BREAKING
November 1, 2025

သတင်း

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို KNU တပ်ခွဲအဖြစ်ပြောင်းလဲဖွဲ့စည်း

Dawei Watch

July 4, 2023

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Palaw K-PDF ကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNU/KNDO တပ်ရင်း (၇) တပ်ခွဲ (၅) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း Palaw K-PDF က ထုတ်ပြန်ကြေညာသည်။ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ တရားဝင်ပြောင်းလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်၍ မိဘပြည်သူများကို အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သို့သော် မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောင်းလည်းဖွဲ့စည်းခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိသလို Dawei Watch ၏ ဆက်သွယ် မေးမြန်းမှုကိုလည်း လတ်တလောတွင် ပြန်လည်ဖြေကြားထားခြင်း မရှိသေးပေ။ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့ K-PDF ကို KNU/KNDO တပ်၏ ဗိုလ်ကြီးဟောင်း အသက် ၆၃ နှစ်အရွယ်ရှိ အဖူးစောကပေါ့ ခေါ် ဗိုလ်ခေါင်းဖြူက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းပြီးနောက် ပုလောဒေသအတွင်း စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန်နေသည့် […]

သရက်ချောင်း ကဇိကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

Dawei Watch

July 4, 2023

‌သရက်ချောင်းမြို့နယ်၊ ကဇိကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၀ ကျော်အရွယ် ဦးညိုစိုးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၃ ရက် ညနေ ၄ နာရီဝန်းကျင်တွင် အမည်မသိသေနတ်သမားတို့က ဦးညိုစိုး၏ နေအိမ်တွင် လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဦးညိုစိုးမှာ အာဏာသိမ်းပြီးနောက်ပိုင်း ကဇိကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ၎င်းအားမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို လတ်တလော မသိရသေးပေ။ စစ်ကောင်စီဝါဒါဖြန့် တယ်လီဂရန်ချယ်နယ်တို့တွင်မူ ဦးညိုစိုးအား ပြည်သူ့ကာကွယ်တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သွားကြောင်း ရေးသားနေကြသည်။ “ကျွန်မတို့လည်း ဘယ်သူလုပ်တယ်ဆိုတာမသိဘူး။ သေနတ်သံတော့ သုံးလေးချက်ကြား လိုက်တယ်။ ပြီးမှ သူတို့ဆွေမျိူးတွေ ‌ပြေးနေလွှားနေကြတာမြင်ရတာပဲရှိတယ်။ အဲဒါမှ ဦးညိုစိုးသေတယ်ဆိုတာသိတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ သေဆုံးသူ၏အလောင်းအား ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် နေအိမ်ပြန်သယ်လာကာ ယနေ့အသုဘအခမ်းအနားပြုလုပ်နေကြောင်း ဒေသခံတို့က […]

ထားဝယ်အရှေ့တော သင်္ကန်းတုံးရွာက PDF တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းအချို့ပါသွားဟုဆို

Dawei Watch

July 4, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် ဥဩစစ်ကြောင်းက PDF တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး လက်နက်အချို့ စစ်ကောင်စီတပ်က သိမ်းယူသွားကြောင်း ယင်းစစ်ကြောင်းအပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့အချို့နှင့် ‌ဒေသခံသတင်းအရင်းအမြစ်အချို့၏ ပြောဆိုချက်အရသိရသည်။ သင်္ကန်းတုံးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ ဥဩစစ်ကြောင်း၏ PDF ရှေ့တန်းတပ်ဖွဲ့၏ ကိုယ်ပိုင်ထုတ်လုပ်ထားသော လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရကြောင်း ဥဩစစ်ကြောင်းက တာဝန်ရှိသူ ကိုရောင်နီက အတည်ပြုပြောဆိုသည်။ ဥဩစစ်ကြောင်းက ရဲဘော်နှစ်ဦးဒဏ်ရာရပြီး နှစ်ဦးပျောက်ဆုံးနေသည်ဟု ဒေသခံအချို့နှင့် ကာကွယ်ရေးတပ်ဖွဲ့အချို့၏ ပြောဆိုချက်များအရ သိရသည်။ “လက်ရှိအချိန်မှာ ကျွန်တော်တို့စစ်ကြောင်းက ရဲဘော်တော်တော်များများကို ပြန်တွေ့ပြီ။ စစ်ကြောင်းပြန်ရသွားပြီ။ (မစိုးရိမ်ရ) ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ဆေးကုသမှုခံယူနေတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ဆိုသည်။ […]

ထိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဝါရင့်နိုင်ငံရေးသမားကို ရွေးချယ်ရန် အနိုင်ရပါတီနှင့် မဟာမိတ်များဆုံးဖြတ်

Dawei Watch

July 4, 2023

ထိုင်းလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အနိုင်ရပါတီဖြစ်သော Move Forward ပါတီနှင့် မဟာမိတ်ပါတီများက ထိုင်းတောင်ပိုင်းအခြေစိုက်ထားသော Prachachart ပါတီခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမားတစ်ဦးကို သဘောတူရွေးချယ်ခဲ့ကြောင်း သိရသည်။ ထိုင်းတောင်ပိုင်းပါတီဖြစ်သော Prachachart ပါတီခေါင်းဆောင် Wan Mohamad Noor Matha ကို လွှတ်တောင်ဥက္ကဋ္ဌအနေဖြင့် Move Forward ပါတီဦးဆောင်ထားသော ညွန့်ပေါင်းပါတီ ၈ ပါတီက ရွေးချယ်လိုက်ခြင်းဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ညွန့်ပေါင်းပါတီကြီးများဖြစ်သော Move Forward ပါတီနှင့် Pheu Thai ပါတီနှစ်ပါတီ အချေအတင်ဖြစ်မှု အဆုံးသတ်အဖြေရှာသည့်အနေဖြင့် ၎င်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ရွေးချယ်ခံရသော Wan Noor ကို ညွန့်ပေါင်းပါတီ ၈ ပါတီစလုံးက သဘောတူခဲ့ကြောင်း သိရသည်။ လွှတ်တော် ဒုဥက္ကဋ္ဌနေရာများအတွက် Move Forward ပါတီက တစ်နေရာနှင့် Pheu Thai ပါတီက တစ်နေရာစီ ရယူထားကြောင်း သိရသည်။ အသက် ၇၉ နှစ်အရွယ်ရှိ Wan Noor သည် လွှတ်တော်ဥက္ကဋ္ဌနေရာကို ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ လုပ်ခဲ့ဖူးသူဖြစ်ပြီး အမတ်နေရာအတွက် ၉ ကြိမ်မြောက်ရွေးချယ်ခံရသူဖြစ်သည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ Wahdah အုပ်စု၏ […]

မြိတ်ရေကန်ဘောင်တွင် ချိန်းတွေ့သည့်သမီးရည်းစား ဖုန်းလုယက်ဓားထိုးခံရ၊ အမျိုးသားဖြစ်သူသေဆုံး

Dawei Watch

July 4, 2023

မြိတ်မြို့ မြစ်ငယ်ရပ်ရှိ ရေကန်ဘောင်တွင် ဇူလိုင်လ ၃ ရက် ည ၉ နာရီခန့်က ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဖုန်းလုယက်ခံရပြီး ဓားဖြင့်လည်း အထိုးခံရသဖြင့် အမျိုးသားဖြစ်သူ သေဆုံးကြောင်း ယင်းရေကန်ဘောင်အနီး နေထိုင်သူတို့က ပြောသည်။ ချိန်းတွေ့နေသည့် အသက် ၂၀ ဝန်းကျင်အရွယ် သမီးရည်းစားစုံတွဲထံသို့ လူငယ်အမျိုးသားလေးဦးခန့် ရောက်ရှိလာပြီး ဖုန်းနှင့် ပါလာသည့် တန်ဖိုးရှိအစ္စည်းများပေးရန် ဓားဖြင့် ခြိမ်းခြောက်တောင်းဆိုကြောင်း ၎င်းတို့က ဆိုသည်။ “‌ကောင်လေးက ပြန်ခုခံလို့ အထိုးခံလိုက်တာလို့ ကြားရတယ်” ဟု ရေကန်ဘောင်အနီးနေသူတစ်ဦးက ပြောဆိုသည်။ ဓားဖြင့် ဆယ်ချက်ကျော် အထိုးခံလိုက်ရသဖြင့် ဆေးရုံသွားသည့် လမ်းခရီးတွင်ပင် သေဆုံးသွားကြောင်းနာရေးကူညီမှုအသင်း တာဝန်ခံတစ်ဦးက ပြောသည်။ အဆိုပါ ရေကန်ဘောင်ပတ်လမ်းတွင် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်တို့တွင် ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ ရှိကြပြီး […]

လယ်သမားလက်ထဲ စပါးပြတ်ချိန် စပါးဈေးစတက်

Dawei Watch

July 4, 2023

မိုးရာသီလယ်လုပ်ချိန် ‌ရောက်လာပြီဖြစ်၍ လယ်သမားအများစုလက်ထဲတွင် စပါးပြတ်လပ်နေပြီဖြစ်ရာ စပါးဈေးလည်းပြန်တက်လာနေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့နှင့် စပါးအဝယ်အဒိုင်အချို့ကပြောသည်။ ဖေဖော်ဝါရီလအတွင်းက စပါးတစ်တင်းလျှင် အနိမ့်ဆုံး ၁၈၀၀၀ ကျပ်ရရှိပြီး အမြင့်ဆုံး ၂၃၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်သွားခဲ့သည်။ ယင်းနောက် မတ်လထဲတွင် စပါးဈေးပြန်ကျသွားခဲ့ပြီး တစ်တင်းလျှင် ၂၀၀၀၀ ကျပ်အောက်သို့ ရောက်သွားခဲ့သည်။ ယခုမိုးရာသီလယ်လုပ်ချိန် ဇွန်လကုန်းပိုင်းမှစပြီး စပါးဈေးပြန်မြင့်တက်လာခဲ့သည်။ လက်ရှိတွင် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ၁၉၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည်အမျိူးအစားဆိုပါက တစ်တင်း ၂၂၀၀၀ ကျပ်ဝန်းကျင်၊ ပေါ်ဆန်းအမျိုးအစားဆိုပါက ၂၆၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေကြောင်း ထားဝယ်ခရိုင်ရှိ စပါးအဝယ်တော်အချို့ကဆိုသည်။ ‌“စပါးဈေးပြန်တက်လာတာဆို နှစ်ပတ်လောက်ဖြစ်နေပြီ။ ဟိုဘက်( တနင်္သာရီတိုင်းပြင်ပ) ကဝယ်လိုက်လာတဲ့အချိန် ဒီဘက်မှာစပါးကမရှိတော့ ဈေးတက်လာတာ” ဟု လောင်းလုံးမြို့နယ်ရှိ ဆန်းစပါးကြိတ်ခွဲရောင်းချသူတစ်ဦးကဆိုသည်။ စပါးဈေးပြန်တက်လာချိန်တွင် ဒေသတွင်းရှိလယ်သမားအများစုလက်ထဲတွင် ရောင်းချစရာ […]

သီရိလင်္ကာမှာ နှိပ်စက်ခံနေရတဲ့ ထိုင်းနိုင်ငံကဆင်ကြီး အိမ်ပြန်နိုင်ခဲ့ပြီ

Dawei Watch

July 3, 2023

ထိုင်းနိုင်ငံကနေ ၂၂ နှစ်အကြာ လက်ဆောင် ရရှိထားတဲ့ ဆင်ကြီးကို ဆေးဝါးကုသဖို့ဆိုပြီး သီရိလင်္ကာနိုင်ငံက ပြန်လည်ပေးအပ်လိုက်ရပါပြီ။ အကြောင်းကတော့ သီရိလင်္ကာမှာ ကောင်းကောင်း မကြီးပြင်းရဘဲ နှိပ်စက်ခံနေရတယ်လို့ ဆိုထားပါတယ်။ ဆင်ကြီးကို သီရိလင်္ကာမှာ မူထူရာဂျာ (Muthu Raja) လို့ခေါ်ကြပြီး ထိုင်းမှာတော့ ဆက်ဆူရင်း (Sak Surin) လို့ လူသိများပါတယ်။ ဆင်ကြီး ၁၀ နှစ်သားအရွယ်တုန်းက ထိုင်းတော်ဝင်မိသားစုကနေ သီရိလင်္ကာကို လက်ဆောင်အနေနဲ့ ပေးအပ်ထားခဲ့တာပါ။ သူဟာ သီရိလင်္ကာကို လက်ဆောင်ပေးထားခဲ့တဲ့ ဆင်သုံးကောင်ထဲက တစ်ကောင်ဖြစ်ပါတယ်။ သူ့ကို သီရိလင်္ကာတောင်ပိုင်း ဘုရားကျောင်းထဲမှာ ထားရှိထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက သီရိလင်္ကာရဲ့ တိရိစ္ဆာန်အခွင့်အရေးအဖွဲ့ဖြစ်သော Rally for Animal Rights and Environment (RARE) […]

တနင်္သာရီတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရ

Dawei Watch

July 3, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့က ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ (၂၆၅) တပ်ရင်းက ယင်းကျေးရွာ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထားလာရာ သကျက်ကျေးရွာအုပ်စုလမ်းတွင် နှစ်ကြိမ်ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နံနက်ပိုင်းတွင် လငုတံတားအနီးတွင် တစ်ကြိမ်တိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းတွင် မယ်တော်ဂူအနီးတွင် တစ်ကြီး တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကောင်စီဖက်က သုံးယောက်ဒဏ်ရာရတယ်လို့သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ လငုသည် ရွာမဟုတ်ပဲ ဥယျာဉ်စိုက်ပျိုးသည့်နေရာသာဖြစ်ပြီး သကျက်ရွာအနီးတွင်ရှိကြောင်း ဆိုသည်။ မယ်တော်ဂူသည်လည်း သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းရွာအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် (၂၆၅) […]