရားဝင်အသိအမှတ်ပြုပေးဖို့ လိုလားနေတယ်။ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ အကျဉ်းကျခံနေရချိန် ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ […]


