BREAKING
November 1, 2025

သတင်း

တနင်္သာရီလမ်းပိုင်းကို လုံခြုံရေးအရ အနီရောင်အဆင့်သတ်မှတ်ကြောင်း ပကဖထုတ်ပြန်

Dawei Watch

July 1, 2023

မြိတ်-တနင်္သာရီ-ဘုတ်ပြင်းပြည်ထောင်စုလမ်းကို ညဖက်သွားလာခြင်းမပြုရန် တားမြစ်ထားပြီး လက်ရှိတွင် လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်လိုက်ကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ ဇူလိုင်လ ၁ရက်တွင် ထုတ်ပြန်သည်။ တနင်္သာရီမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က လက်နက်လူအင်အား ဖြည့်တင်းလာနေပြီး ပြည်သူ့ကာကွယ်ရေးအင်အားစုများဘက်ကလည်း လိုအပ်သည်များကို ပြင်ဆင်ထားကြောင်းဆိုသည်။ ယင်းနောက် နှစ်ဖက်စစ်ရေးတင်းမာမှု မြင့်တက်လာနေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ထို့ကြောင့် ခရီးသွားပြည်သူများအနေဖြင့် မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းနေရာများ၊ တနင်္သာရီ-ညောင်ပင်ကွင်း လမ်းပိုင်းနေရာများတွင် အထူးသတိပြုသွားလာရန် လိုအပ်ကြောင်း ဖော်ပြသည်။ ယင်းအပြင် တနင်္သာရီမြို့ပေါ်ရှိ ဌာနဆိုင်ရာအဆောက်အအုံများ၊ စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များ၊ စစ်ယာဉ်တန်းများ အနီးသွားလာခြင်းကို ရှောင်ရှားကြရန်နှင့် ကားများမှန်ချမောင်းနှင်ရန်လည်း အသိပေးထားသည်။ “အရင်က စစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းထိုးရင် ခုနစ်ဆယ်၊ ရှစ်ဆယ်ပဲသုံးတယ်။ အခုက စစ်ကြောင်း တစ်ကြောင်းမှာ နှစ်ရာလောက် အသုံးပြုလာတာကို […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

June 30, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၄ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ဆယ်ကျော်သက် လူငယ်ကို ပစ်သတ်ခဲ့လို့ ပြင်သစ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ် ရဲတပ်ဖွဲ့က ဆယ်ကျော်သက် လူငယ်တစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြင်သစ်နိုင်ငံမှာ အုံကြွ ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ပါရီမြို့တော်နားမှာ နာဟဲလ်အမ်လို့ သိရတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်လေးဟာ ကားထဲမှာ အနီးကပ် ပစ်သတ်ခံခဲ့ရတာပါ။ ရဲတွေက လမ်းမှာ ယာဉ်စည်းကမ်းစစ်ဆေးစဉ် ဖမ်းဆီးခဲ့ပြီးနောက် ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းဟာ ပြင်သစ် ပြည်သူတွေကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီး အုံကြွ ဆန္ဒပြမှုတွေဆီ ဦးတည်သွားစေခဲ့ပါတယ်။ ဇွန် […]

ဘန်းလမွှတ်ရွာတွင် တိုက်ပွဲဖြစ်ပြီး နေအိမ်နှစ်လုံးထက်မနည်း မီးရှို့ခံရ

Dawei Watch

June 30, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွှတ်ရွာတွင် တိုက်ပွဲဖြစ်ပွားပြီး နေအိမ်နှစ်လုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ ဘန်းလမွှတ်ရွာတွင် ယနေ့နံနက် ၁၀ နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် တစ်နာရီခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နေအိမ်များ မီးရှို့ခံရသည်ဟု ဒေသခံများ ကပြောသည်။ “ဘုန်းကြီးကျောင်းနားက အိမ်နှစ်ဆောင်အပါအဝင် သုံးဆောင်ရှို့ခံရတယ်လို့သိရတယ်။ PDF နဲ့ဆက်စပ်တယ်ဆိုပြီး ရှို့သွားတယ်လို့ သိရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ မီးရှို့ခံရသည့်နေအိမ်များမှာ ဦးမြင့်အောင်၊ ဦးဟိန်းကိုနှင့် ဦးတင်လှ တို့၏ နေအိမ်များဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။ တိုက်ပွဲနှင့် ဖမ်းဆီးခံရမှုများကြောင့် မီးရှို့ခံရသည့် နေအိမ်သုံးဆောင်အပါအဝင် တစ်ရွာလုံးနီးပါးရှိ နေအိမ်အများစုတွင် လူနေထိုင်မှုမရှိတော့ကြောင်း ဒေသခံများ ကပြောသည်။ ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှုကို မသိရသေးသော်လည်း စစ်ကောင်စီတပ်မှ ညနေ ၃ နာရီဝန်းကျင်အထိ ပြည်သူ့ကာကွယ်ရေးတပ်များ ရှိနိုင်သည်ဟု ယူဆသည့် နေရာများသို့ […]

ကလိန်အောင်တွင် တိုက်ပွဲဖြစ်၊ ဒေသခံအချို့ လက်နက်ကြီးထိမှန်

Dawei Watch

June 30, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့ ကျောက်ရှပ်ရွာ (ချောင်းဆုံအပိုင်း) နှင့် ရေပုံးရွာ ပတ်ဝန်းကျင်တွင် ဇွန်လ ၂၉ ရက် နေ့လယ်ပိုင်းက နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ မနက်ပိုင်း ထိတွေ့ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း​၊ ကျောက်ရှပ်ရွာသား အနည်းဆုံး‌ ၄ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရှိခဲ့ကြောင်း ဒေသခံများကဆိုသည်။ ဒဏ်ရာရသူများမှာ ကလိန်အောင်မြို့ရှိ ပုဂ္ဂလိကဆေးခန်းတွင် ဆေးကုသခဲ့ရကြောင်း မျက်မြင်တွေ့ရသည့်‌ မြို့ခံအချို့ကပြောသည်။ “ညနေပိုင်းလောက် ချောင်းဆုံဘက်က လက်နက်ကြီးအစစင်ပြီး ထိတဲ့ လူနာ လေးယောက်လောက် ပတ်တီးတွေစည်းပြီး ဆေးခန်းမှာ လာပြနေကြတယ်” ဟု ကလိန်အောင်မြို့ အမှတ် ၂ ရပ်ကွက်က မြို့ခံတစ်ဦးကပြောသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က ထိတွေ့တိုက်ပွဲနှင့်ပတ်သက်ပြီး ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးသဖြင့် မည်သည့်အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ပွားသည်ကို လတ်တလောမသိရသေးပေ။ ဇွန်လ […]

ရေဖြူ ပုဂေါဇွန်းနှင့် မင်းဒပ်ရွာဘက်သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

June 30, 2023

ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာနှင့် မင်းဒပ်ကျေးရွာသို့ စစ်ကောင်စီအမြောက်တပ်က ဇွန်လ ၂၈ ရက်ညက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ရေဖြူမြို့နယ် ကျောက်ကညာကျေးရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ်မှ ည ၉ နာရီကျော်အချိန်တွင် လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါလက်နက်ကြီးကျည်များမှာ ပုဂေါဇွန်းရွာအနီးတွင် တစ်လုံး မင်းဒပ်ရွာအနီးတွင် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ဘယ်လောက်ကြမ်းလဲဆိုရင် အိမ်ခေါက်မိုးက သွပ်ပြားတွေတောင် တကျွတ်ကျွတ်နဲ့ အသံထမည်တာ။ ကြောက်ဖို့အရမ်းကောင်းတယ်။ မထိလို့သာပေါ့ ထိတဲ့အိမ်ဆိုရင်တော့ တစ်စစီဖြစ်ပြီပဲ” ဟု ပုဂေါဇွန်းဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါလက်နက်ကြီးကျည်များသည် ရွာထဲတွင်မကျဘဲ ရွာအနီးတောတောင်ထဲတွင် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိခိုက်သေဆုံးမှုမရှိဘဲ သက်သာရာရခဲ့ကြောင်း ‌ဒေသခံအချို့ကဆိုသည်။ ဇွန်လ ၂၇ ရက်ညက ရေဖြူမြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ပြီး နောက်တစ်နေ့တွင် […]

လက်နက်ကြီး ပစ်ခတ်နေသဖြင့် ပဝနှင့်သရဖုံရွာဒေသခံများ တိမ်းရှောင်နေရ

Dawei Watch

June 30, 2023

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အတွက် တနင်္သာရီမြို့နယ်၊ ပဝကျေးရွာနှင့် သရဖုံကျေးရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရကြောင်း ဒေသခံများ ထံမှသိရသည်။ ယင်းကျေးရွာများဘက်သို့ ဇွန်လ ၂၆ ရက်မှစကာ ယနေ့ (ဇွန် ၃၀)အထိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများ ကပြောသည်။ “နေ့တိုင်းတော့မပစ်ဘူး။ တစ်ရက်ပစ်လိုက် နားလိုက် လုပ်နေတယ်။ ရွာထဲလာကျတော့ လူတွေလည်း မနေရဲကြတော့ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးကြောင့် လတ်တလော လူနှင့်နေအိမ်များထိခိုက်မှု မရှိသေးဟု ဒေသခံများကဆိုသည်။ ယင်းကြောင့် ဒေသခံများမှာ မြိတ်မြို့အပါအဝင် နီးစပ်ရွာကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်နေကြရသလို ကျန်ဒေသခံအများစုသည်လည်း ဘေးလွတ်ရာ တောတောင်အတွင်း တဲထိုးကာ အဆင်ပြေသလို နေထိုင်နေကြကြောင်း ဒေသခံများကပြောသည်။ “တာလပတ်မိုးပြီးနေတဲ့သူတွေ တောင်ယာတဲတွေမှာ နေတဲ့သူတွေရှိတယ်။ တာလပတ် မရှိတဲ့သူတွေကတော့ တောထဲက သစ်ခက်တွေ […]

မြိတ်တွင် အုတ်တင်ယာဉ်နှင့် ခရီးသည်ယာဉ်တိုက်မိ ခရီးသည် ၈ ဦးဒဏ်ရာရ

Dawei Watch

June 30, 2023

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု မရင်းငယ်ဖျားရွာအနီးတွင် ယနေ့(ဇွန် ၃၀) နံနက် ၉ နာရီအချိန်ခန့်က အုတ်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိသဖြင့် ခရီးသည် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်စုနေသူအချို့ထံမှ သိရသည်။ တနင်္သာရီမြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် အုတ်တင်ယာဉ်နှင့် မြိတ်မှ တနင်္သာရီဘက်သို့သွားသည့် ခရီးသည်တင်ယာဉ်တို့သည် မရင်းငယ်ဖျားရွာအနီးရှိ အားမာန်သစ်ဆီဆိုင်အကွေ့တွင် တိုက်မိကြခြင်း ဖြစ်ကြောင်း ယင်းကျေးရွာနေသူအချို့က ပြောပြသည်။ “အုတ်ကားဘက်က အရှိန်လွန်ပြီး ဝင်တိုက်မိတာလို့ ကြားရတယ်‌ဗျ” ဟု မရင်းငယ်ဖျားရွာသားတစ်ဦးက ပြောသည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မောင်းနှင့် ခရီးသည် ၈ ဦးတို့ ဒဏ်ရာရရှိသဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း နာရေးကူညီမှုအသင်းအချို့မှ သိရသည်။ “ခရီးသည်တွေက ဒဏ်ရာသိပ်မစိုးရိမ်ရဘူး၊ ကားမောင်းသမားက ညှပ်မိသွားတာဆိုတော့ ဒဏ်ရာပြင်းမယ်ထင်တယ်” ဟု နာရေးကူညီမှု […]

ကုန်ကားတစ်စီး မလွှဲတောင်အနီး မီးလောင်

Dawei Watch

June 30, 2023

ရန်ကုန်မှ တနင်္သာရီတိုင်းကိုမောင်းနှင်လာသည့် ကုန်တင်ကားတစ်စီး ဇွန်လ ၂၉ ရက် ညနေပိုင်းတွင် မလွှဲတောင်စစ်ဆေးရေးဂိတ်အနီးတွင် မီးလောင်ကျွမ်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ကြက်စာများတင်ဆောင်လာသည့် အဆိုပါကုန်ကားသည် မွန်ပြည်နယ် ရေးမြို့အလွန် ၁၃ မိုင်ခန့်အကွာ မလွှဲတောင် တောင်ခြေရင်းအနီးတွင် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ရေးမြို့အခြေစိုက် လူမူကူကယ်ဆယ်‌ရေး အသင်းတာဝန်ရှိသူတစ်ဦးကဆိုသည်။ မလွှဲတောင်မှာ မွန်တနင်္သာရီအစပ်တွင်ရှိပြီး တောင်ထိပ်တွင် စစ်ဆေးရေးဂိတ်ရှိသည်။ “ကားကတော့ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ပြောတယ်” ဟု လူမူကူညီရေးအသင်းတာဝန်ရှိသူကဆိုသည်။ မီးလောင်မှုကြောင့် ကားဦးခေါင်းပိုင်းအများစုလောင်ကျွမ်းပြီး ကိုယ်ထည်တွင်လည်းမီးဟပ်ခဲ့ကြောင်း ၎င်းကဆိုသည်။ ကားပေါ်တင်ဆောင်လာသည့် ကြက်စာအချို့မီးလောင်ကျွမ်းခဲ့သော်လည်း ကားမောင်းသမား ထိခိုက်ဒဏ်ရာရရှိခြင်း မရှိဟုဆိုသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမူကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များ ပူးပေါင်းမီးငြိမ်သတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီခွဲအချိန်တွင် မီးငြိမ်သွားခဲ့ကြောင်း သိရသည်။