BREAKING
November 3, 2025

သတင်း

ဘုတ်ပြင်းတွင် တစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

Dawei Watch

July 11, 2023

ဘုတ်ပြင်းမြို့နယ်တွင် တစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ချောင်းမွန်ကျေးရွာအနီး ပြည်ထောင်စုလမ်းတွင် ဇူလိုင်လ ၃ ရက်နေ့က တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့တွင်လည်း ချောင်းကဖက်ရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ အဆိုပါကျေးရွာနှစ်ရွာသည် ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ဘုတ်ပြင်းမြို့အကြားတည်ရှိသည်။ “(ချောင်းကဖက်ရွာဖက်မှာ ဖြစ်သွားတာက မနက်) စောစောကတစ်ကြိမ် ညနေကတစ်ကြိမ်ဖြစ်တယ်။ အိမ်တစ်ဆောင်လည်း မီးရှို့ခံရတယ်လို့ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားစဉ် ချောင်းကဖက်ရွာက ဒေသခံအချို့ စိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းကျေးရွာဖက်သို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက် ထိခိုက်ကျဆုံးမှုရှိသည်ဟုကြားရကြောင်း ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောဆိုသည်။ တိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ လတ်တလောတွင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ဇူလိုင်လ ၃ […]

ပတ္တရားတွင် ဂျာမန်လုပ်ငန်းရှင်တစ်ဦးကို အပိုင်းပိုင်းခုတ်ထစ်ကာ ရေခဲပုံးအတွင်းထည့်ထား

Dawei Watch

July 11, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားတွင် ၆ ရက်ကျော်ကြာပျောက်ဆုံးနေသော ဂျာမန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကို အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ကာ ရေခဲပုံးအတွင်းထည့်ထားသည်ကို ထိုင်းရဲတပ်ဖွဲ့များက စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ယင်းသို့အပိုင်းပိုင်းဖြတ်ထားသည့် အလောင်းကို ယမန်နေ့ (ဇူလိုင် ၁၀) ညသန်းခေါင်အချိန်တွင် ရဲတပ်ဖွဲ့များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နောက်ဆုံးတွေ့ရှိခဲ့သော သေဆုံးသူ၏ မာစီးတီးကားအနီး မီတာ ၄၀၀ ခန့်အကွာ ချွန်ဘူရီခရိုင် ဘန်းလမူဒေသရှိ Chokchai Garden Home Village တစ်ခုတွင် အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အသတ်ခံရသူသည် အသက် ၆၂ နှစ်အရွယ် Hans Peter Ralter Mack အမည်ရှိ ဂျာမန်အိမ်ခြံမြေပွဲစား တစ်ဦးဖြစ်ပြီး ဇူလိုင်လ ၄ ရက်နေ့က မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးသွားသူဖြစ်သည်။ ၎င်းပျောက်ဆုံးမှုအတွက် […]

နဘုလယ်ဒေသကို စစ်ကြောင်းထိုးလာပြီး ပစ်ခတ်သံများကြားသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်

Dawei Watch

July 11, 2023

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ နဘုလယ်ဒေသဘက်ကို ယနေ့ ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတ်တိုက်တွေ့ပြီး တိုက်ပွဲများဖြစ်လာနိုင်ပြီး လေကြောင်းဖြင့် လာရောက် တိုက်ခိုက်မည်ကို စိုးရိမ်၍ ဒေသခံများ ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ကမ်းခါး (ခေါ်) ရှမ်းတံတားဘက်မှာ ပစ်သံကြားတယ်။ (လက်နက်) အကြီးရော၊ အငယ်ရော မိုင်းတွေရောပဲ။ ဟိုတစ်လောတုန်းက ဖြစ်တုန်းကတော့ စစ်တပ်ဘက်က လေယာဉ်နဲ့လာပစ်တယ်။ အခု အဲဒီလိုလာပစ်မှာ စိုးလို့ ရွာသားတွေမရှိတော့ဘူး ရှောင်နေလိုက်ပြီ” ဟု ၎င်းက ပြောသည်။ ထားဝယ်ရေနက်ဆိပ်ကမ်း လမ်းပိုင်းတွင် ရှိသည့် […]

မင်းထိန်ရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ဆုံးရှုံးနိုင်

Dawei Watch

July 10, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခန္ဓာကိုယ်အောက်ပိုင်း ထိခိုက်ဒဏ်ရာရကာ ခြေထောက်တစ်ဖက် ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၉ ရက် နံနက်က မင်းထိန်ရွာ၊ သင်္ချိုင်းဟောင်း ဘောလုံးကွင်းအနီးတွင် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “မြိတ်ဆေးရုံကို တင်ထားတယ်။ ခြေတစ်ဖက် ဖြတ်ပစ်ရမယ်လို့တော့ ကြားရတယ်” ဟု မင်းထိန်ရွာဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ မိုင်းနင်းမိသူမှာ အသက် ၅၀ ကျော်အရွယ်ရှိ ဦးကုလားဗိုင်းဆိုသူ ဖြစ်ကြောင်း မင်းထိန်ရွာ ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောဆိုသည်။ “ဘယ်သူတွေက ထောင်ထားတယ်ဆိုတာက မပြောတတ်ဘူး” ဟု ၎င်းက ပြောသည်။ မင်းထိန်ရွာသည် ပုလောမြို့အနီးတည်ရှိပြီး စစ်ကောင်စီတပ်များက မကြာခဏ ဝင်ထွက်နေထိုင်ကြသလို ပြည်သူ့ကာကွယ်ရေးတပ်များလည်း တစ်ခါတစ်ရံ လာရောက်ကြသည်များလည်း ရှိကြောင်း ဒေသခံများက […]

သရက်ချောင်းတွင် စစ်ဘေးရှောင်တစ်ရာကျော် ကျန်းမာရေးမကောင်းဖြစ်နေ

Dawei Watch

July 10, 2023

သရက်ချောင်းမြို့နယ်က စစ်ဘေးရှောင်တစ်ရာကျော် ကျန်းမာရေးမကောင်းဖြစ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့်အဖွဲ့ထံက သိရသည်။ အဆိုပါမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဇွန်လထဲတွင် စစ်ကြောင်းထိုးဝင်ရောက်သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ကနက်သီရိ၊ ကျွဲမင်းကုန်း၊ ကျောက်ခမောက်စသည့် ကျေးရွာ ခြောက်ရွာခန့်က ဒေသခံအချို့‌နေရပ်ပြန်နိုင်ပြီ ဖြစ်သော်လည်း ရငဲကျေးရွာ မြွေတောင်တွင် စစ်ကောင်စီက တပ်စွဲထားသဖြင့် ရငဲ၊ ဝဲရစ်၊ ကမြိုင်စတဲ့ ကျေးရွာ လေးရွာခန့်က ဒေသခံများမှာ ရွာလုံးကျွတ်နီးပါး နေရပ်မပြန်နိုင်ကြသေးကြောင်း ၎င်းတို့ထံက သိရသည်။ စစ်ဘေးရှောင် တစ်ရာ့နှစ်ဆယ်ခန့် နေထိုင်မကောင်းဖြစ်နေကြပြီး အများစုမှာ ရာသီတုပ်ကွေးပုံစံ ဖျားနာသူများ၊ ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူများ အများဆုံးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ရောဂါကြီးသူတွေကတော့ ထားဝယ်ဘက်ကိုရောက်ကုန်ပြီ။ ကတွဲဘက်မှာတော့ဆိုးဆိုးရွားရွားဖြစ်တဲ့သူ သုံးယောက် ပါလာတယ်။ ဟိုနေ့က ကားနဲ့ သယ်ထုတ်ပေးတာမှာ ခုနစ်ယောက်၊ တစ်ခါတည်းထားဝယ်ကို […]

တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း စစ်ဘေးရှောင်ထပ်တိုးလာသဖြင့် သုံးသောင်းခွဲအထိရောက်ရှိ

Dawei Watch

July 10, 2023

တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ တစ်ထောင်ကျော် ထပ်တိုးလာပြီး စစ်ဘေးရှောင်အရေအတွက် သုံးသောင်းခွဲအထိရှိလာပြီဖြစ်ကြောင်း FE5 Tanintharyi ၏ လစဉ်ထုတ်ပြန်ချက်အရသိရသည်။ FE5 Tanintharyi သည် တနင်္သာရီတိုင်းအတွင်းရှိ ပဋိပက္ခအခြေအနေများ၊ အရပ်သားများအပေါ် ကျူးလွန်မှုများ၊ အရေးကြီးသော လူမှုစီးပွားအဖြစ်အပျက်များနှင့်စစ်ပွဲနှင့် စစ်ဘေးရှောင် အခြေအနေများကို သုတေသနပြုကာ လစဉ်အစီရင်ခံစာ ထုတ်ပြန်နေခြင်းဖြစ်သည်။ တနင်္သာရီတိုင်းတွင် ဇွန်လအတွင်း တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၃၅၀၀၀ ကျော်အထိရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်းအရေအတွက်သည် ဧပြီလနှင့် မေလအတွင်း စစ်ဘေးရှောင် ၃၄၀၀၀ ကျော်သာရှိခဲ့ရာမှ ဇွန်လတွင် ၁၀၀၀ ထပ်တိုးလာခဲ့ခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသော တစ်နှစ်တာ စစ်ဘေးရှောင်များအခြေအနေပြ ဂရပ်အရ သိရသည်။ ဇွန်လတွင် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ၁၀၀၀၀ ကျော်၊ လောင်းလုံးမြို့နယ်တွင် ၅၀၀၀ ကျော်နှင့် ထားဝယ်နှင့် […]

ထိုင်းဝန်ကြီးချုပ်လောင်း Pita က ထိုင်းနိုင်ငံသို့ လာရောက်ဖျော်ဖြေရန် တေလာဆွစ်ဖ်ကိုဖိတ်ခေါ်

Dawei Watch

July 10, 2023

Move Forward ပါတီခေါင်းဆောင် အပြင် ထိုင်းနိုင်ငံ၏ အလားအလာရှိသော ဝန်ကြီးချုပ်လောင်း ဖြစ်သည့် Pita Limjaroenrat သည် အမေရိကန် ထိပ်သီး တေးဂီတကြယ်ပွင့် တေလာဆွစ်ဖ် ကို ဘန်ကောက်တွင် လာရောက် ဖျော်ဖြေရန် လူမှုကွန်ရက် Twitter မှတဆင့် ဇူလိုင် ၆ရက်နေ့က ရေးသားဖိတ်ကြားခဲ့သည်။ ကမ္ဘာကျော် တေးသံရှင် တေလာဆွစ်ဖ်သည် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရသည်။ ယင်းကို ရည်ရွယ်ရင်း Pita က ထိုင်းနိုင်ငံအနေနှင့် “ဒီမိုကရေစီ အပြည့်အဝဖော်ဆောင်ရေး လမ်းကြောင်းပေါ်သို့ ပြန်ရောက်နေပြီ” ဟု ထည့်သွင်းရေးသားကာ ဖိတ်ခေါ်ခဲ့သည်။ “ထိုင်းပြည်သူတွေက ရွေးကောက်ပွဲကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့ပြီးပါပြီ။ ငါတို့အားလုံးက မင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ မျှော်လင့်နေပါတယ်” ဟု Pita က […]

ချင်းမိုင်တွင် စားသောက်ဆိုင်ပိုင်ရှင် မြန်မာတစ်ဦးနှင့် မြန်မာလုပ်သား ၁၀ဦး ဖမ်းဆီးခံရ

Dawei Watch

July 9, 2023

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စားသောက်ဆိုင် တရားမဝင် ဖွင့်လှစ်ရောင်းချနေသည့် မြန်မာဆိုင်ပိုင်ရှင်တစ်ဦးနှင့် မြန်မာအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးထားကြောင်း ချင်းမိုင် လဝကရုံးက ထုတ်ပြန်ထားသည်။ ချင်းမိုင်မြို့ ချန်ဖူ့အ်ဒေသရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ချင်းမိုင် လဝကရဲတပ်ဖွဲ့များနှင့် အာဏာပိုင်များက ဇူလိုင်လ ၆ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ဆေးစဉ်တွင် ဆိုင်ဖွင့်လှစ်ရောင်းချနေသော မြန်မာဆိုင်ပိုင်ရှင်တစ်ဦးနှင့် တရားမဝင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဆိုသည်။ မြန်မာအလုပ်သမား ၁၀ ဦးတွင် တရားဝင်အထောက်အထားများ မရှိဘဲ မြန်မာဆိုင်ပိုင်ရှင်က အလုပ်ခန့်အပ်ထားခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အလုပ်သမားများသည် ဆိုင်တွင် လုပ်အားခ တစ်လ ဘတ် ၈၀၀၀ ရရှိနေပြီး ဆိုင်ဖွင့်လှစ်နေသည်မှာ တစ်နှစ်ကျော်ကြာ ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဖမ်းဆီးရမိသော […]