BREAKING
November 1, 2025

သတင်း

ပုလောတွင် လက်နက်ကြီးဖြင့် ပစ်ခံရ၍ ငါးဖမ်းလှေငယ်နှစ်စီးပျက်စီး

Dawei Watch

July 5, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာတွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ငါးဖမ်းလှေငယ်နှစ်စီး ပျက်စီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ တိုကျေးရွာတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ဇူလိုင်လ ၃ ရက်နေ့ ညဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြဒေါင်ရွာချောင်းအတွင်းရှိ ဒေသခံနှစ်ဦး၏ ငါးဖမ်းလှေငယ်နှစ်စီးအား ထိမှန်ကာ ပျက်စီးသွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “မဒေါင်ကမ်းနားလာကျတာ တစ်စီးက လှေဦးခေါင်းပွင့်ထွက်သွားပြီး သုံးလို့မရတော့ဘူး။ နောက်တစ်စီးက ပြန်ပြင်လို့ရသေးတယ်”ဟု ဒေသခံအမျိုးသမီးကပြောသည်။ ယင်းညက လက်နက်ကြီးလေးလုံး ကျရောက်ပေါက်ကွဲခြင်းဖြစ်ပြီး လှေထဲတွင် လူမရှိသည့်အတွက် လူထိခိုက်မှုတစ်စုံတရာ မရှိကြောင်း ဒေသခံများကပြောသည်။ ပျက်စီးသွားသည့် လှေငယ်နှစ်စီးမှာ လေးလံခွဲငါးလံအရွယ်အစားရှိပြီး ကာလပေါက်ဈေး တစ်စီးလျှင် ကျပ်သိန်းလေးဆယ်ဝန်းကျင်ရှိသည်ဟု ဒေသခံများ ကဆိုသည်။ “ခေါင်းပိုင်းတစ်ခုလုံး ပွက်ထွက်သွားတယ်ဆိုတော့  ပြန်ပြင်ရဖို့က မလွယ်ဘူး။ သစ်တွေကလည်း ဈေးကြီးပြီး ဝယ်ရပင်ပန်းတယ်ဆိုတော့ မလွယ်ဘူး”ဟု ဒေသခံအမျိုးသား […]

မလေးရှားသွားမည့် မြန်မာလုပ်သား ၂၀ဦး ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံရ

Dawei Watch

July 5, 2023

မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား ၂၀ ဦး ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ဇူလိုင်လ ၄ရက်နေ့က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင် စဒေါင်းဒေသရှိ စွန့်ပစ်ထားသော နေအိမ်အဆောက်အအုံထဲတွင် ပုန်းခိုနေကြသော မြန်မာအလုပ်သမာများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရေးသားထားသည်။ ယင်းစွန့်ပစ် အဆောက်အအုံကို မလေးရှားသို့ ခိုးဝင်ရန် နားခိုသည့်နေရာအဖြင့် အသုံးပြုနေကြောင်း သတင်းပေး တိုင်ကြားချက်အရ လဝကရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ အဆောက်အအုံထဲတွင် အသက် ၁၉ နှစ်မှ ၂၆နှစ်အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၄ ဦး သီးခြားခွဲထိုင်နေကြသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ ၎င်းတို့အားလုံးတွင် စာရွက်စာတမ်း အထောက်အထားများ မတွေ့ရှိရကြောင်း ဖော်ပြသည်။ ၎င်းတို့သည် တနင်္သာရီတိုင်းနယ်စပ်မှတစ်ဆင့် […]

လူသတ်မှုဖြင့် မြန်မာအိမ်အကူအမျိုးသမီးကို စင်ကာပူတရားရုံးက ထောင်ဒဏ်တစ်သက်ချ

Dawei Watch

July 5, 2023

အိမ်ရှင်၏ ယောက္ခမဖြစ်သူကို ဓားဖြင့်ထိုးသတ်မှုဖြင့် မြန်မာအိမ်အကူအမျိုးသမီးကို စင်ကာပူတရားရုံးက ဇူလိုင်လ ၄ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်ချမှတ်လိုက်ကြောင်း စင်ကာပူသတင်းဌာနများတွင် ဖော်ပြသည်။ မဇင်မာနွယ်ဆိုသည့် မြန်မာအိမ်အကူအမျိုးသမီးသည် လူသတ်မှုအတွက် အပြစ်ရှိကြောင်း ယခုနှစ် မေလ ၁၈ ရက်နေ့က တရားရုံးက ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်ရန် ရောက်ရှိလာခဲ့သည်။ ယင်းအချိန်က အသက် ၁၇နှစ်အရွယ်သာရှိသေးသော်လည်း အလုပ်အကိုင်အေဂျင်စီက နိုင်ငံကူးလက်မှတ်တွင် အသက် ၂၃ နှစ်ဟု လိမ်လည်ဖော်ပြစေကာ စင်ကာပူသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။ လူသတ်မှုဖြစ်ပြီးနောက် စင်ကာပူဆေးရုံတွင် အရိုးသက်တမ်းစစ်ဆေးခဲ့သောအခါ အသက် ၁၇ နှစ်အရွယ်သာ ရှိနေသေးကြောင်း ဖော်ထုတ်ခဲ့သည်။ လူသတ်မှုဖြစ်ပွားချိန်က အဆိုပါမြန်မာအိမ်အကူသည် အသက် […]

ကံပေါက်တွင် သုံးနှစ်သမီးလေး ပျောက်နေသဖြင့်၊ တွေ့ရှိပါကအကြောင်းကြားပါရန် မိဘများအကူအညီတောင်း

Dawei Watch

July 5, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသ သဲချောင်းကျေးရွာရှိ နေအိမ်တွင် ကစားနေသည့် သုံးနှစ်အရွယ်သမီးငယ် မနေ့ (ဇူလိုင် ၄) မွန်းလွဲပိုင်းတွင် ပျောက်ဆုံးသွားခဲ့သည်ဟု မိခင်ဖြစ်သူထံမှသိရသည်။ မိခင်ဖြစ်သူ နွားကျောင်းသွားရာမှာ နေအိမ်တွင် တစ်ယောက်တည်းကျန်ခဲ့သည့် ကလေးငယ်မှာ မိခင်ပြန်လာသည့်အချိန်တွင် အိမ်မှမရှိတော့ဘူးဟု မိခင်ဖြစ်သူ ဒေါ်ဇင်မာသက်က ပြောသည်။ “ဖုန်းတစ်လုံးပေးခဲ့တယ်။ ကျွန်မပြန်လာတဲ့အချိန် ဖုန်းပဲကျန်တယ်လူ မရှိတော့ဘူး” ဟုဒေါ်ဇင်မာသက်က ပြောသည်။ ပျောက်ဆုံးနေသည့် ကလေးငယ်အမည်မှာ မနဒီရွှေဇင်ဖြစ်ပြီး ဦးဇော်လတ် ဒေါ်ဇင်မာသက်၏ သမီးဖြစ်သည်။ မနဒီရွှေဇင်သည် ဇူလိုင် ၄ ရက် မွန်းလွဲ နှစ်နာရီခန့်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ယနေ့ (ဇူလိုင် ၅) ၁၂ နာရီအထိ ပြန်လည်ရှာဖွေတွေ့ရှိရခြင်းမရှိသေးပေ။ ၎င်း၏သမီးအား တွေ့ရှိပါက ၀၉ ၄၅၇၂၉၈၅၄၅၊ ၀၉၄၅၅၈၃၆၇၅၀ ဖုန်းနံပါတ်များသို့ ဆက်သွယ်အကြောင်းကြား ပေးကြပါရန် […]

မြိတ် တုန်းဗျောရွာရှိ စစ်ကောင်စီတပ်ယာယီစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

Dawei Watch

July 4, 2023

မြိတ်မြို့နယ်၊ တုန်းဗျောကြီးရွာရှိ စစ်ကောင်စီတပ်ယာယီစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် ယနေ့ ဇူလိုင်လ ၄ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့သေဆုံးကာ ဒဏ်ရာရသူအချို့လည်း ရှိသည်ဟု ကြားသိရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ငယ်တွေနဲ့ လာပစ်တယ်။ ဒရုန်းနဲ့လည်း ဗုံးချတိုက်ခိုက်တယ်။ ထိခိုက်သေဆုံးတာတွေ ရှိတယ်။ အရေးပေါ်ကား နှစ်စီးလာတယ်။ ဘယ်နှစ်ဦးလဲဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လမ်းမကြီးနံဘေးတွင် လဲကျသေဆုံးနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို မြင်တွေ့ရသည်ဟု ရွာသားရွာသား အချို့က ပြောဆိုနေကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ကြာပြီးနောက် စစ်ကောင်စီတပ်ဘက်က […]

မော်တုန်းရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး ရွာသားခြောက်ဦးဒဏ်ရာရ

Dawei Watch

July 4, 2023

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တနင်္သာရီမြို့နယ် မော်တုန်းအနောက်ကမ်းနေ ဒေသခံ ခြောက်ဦးထိခိုက်ဒဏ်ရာရပြီး အချို့ဆေးရုံပို့ဆောင်ထားရကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၃ ရက် ည ၉ နာရီခန့်က မော်တုန်းအနောက်ကမ်းကျေးရွာသို့ လက်နက်ကြီးကျည် ငါးလုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “တံတားဆိုဒ်မှာ လုပ်နေတဲ့ အလုပ်သမား လေးယောက်နဲ့ လူပျိုကြီးသားအမိတို့ ထိတယ်။ အမျိုးသမီကြီးမှာက ရင်ဘတ်အပါအဝင် သုံးနေရာထိပြီး ဒီမနက်က ဆေးရုံတင်ထားတယ်။ အခြေအနေက စိုးရိမ်ရတယ်လို့ ပြောတယ်” ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။ အလုပ်သမားလေးဦးမှာ အရှေ့ကမ်းရွာသားများဖြစ်ပြီး အနောက်ကမ်းရွာတွင် အလုပ်လာလုပ်နေသူများဖြစ်ကာ ဒဏ်ရာ မစိုးရိမ်ရဟု ဒေသခံများက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး […]

မြိတ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

Dawei Watch

July 4, 2023

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက်တွင် ဇူလိုင်လ ၃ ရက် ညခုနှစ်နာရီခွဲအချိန်က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှသိရသည်။ အဆိုပါ ရပ်ကွက်တွင် WiFi ကြိုးပြုတ်ကျနေသဖြင့် ကုမ္ပဏီအား ဖုန်းဆက်အကြောင်းကြားရာ WiFi ကုမ္ပဏီမှ အသက် ၂၆ အရွယ်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး ပြင်ဆင်ပေးရာမှ ဓာတ်လိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရွှေပြည်တန်ရပ်ကွက်နေသူအချို့က ပြောပြသည်။ WiFi ကြိုးကို ဓာတ်ကြိုးပေါ်သို့ ပစ်တင်ရာမှ ဓာတ်ကြိုးနှင့်လက်ထိကာ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး လှေကားပေါ်မှာ ပြုတ်ကျသွားကြောင်း ရွှေပြည်တန်ရပ်ကွက်နေ မျက်မြင်တွေ့ရှိသူ တစ်‌ဦးက ပြောသည်။ “ပထမတော့ လှေကားပေါ်ကနေ ပြုတ်ကျသွားတာ၊ မြေပေါ်ကနေပြန်ထပြီး ပြန်လဲကျသွားတာ သုံးခါပြန်ထ သုံးခါပြန်လဲသွားတာ” ဟု ‌မျက်မြင်တွေ့ရှိသူက ပြောသည်။ ယင်းကဲ့သို့ ဓာတ်လိုက်ပြီးနောက် အနီးအနားနေသူတို့မှ မီးရုံးအား ဖုန်းဆက်အကြောင်းကြားခဲ့ရာ မီးခေတ္တ ဖြတ်တောက်ခဲ့ရကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ဓာတ်လိုက်ခံရသည့် အမျိုးသား၏ မျက်လုံးတွင် […]

ထိုင်းတွင် မြန်မာလုပ်သားများပါသောကား အစစ်မခံဘဲထွက်ပြေး၊ ကားတိုက်မှုဖြစ်ကာမီးလောင်ပြီး ၁၃ဦးဖမ်းဆီးခံရ

Dawei Watch

July 4, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါ စီးနင်းလာသည့် ပစ်ကပ်ကားတစ်စီးသည် အစစ်ဆေးမခံဘဲ ထွက်ပြေးရာ ကားတိုက်မှုဖြစ်ပွားပြီး မီးလောင် သွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းနောက် ကားပေါ် လိုက်ပါလာသော မြန်မာနိုင်ငံသား ကားသမားနှင့် မြန်မာအလုပ်သမား ၁၂ ဦးတို့ကို ဖမ်းဆီးရမိကြောင်း ရေးသားထားသည်။ ဇူလိုင်လ ၃ ရက်နေ့တွင် ချွန်ဖော်မြို့အနီးရှိ စစ်ဆေးရေးဂိတ်က ပစ်ကပ်ကားကို ရပ်တန့်စစ်ဆေးခဲ့သော်လည်း အစစ်ဆေးမခံဘဲ အရှိန်မြှင့်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း ဆိုသည်။ အဆိုပါပစ်ကပ်ကားသည် ရွာသားတစ်ဦး၏ ကားအနောက်ပိုင်းကို ဝင်တိုက်ခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ပြီး ကားအရှေ့ပိုင်းတွင် မီးလောင်ကျွမ်းလာခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားတိုက်မှုဖြစ်ပွားသောနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး ယာဉ်မောင်းကို စစ်ဆေးခဲ့ရာ အသက် ၂၄ နှစ်အရွယ် ကိုနိုင်အမည်ရှိသော မြန်မာနိုင်ငံသားဖြစ်နေကြောင်း‌ […]